၁၃ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကျင်းပစဉ် (ဆင်ဟွာ)
၁၃ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၇ ရက်က နိုင်ငံတကာ လုံခြုံရေးဖိုရမ် ကျင်းပပြီးစီးချိန်၌ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက ဘုံလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် ပူးပေါင်းကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် တက်ရောက်ခဲ့ကြသည့် မြောက်ကိုရီးယား၊ မော်ရီတေးနီးယား၊ ဂါဘွန်နှင့် ဆိုမာလီယာနိုင်ငံတို့မှ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ပေကျင်းမြို့၌ သီးခြားတွေ့ဆုံမှုများအတွင်း တုန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်

အဆိုပါဖိုရမ်အား စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ကာ နိုင်ငံနှင့် ဒေသ၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ တရားဝင်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် လေ့လာသူများ အပါအဝင် ဧည့်သည်တော် ၂,၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

ယနေ့ခေတ် အပြန်အလှန် မှီခိုနေရသော ကမ္ဘာကြီးတွင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလေ၊ ကမ္ဘာကြီးအတွက် ပိုမိုလုံခြုံလေဖြစ်ကြောင်း တုန်က အလေးအနက်ပြောကြားခဲ့ကာ နိုင်ငံတကာ သမာသမတ်ကျမှုနှင့် တရားမျှတမှုတို့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရာတွင်လည်း တရုတ်တပ်မတော်အနေဖြင့် အားဖြည့်ပံ့ပိုးသွားလိုကြောင်း ကတိပြုပြောကြားခဲ့သည်။

"မိမိတို့အနေနဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ လုံခြုံမှုနဲ့ သာယာဝပြောမှုကို အစဉ်အမြဲ ထည့်သွင်းစဉ်းစားပြီး တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိကာ နိုင်ငံတကာ လုံခြုံရေးစနစ် ပိုမိုတရားမျှတပြီး တန်းတူညီမျှရှိလာအောင် လုပ်ဆောင်နေချိန်မှာပဲ ကူးလူးဖလှယ်မှုတွေနဲ့ အပြန်အလှန်သင်ယူမှုတွေကိုလည်း မြှင့်တင်သွားရပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"တည်ငြိမ်မှုဆိုင်ရာ သဘောတူညီချက်များ စုစည်းခြင်းနှင့် လုံခြုံရေးစီမံခန့်ခွဲမှုကို ပူးပေါင်းမြှင့်တင်ခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ယခုနှစ်ဖိုရမ်မှာ ၂၀၀၆ ခုနှစ်တွင် Think Tank အဖွဲ့ချင်း အပြန်အလှန် ကူးလူးဖလှယ်ရေး အလွတ်သ‌ဘော ဆွေးနွေးပွဲအဖြစ် စတင်ကျင်းပခဲ့သော ပေကျင်း ရှန်းဆန်းဖိုရမ်၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်သည်။

ပေကျင်း ရှန်းဆန်းဖိုရမ် တက်ရောက်သူများက ဗဟုဝင်ရိုးကမ္ဘာဆီသို့ လားရာနှင့် နိုင်ငံတကာစည်းစနစ်၊ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးနှင့် မဟာဗျူဟာပိုင်းတည်ငြိမ်မှု၊ ပင်လယ်ရေလမ်းကြောင်း လုံခြုံရေးနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးစီမံခန့်ခွဲမှု၊ ထွန်းသစ်စနည်းပညာများအား စစ်ရေးအရအသုံးချမှုနှင့် စပ်လျဉ်းသော အန္တရာယ်များနှင့် စည်းမျဉ်းများအပါအဝင် ကိစ္စရပ်အများအပြားကို အလေးအနက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါဖိုရမ်၌ အလေးထားဆွေးနွေးခဲ့သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒသည် နိုင်ငံများစွာအား လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကို ပုံဖော်ရာတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခွင့်ရရှိစေသကဲ့သို့ ပိုမိုကျယ်ပြန့်သော လုံခြုံရေးအရ ဂရုပြုစရာများကိုလည်း ထည့်သွင်းစဉ်းစားထားသဖြင့် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) နှင့် ကိုက်ညီသည်ဟု တက်ရောက်သူအများစုက ယုံကြည်လျက်ရှိသည်။

GGI သည် အချုပ်အခြာအာဏာ တန်းတူညီမျှရှိမှုကို လက်ကိုင်ပြုရေး၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုကို လိုက်နာရေး၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကျင့်သုံးရေး၊ ပြည်သူ့ဗဟိုပြုသော ချဉ်းကပ်မှုကို အားပေးထောက်ခံရေး၊ လက်တွေ့လုပ်ဆောင်ချက်များကို အလေးထားဆောင်ရွက်ရေးဟူသော အခြေခံမူကြီး ငါးရပ်အပေါ် အခြေခံသည်ဟု လစ္စဘွန်းမြို့ရှိ Universidade Autonoma တက္ကသိုလ်မှ သုတေသီနှင့် ပေါ်တူဂီ အငြိမ်းစားစစ်ဗိုလ်ချုပ်ဖြစ်သူ ကားလို့စ် ဘရန်ကိုက ပြောကြားခဲ့သည်။ (Xinhua)

..................................

(English Version)

China urges joint efforts to address security challenges as int'l forum closes

BEIJING, Sept. 17 (Xinhua) -- Chinese Minister of National Defense Dong Jun called for joint efforts to address common security challenges as an international security forum concluded on Thursday.

Dong made the remarks during separate meetings in Beijing with defense officials from the Democratic People's Republic of Korea, Mauritania, Gabon and Somalia, who attended the 13th Beijing Xiangshan Forum.

Nearly 2,000 official representatives, scholars and observers from more than 100 countries, regions and international organizations gathered from Tuesday to Thursday for the forum.

Dong stressed that in the current interdependent world, the deeper cooperation among countries, the safer the world will be, pledging that the Chinese military is willing to contribute to safeguarding international fairness and justice, as well as global peace and stability.

"We should bear in mind the security and well-being of all humanity, respect one another, and enhance exchanges and mutual learning, while working to make the international security order more just and equitable," he noted.

Themed "Build Consensus on Stability, Advance Security Governance Together," this year's forum marks the 20th anniversary of the Beijing Xiangshan Forum, which was launched in 2006 as a "track-two" think-tank exchange.

The participants held in-depth discussions on a range of issues, including the trend toward a multipolar world and the international order, major-country relations and strategic stability, sea lane security and maritime security governance, and risks and regulation surrounding the military application of emerging technologies.

Many participants believed multilateralism, which the forum has emphasized, gives more countries a greater role in shaping security governance while taking broader security concerns into account, aligning with the Global Governance Initiative (GGI) proposed by China in 2025.

Carlos Branco, a researcher at Universidade Autonoma in Lisbon and a retired major general of Portugal, said the GGI rests on five principles: adhering to sovereign equality, abiding by international rule of law, practicing multilateralism, advocating the people-centered approach, and focusing on taking real actions.

Photo caption: This photo taken on Sept. 16, 2026 shows a scene at the opening ceremony of the 13th Beijing Xiangshan Forum in Beijing, capital of China. (Photo by Han Qiyang/Xinhua)