တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဘရာဇီးနိုင်ငံ သမ္မတ အထူးအကြံပေးပုဂ္ဂိုလ် Celso Amorim ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဘရာဇီးနိုင်ငံ သမ္မတ အထူးအကြံပေးပုဂ္ဂိုလ် Celso Amorim ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဘရာဇီးနိုင်ငံ သမ္မတ အထူးအကြံပေးပုဂ္ဂိုလ် Celso Amorim တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက ဘရာဇီးသမ္မတ လူလာထံ သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-ဘရာဇီး ဆက်ဆံရေးသည် လတ်တလောနှစ်များအတွင်း ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှ အေးအတူပူအမျှ အသိုက်အဝန်း အထိ ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ ကမ္ဘာလုံးဆိုင်ရာအသွင်၊ မဟာဗျူဟာအသွင်၊ ရေရှည်အသွင် အနေအထားသည် ပိုမိုသိသာထင်ရှားလာပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံကြီးများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် ဘရာဇီးသည် အရှေ့နှင့် အနောက်ကမ္ဘာခြမ်း နှစ်ဖက်တွင် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သည့်အလျောက် မဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ခြင်း၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းတို့ မဖြစ်မနေဆောင်ရွက်ကာ ပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာကြီးအတွက် တည်ငြိမ်မှုများ ဖြည့်တင်းပေးပြီး လူသားမျိုးနွယ် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်မှုအသစ်များ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးက ကမ္ဘာ့ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် ပါဝင်ရန် ဆုံးဖြတ်မှုကို တန်ဖိုးထားချီးကျူးကြောင်း၊ ဘရာဇီးနှင့် အတူပူးပေါင်း၍ AI ၏ ဖွံ့ဖြိုးမှုကို တိုးတက် ကောင်းမွန်လာစေရန်၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်ရန်၊ လူသားမျိုးနွယ်အား အကျိုးပြုရန် တွန်းအားပေးလိုကြောင်း၊ တရုတ်-ဘရာဇီးသည် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေပြီး အားသာချက်ဖြင့် အပြန်အလှန်ဖြည့်ဆည်းပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို အကောင်အထည်ဖော်၍ ကိုယ်စီ၏ ဖွံ့ဖြိုးတိုးတက်ရှင်သန်အားကောင်းမှုကို အားဖြည့်ပေးသင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

နှစ်ဖက်က အရေးကြီး နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် စပ်လျဉ်း၍ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှု၏ဘက်တွင် ဆက်လက်ရပ်တည်၍ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ မီးရှူးတန်ဆောင်ကို အတူတကွ မြင့်မားစွာ ကိုင်မြှောက်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းကို ဦးဆောင်ကာ မိမိကိုယ်ကိုယ် အင်အားတောင့်တင်းလာမှုကို ပူးတွဲ၍ အကောင်အထည်ဖော်ဆောင်သင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Celso Amorim က သမ္မတ ရှီကျင့်ဖိန်အား သမ္မတ လူလာ၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်သမှုကို တစ်ဆင့်ပြောကြားခဲ့ပြီး ဘရာဇီးနှင့် တရုတ်တို့သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံကြီးများ ဖြစ်ကြသလို ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုအတွက် လက်တွေ့အကျိုးထမ်းဆောင်ပေးနိုင်သည့် နိုင်ငံများလည်း ဖြစ်ကြကြောင်း ဆိုခဲ့သည်။

လက်ရှိပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေအောက်တွင် ဘရာဇီး-တရုတ် ဆက်ဆံရေးသည် နှစ်ဖက်အတိုင်းအတာထက် ကျော်လွန်၍ ပိုမိုအရေးပါသော အနက်အဓိပ္ပာယ်ရှိလာကြောင်း၊ နှစ်ဖက်အနေဖြင့် BRICS စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက် အတူတကွအကျိုးထမ်းဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်၍ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး ပိုမိုတရားမျှတသော ကမ္ဘာကြီးနှင့် စဉ်ဆက်မပြတ်ဖြစ်သော ကမ္ဘာမြေကြီး၏ ဘရာဇီး-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် အနှစ်သာရအသစ်များ အဆက်မပြတ်ဖြည့်တင်းပေးသွားလိုကြောင်း ၎င်းက ဆိုခဲ့သည်။

နှစ်ဖက်က ယူကရိန်း အကျပ်အတည်း၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်း အခြေအနေ စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်း သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

王毅会见巴西总统首席特别顾问阿莫林

新华社北京9月16日电(记者伍岳)中共中央政治局委员、中央外办主任王毅在北京会见巴西总统首席特别顾问阿莫林。  

王毅转达习近平主席对卢拉总统的亲切问候,表示在两国元首战略引领下,中巴关系近年来实现从全面战略伙伴到命运共同体的跨越式发展,两国关系的全球性、战略性、长远性更加凸显,成为全球南方大国团结合作的典范。中巴作为东西两半球最大发展中国家,有必要加强战略沟通,深化战略合作,共同为变乱交织的世界注入稳定性,为人类和平发展作出新贡献。  

王毅说,中方赞赏巴西决定加入世界人工智能合作组织,愿同巴西合作,推动人工智能的发展向上向善、普惠包容、造福人类。中巴应持续深化各领域合作,实现优势互补,合作共赢,助力各自的发展振兴。双方还应就重大国际和地区问题加强战略协作,继续站在国际公平正义一边,共同高举多边主义火炬,带领全球南方实现联合自强。  

阿莫林转达卢拉总统对习近平主席的诚挚问候,表示巴中都是全球南方大国,也都是可以切实为世界和平稳定作出贡献的国家。在当前变乱交织的国际形势下,巴中关系超越双边范畴,具有愈发重要的意义。双方应加强在金砖国家等多边平台的沟通协作,共同为推动世界和平发展作出贡献。巴方愿同中方一道,落实好两国元首共识,推进各领域务实合作,不断为构建更公正世界和更可持续星球的巴中命运共同体注入新的内涵。  

双方还就乌克兰危机、拉美和中东局势等问题深入交换了意见。(完)

图说:9月16日,中共中央政治局委员、中央外办主任王毅在北京会见巴西总统首席特别顾问阿莫林。 新华社记者 翟健岚 摄