တရုတ်နိုင်ငံ ကျီးလီမြို့နယ် ဝူဖူကျေးရွာရှိ ပုယဉ် ကော်ဖီဆိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဥယျာဉ်နယ်မြေအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျီးလီမြို့နယ် ဝူဖူကျေးရွာရှိ ပုယဉ် ကော်ဖီဆိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဥယျာဉ်နယ်မြေအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူကျိုး၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ထိုက်ဟူ ရေသွယ်မြောင်း ယဉ်ကျေးမှုခရီးသွားကဏ္ဍ စီမံကိန်းများ စုပေါင်းလက်မှတ်ရေးထိုးပွဲနှင့် မိတ်ဆက်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ဟူကျိုးမြို့၊ ဝူရှင်းခရိုင်၊ ကျီးလီမြို့နယ်၌ စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ရာ လက်တွေ့ခံစားမှုပေးစွမ်းနိုင်ပြီး လူငယ်အကြိုက် ဆန်းသစ်ထားသော ကျေးလက်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စီမံကိန်းအများအပြားကို စုပေါင်း စာချုပ်လက်မှတ်ရေးထိုးဖော်ဆောင်နိုင်ပြီး တစ်ချိန်တည်းတွင်ပင် မြို့ပြနေပြည်သူများနှင့် ခရီးသွားဧည့်သည် အမြောက်အမြားကိုလည်း လာရောက်လည်ပတ် ဓာတ်ပုံရိုက်ကူးကြရန် ဆွဲဆောင်နိုင်ခဲ့သည်။

လတ်တလောနှစ်များအတွင်း ကျဲ့ကျန်းပြည်နယ်၊ ဟူကျိုးမြို့၊ ဝူရှင်းခရိုင်၊ ကျီးလီမြို့နယ်သည် စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကဏ္ဍပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် နက်နက်ရှိုင်းရှိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ရှေးဟောင်းနေအိမ်များ၊ စက်ရုံဟောင်းများနှင့် လစ်လပ်မြေနေရာများကို ပြန်လည်အသုံးချ၍ ကန်ဘောင်ကော်ဖီဆိုင်၊ ပြင်ပစွန့်စားအားကစား၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တီထွင်ဖန်တီးမှုနှင့် မိသားစုအနုပညာ စသည့် ယဉ်ကျေးမှုခရီးသွားကဏ္ဍ စီမံကိန်းပေါင်း ၃၀ ကျော်ကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံစေခဲ့ရာ လစ်လပ်နေရာများကို "သေးငယ်သော်လည်း သာယာလှပ" သည့် ခရီးသွားလုပ်ငန်း စားသုံးမှုနေရာများအဖြစ် ပြောင်းလဲဖန်တီးခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

浙江湖州:太湖溇港焕新生 乡村文旅新亮点

  9月16日,浙江省湖州市吴兴区织里镇举行太湖新溇港文旅项目集中签约及推介活动,一批沉浸式、年轻化的乡村文旅项目集中签约落地,同时也吸引了大批市民、游客前来体验打卡。

近年来,浙江省湖州市吴兴区织里镇持续深耕农文旅融合发展,盘活古民居、老旧厂房、闲置地块,定向招引湖畔咖啡、户外竞技、非遗文创、亲子艺术等各类文旅项目共30余项,推动闲置空间转化为“小而美”的文旅消费场景。

图说 1 : 这是织里镇伍浦村的不饮咖啡馆及周边农文旅园区(无人机照片,9月16日摄)。新华社记者 徐昱 摄影报道

图说 2 :9月16日,游客在织里镇伍浦村的不饮咖啡馆的体验区内挑选用咖啡豆和咖啡渣加工而成的香包、香皂等衍生产品。新华社记者 徐昱 摄影报道