
ချင်းသောင်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ပင်လယ်သမုဒ္ဒရာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို စက်တင်ဘာ ၁၇ ရက်က တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် ဖွင့်လှစ်ခဲ့ရာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဟူချွမ်းဟွာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ဟူချွမ်းဟွာက သမ္မတ ရှီကျင့်ဖိန်သည် ပင်လယ်သမုဒ္ဒရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားပြီး တရုတ်နိုင်ငံ၏ ပင်လယ်ကဏ္ဍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေအနေသစ်များ စဉ်ဆက်မပြတ် ဦးဆောင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် ပင်လယ်သမုဒ္ဒရာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ အရေးကြီးအယူအဆသည် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲမှုအတွက် တရုတ်နိုင်ငံ၏ အဆိုပြချက်နှင့် နည်းလမ်းများကို ပံ့ပိုးပေးခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် ပင်လယ်သမုဒ္ဒရာကဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေပြီး ပင်လယ်သမုဒ္ဒရာကဏ္ဍ စီးပွားရေး သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဟူချွမ်းဟွာက ပြောကြားခဲ့သည်။
ပင်လယ်သမုဒ္ဒရာသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် အရေးပါသော နယ်မြေတစ်ခုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ပင်လယ်သမုဒ္ဒရာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအယူအဆကို လက်ကိုင်ထားကာ နိုင်ငံအသီးသီးနှင့်အတူ ခေတ်မီပင်လယ်သမုဒ္ဒရာ စက်မှုလုပ်ငန်းစနစ် တည်ဆောက်ရေး၊ ပင်လယ်သမုဒ္ဒရာကဏ္ဍ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆန်းသစ်တီထွင်မှု နက်ရှိုင်းစေရေး၊ ပင်လယ်သမုဒ္ဒရာ ဂေဟစနစ်လုံခြုံရေး အကာအကွယ်ကို ခိုင်မာစေရေး၊ ပင်လယ်သမုဒ္ဒရာယဉ်ကျေးမှု အပြန်အလှန်ဖလှယ်မှုနှင့် လေ့လာသင်ယူမှု တိုးမြှင့်ရေး၊ ပင်လယ်သမုဒ္ဒရာစည်းစနစ် ငြိမ်းချမ်းတည်ငြိမ်စေမှု ကာကွယ်ထိန်းသိမ်းရေးတို့ကို လက်တွဲဆောင်ရွက်ကာ ခေတ်သစ် ပင်လယ်သမုဒ္ဒရာရေးရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းစေရေးကို အတူတကွ တွန်းအားပေးရန်နှင့် ကမ္ဘာ့ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
2026海洋合作发展论坛在青岛开幕
新华社青岛9月17日电 2026海洋合作发展论坛17日在山东青岛开幕,全国政协副主席胡春华出席开幕式并致辞。
胡春华指出,习近平主席高度重视海洋事业发展,引领中国海洋经济发展不断开创新局面。习近平主席提出构建海洋命运共同体重要理念,为全球海洋治理提供了中国主张、中国方案。
胡春华表示,近年来,中国不断深化海洋领域国际合作,致力于共促海洋经济繁荣、实现可持续发展。海洋是高质量发展战略要地。中方愿秉持构建海洋命运共同体理念,同各国携手构建现代海洋产业体系、深化海洋科技联合创新、筑牢海洋生态安全屏障、增进海洋文化交流互鉴、维护海洋秩序安澜稳定,共同推动新时代海洋事业发展迈向新阶段,更好惠及世界人民。(完)
图说1:9月17日拍摄的2026海洋合作发展论坛现场。新华社记者 李紫恒 摄
图说2:9月17日,嘉宾共同启动“海洋十年”海洋公益行动全球倡议灯塔。新华社记者 李紫恒 摄








