တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ကျန်ဇီမင်း၏ ရာပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တက်ရောက်၍ အရေးကြီးအမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ကျန်ဇီမင်း၏ ရာပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တက်ရောက်၍ အရေးကြီးအမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု မြှင့်တင်ဖော်ဆောင်ခြင်းကို ခိုင်ခိုင်မာမာ အားဖြည့်ထောက်ကူနိုင်ရေးအတွက် အဆင့်မြင့်ကုန်ထုတ်လုပ်မှုကဏ္ဍ ချဲ့ထွင်ရေးနှင့် ပိုမိုအားကောင်းစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းပြောကြားခဲ့သည်။

ပေကျင်းမြို့၌ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပသော နိုင်ငံအဆင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ ညီလာခံသို့ ပေးပို့ခဲ့သည့် လတ်တလော လမ်းညွှန်မှာကြားချက်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………….

(English Version)

Xi stresses sustained efforts to expand, strengthen advanced manufacturing

BEIJING, Sept. 17 (Xinhua) -- Chinese President Xi Jinping has urged sustained efforts to expand and strengthen advanced manufacturing to provide strong support for advancing Chinese modernization.

Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks in a recent instruction, which was conveyed at a national conference on advanced manufacturing held in Beijing on Wednesday and Thursday

Photo caption: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, delivers an important speech at a grand gathering to commemorate the birth centenary of late leader Jiang Zemin at the Great Hall of the People in Beijing, capital of China, Aug. 17, 2026. (Xinhua/Li Xiang)