
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနှင့် စက်တင်ဘာ ၁၇ ရက်တွင် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ အဆင့်မြင့်အလွှာ ဆက်ဆံရေးနှင့်စပ်လျဉ်း၍ အဓိကထား နက်ရှိုင်းစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဝမ်ရိက ယခုကာလများအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် နှစ်နိုင်ငံအကြီးအကဲများ အတည်ပြုထားသော အပြုသဘောဆောင်သည့် မဟာဗျူဟာမြောက် တည်ငြိမ်သော လမ်းကြောင်းပေါ်တွင် ရှေ့ဆက်လျက်ရှိရာ ယင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်လင့်ချက်များကို တုံ့ပြန်နိုင်ရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။
နိုင်ငံအကြီးအကဲများ၏ သံတမန်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ တည်ငြိမ်မှုကျောက်ဆူးဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အကျိုးရှိမှု ဟူသော စိတ်ဓာတ်ကို လက်ကိုင်ထားကာ လာမည့်အဆင့်တွင် အဆင့်မြင့်ဆက်ဆံရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန်၊ ဆက်သွယ်ရေးကို အားကောင်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ သဘောထားကွဲလွဲမှုများကို စီမံထိန်းချုပ်ရန်၊ အချင်းချင်း၏ ပင်မအကျိုးစီးပွားများကို လေးစားရန်နှင့် တရုတ်-အမေရိကန် နှစ်နိုင်ငံက အပြုသဘောဆောင်သည့် မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲမြှင့်တင်ရန် အားထုတ်ဆောင်ရွက်သော အပြုသဘောဆောင်သည့် သတင်းစကားကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေ စသည့် အရေးကိစ္စများနှင့်စပ်လျဉ်း၍လည်း အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
王毅同美国国务卿鲁比奥通电话
新华社北京9月17日电 中共中央政治局委员、外交部长王毅17日同美国国务卿鲁比奥通电话,双方着重就两国高层交往进行了深入讨论。
王毅表示,一段时间来,中美关系总体沿着两国元首确定的建设性战略稳定轨道前行,这有利于回应国际社会的期待。王毅强调,元首外交是中美关系的定盘星。双方要本着平等、尊重、互惠的精神,筹备好下阶段高层交往,加强沟通、推进合作、管控分歧,尊重彼此核心利益,发出中美致力于推进建设性战略稳定关系、共促世界和平与发展的正面信息。
双方还就中东局势等问题交换了意见。(完)
图说:7月22日,中共中央政治局委员、外交部长王毅在马尼拉会见美国国务卿鲁比奥。 新华社记者 李萌 摄








