တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ချင်းကျိုးမြို့၌ ကျင်းပသည့် ဖိန်လုတူးမြောင်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ချင်းကျိုးမြို့၌ ကျင်းပသည့် ဖိန်လုတူးမြောင်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်သည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် ချင်းကျိုးမြို့၌ ကျင်းပသည့် ဖိန်လုတူးမြောင်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

တူးမြောင်းဖွင့်လှစ်ခြင်း အခမ်းအနားကို ဖိန်လုတူးမြောင်း မာတောက် အချက်အချာနေရာ၌ ကျင်းပခဲ့ရာ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ အဓိကတာဝန်ရှိ ရဲဘော်များနှင့် စီမံကိန်းတည်ဆောက်သူ ကိုယ်စားလှယ်များက အခမ်းအနားတွင် အမှာစကား ပြောကြားခဲ့ကြသည်။ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် တင်းရွှဲရှန်က ဖိန်လုတူးမြောင်း စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီး သင်္ဘောများက ဥဩဆွဲကာ စတင်ခုတ်မောင်းခဲ့ကြသည်။

တင်းရွှဲရှန်သည် တူးမြောင်းတည်ဆောက်မှု အခြေအနေအား လက်တွေ့သွားရောက် လေ့လာကြည့်ရှုရာ၌ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဖိန်လုတူးမြောင်း တည်ဆောက်မှုကို များစွာအလေးထားကာ အရေးကြီးလမ်းညွှန်မှာကြားချက်များ အကြိမ်များစွာ ပေးအပ်ခဲ့ကြောင်း၊ ဖိန်လုတူးမြောင်းအား စံနှုန်းမြင့်၊ အရည်အသွေးမြင့်မားစွာ တည်ဆောက်ရန်၊ အရည်အသွေးကောင်းမွန်သော စီမံကိန်း၊ စိမ်းလန်းသောစီမံကိန်း၊ အဂတိကင်းစင်သော စီမံကိန်းအဖြစ် တည်ဆောက်ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

၄ နှစ်ကြာ ခက်ခဲကြမ်းတမ်းစွာ ကြိုးပမ်းပြီးနောက် ဖိန်လုတူးမြောင်းကို အဆင်ပြေချောမွေ့စွာ တည်ဆောက်ပြီးစီး၍ စတင်ပြေးဆွဲခြင်းသည် ပါတီဗဟိုကော်မတီ၏ စေတနာအရင်းခံ မျှော်လင့်ချက်များကို သယ်ဆောင်ထားသလို သက်ဆိုင်ရာဘက်အသီးသီးနှင့် ပြည်သူလူထု၏ အင်တိုက်အားတိုက် ပံ့ပိုးပေးမှုကြောင့် ဖြစ်ထွန်းလာခြင်းဖြစ်ပြီး တည်ဆောက်သူများ၏ ခဲရာခဲဆစ် ကြိုးပမ်းမှုများကို စုစည်းထားကြောင်း၊ တူးမြောင်းတည်ဆောက်ပြီးစီး၍ စတင်ဖွင့်လှစ်ခြင်းကို အခါအခွင့်အဖြစ် ထားရှိကာ ပေပုပင်လယ်ကွေ့အား နိုင်ငံတကာ ပြတင်းပေါက်ဆိပ်ကမ်းအဖြစ် အဆင့်မြင့်တည်ဆောက်ပြီး တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ တိုးချဲ့တံခါးဖွင့်လှစ်မှုကို တွန်းအားပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းအသစ်အဖြစ် တည်ဆောက်မှုအတွက် ပိုမိုကြီးမားစွာ အကျိုးထမ်းဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တင်းရွှဲရှန်က သင်္ဘောပေါ်သို့ တက်ရောက်၍ တူးမြောင်းရေကြောင်းလမ်း အသုံးပြုမှု၊ ကမ်းရိုးတန်းတစ်လျှောက် ဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှု စသည့် အခြေအနေများကိုလည်း လှည့်လည်လေ့လာကြည့်ရှုခဲ့သည်။

မြစ်ချောင်း၊ ရထားလမ်း၊ ရေကြောင်းလမ်း ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေးအတွက် အရေးကြီး အခြေခံအဆောက်အဦအနေဖြင့် ဖိန်လုတူးမြောင်းသည် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်းသစ်၏ အဓိကစီမံကိန်းဖြစ်ကြောင်း၊ လည်ပတ်စီမံခန့်ခွဲမှုကို ကောင်းမွန်စွာ ဆောင်ရွက်၍ လည်ပတ်မှုအင်အား အာမခံမှုနှင့် ကုန်ပစ္စည်းအရင်းအမြစ် စီမံမှုကို မြှင့်တင် ဆောင်ရွက်ကာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း စီမံခန့်ခွဲမှု၊ အတွင်းအပြင် ပူးတွဲလုပ်ဆောင်မှု အားသာချက်ကို အပြည့်အဝ အသုံးချရမည်ဖြစ်ကြောင်း၊ အဆိုပါ မြစ်ချောင်းမှ ပင်လယ်အထိပေါက်ရောက်သော ရွှေရောင်ရေကြောင်းလမ်းကို ဘေးကင်းလုံခြုံစွာနှင့် ထိရောက်မှုမြင့်မားစွာ လည်ပတ်နိုင်စေပြီး စီးပွားရေးအကျိုးစီးပွား၊ လူမှုရေး အကျိုးစီးပွား၊ ဂေဟစနစ် အကျိုးစီးပွားတို့အား ကောင်းမွန်စွာ ပေါင်းစည်းမှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။

ဖိန်လုတူးမြောင်းသည် ကွမ်ရှီးဒေသ နန်နင်းမြို့နှင့် ပေပုပင်လယ်ကွေ့အား ချိတ်ဆက်ထားရာ ကွမ်ရှီးဒေသက ပင်လယ်ကိုမျက်နှာမူသည့် အင်အားတောင့်တင်းမှု ဖော်ဆောင်ခြင်း၊ တံခါးဖွင့်လှစ်၍ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းကို အင်တိုက်အားတိုက် ပံ့ပိုးပေးပြီး တရုတ်နိုင်ငံနှင့် အာဆီယံ အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ရေး၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးအတွက် စွမ်းအင်သစ်များ ဖြည့်တင်းပေးလျက်ရှိပေသည်။ (Xinhua)

---------------------

(Chinese Version)

丁薛祥出席平陆运河通航仪式

新华社南宁9月16日电(记者齐中熙、向志强)9月16日上午,中共中央政治局常委、国务院副总理丁薛祥在广西钦州出席平陆运河通航仪式。  

通航仪式在平陆运河马道枢纽举行,广西壮族自治区、交通运输部主要负责同志和工程建设者代表现场发言。10时25分,丁薛祥宣布平陆运河通航,轮船鸣笛启航。  

丁薛祥在实地察看运河建设情况时表示,习近平总书记高度重视平陆运河建设,多次作出重要指示批示,要求高标准、高质量建设平陆运河,打造优质工程、绿色工程、廉洁工程。经过4年艰苦奋战,平陆运河顺利建成通航,承载着党中央的殷切期望,得益于各有关方面和人民群众的大力支持,凝聚了广大建设者的辛勤汗水。要以运河建成通航为契机,高水平打造北部湾国际门户港,推动西部地区扩大开放,为构建新发展格局作出更大贡献。  

丁薛祥还登船巡航考察运河航道运行、沿岸生态环境保护等情况。他指出,平陆运河作为江铁海多式联运的重大基础设施,是西部陆海新通道的骨干工程。要做好运营管理,加强运力保障和货源组织,充分发挥陆海统筹、内外联动优势,让这条通江达海的黄金水道安全高效运行,实现经济效益、社会效益、生态效益有机统一。  

平陆运河连接广西南宁和北部湾,有力支持广西向海图强、开放发展,为中国和东盟加强互联互通、高质量共建“一带一路”注入新动能。(完)

图说1:9月16日上午,中共中央政治局常委、国务院副总理丁薛祥在广西钦州出席平陆运河通航仪式。 新华社记者 刘卫兵 摄

图说2:这是9月16日拍摄的平陆运河马道枢纽。新华社记者 刘卫兵 摄