တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ မြို့ပြရှုခင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ မြို့ပြရှုခင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

“ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအညွှန်းကိန်း” အစီရင်ခံစာ ထုတ်ပြန်မှုတွင် ဟောင်ကောင်က ကမ္ဘာ့တတိယ၊ အာရှပစိဖိတ်ဒေသ ပထမ နေရာ၌ ဆက်လက်ရပ်တည်နေမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက “တစ်နိုင်ငံ စနစ်နှစ်မျိုး” အောက်တွင် ဟောင်ကောင် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး နိုင်ငံတကာဘဏ္ဍာရေး၊ ရေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေးဗဟိုချက် အနေအထားကို ဆက်လက်ခိုင်မြဲစေလျက်ရှိကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဗြိတိန်နိုင်ငံ Think Tank နှင့် တရုတ် (ဆန်းကျန့်) အထွေထွေဖွံ့ဖြိုးတိုးတက်မှု အင်စတီကျုတို့က စက်တင်ဘာ ၁၆ ရက်တွင် အကြိမ် ၄၀ မြောက် “ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအညွှန်းကိန်း” အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ဟောင်ကောင်က ကမ္ဘာ့တတိယ၊ အာရှပစိဖိတ်ဒေသ ပထမ နေရာ၌ ဆက်လက်ရပ်တည်နေကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

ကောကျားခွန်းက “တစ်နိုင်ငံ စနစ်နှစ်မျိုး” အောက်တွင် ဟောင်ကောင် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး နိုင်ငံတကာဘဏ္ဍာရေး၊ ရေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေးစင်တာ အဆင့်အတန်းကို ဆက်လက်ခိုင်မြဲစေလျက်ရှိကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် ဟောင်ကောင် စတော့ရှယ်ယာဈေးကွက် IPO ဘဏ္ဍာရေး အရင်းအနှီးထည့်ဝင်မှု ပမာဏသည် ဟောင်ကောင်ဒေါ်လာ ၂၀၃.၃ ဘီလီယံအထိရှိပြီး ကမ္ဘာ့ဒုတိယနေရာ၌ ရပ်တည်နေကြောင်း ပြောကြားခဲ့သည်။

“သက်ဆိုင်ရာ အစီရင်ခံစာက ဟောင်ကောင်ရဲ့ နိုင်ငံတကာဘဏ္ဍာရေးဗဟိုချက်အဖြစ် အားကောင်းသော ဆွဲဆောင်မှုအား၊ သက်ရောက်မှုအားနဲ့ ယှဉ်ပြိုင်မှုအားကို နောက်ထပ်တစ်ကြိမ် အပြည့်အဝ အသိအမှတ်ပြုလိုက်ပါတယ်။ ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ဟောင်ကောင်ရဲ့ တစ်မူထူးခြားတဲ့အနေအထားနဲ့ အားသာချက်အပြင် ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်အလားအလာအပေါ် နောက်ထပ်ယုံကြည်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

中国外交部:在“一国两制”下,香港经济蓬勃发展

新华社北京9月17日电(记者董雪、马卓言)就《全球金融中心指数》报告发布,香港继续蝉联全球第三、亚太区第一,中国外交部发言人郭嘉昆17日表示,在“一国两制”下,香港经济蓬勃发展,国际金融、航运、贸易中心地位持续巩固。  

当日例行记者会上,有记者问:9月16日,英国智库与中国(深圳)综合开发研究院联合发布第40期《全球金融中心指数》报告,香港继续蝉联全球第三、亚太区第一。请问外交部对此有何评论?  

郭嘉昆说,在“一国两制”下,香港经济蓬勃发展,国际金融、航运、贸易中心地位持续巩固。今年上半年,港股市场IPO融资额高达2033亿港元,位居全球第二。  

“有关报告又一次充分肯定香港作为国际金融中心的强劲吸引力、影响力和竞争力。这是国际社会对香港独特地位和优势以及‘一国两制’发展前景投下的又一张信任票。”郭嘉昆说。(完)

图说:这是2025年2月1日拍摄的香港城市风光。新华社记者 陈铎 摄