တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆုန်းမင်ခရိုင် တုန်းချွမ်းရပ်ကွက်၌ livestream လွှင့်ကာ ထုတ်ကုန်များ မိတ်ဆက်ကြော်ငြာနေသူတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆုန်းမင်ခရိုင် တုန်းချွမ်းရပ်ကွက်၌ livestream လွှင့်ကာ ထုတ်ကုန်များ မိတ်ဆက်ကြော်ငြာနေသူတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အလုပ်အကိုင် အုပ်စုသစ်များသည် တရုတ်နိုင်ငံ၏ အလုပ်အကိုင်စျေးကွက်တွင် ပိုမိုအရေးပါသော အင်အားစု ဖြစ်လာသည်နှင့်အမျှ ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ခိုင်မာအားကောင်းစေရန် နိုင်ငံတော်အနေဖြင့် အစီအမံများစွာ ချမှတ်ဆောင်ရွက်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

အလုပ်အကိုင် ပုံစံသစ်များဆိုသည်မှာ အိမ်တိုင်ရာရောက် အစားအသောက်ပို့ဆောင်သူများ၊ အပလီကေးရှင်းမှတစ်ဆင့် ခေါ်ယူနိုင်သည့် အငှားယာဉ်မောင်းများ၊ အွန်လိုင်းပေါ်မှ စျေးကွက်ရှာဖွေမြှင့်တင်သူများ၊ livestream လွှင့်ကာ ကုန်ပစ္စည်းမိတ်ဆက်ကြော်ငြာသူများ၊ အွန်လိုင်း အိမ်အကူဝန်ဆောင်မှုပေးသူများကဲ့သို့သော အင်တာနက် ပလက်ဖောင်းများ ထွန်းကားလာမှုနှင့်အတူ ပေါ်ပေါက်လာသည့် အလုပ်အကိုင်များကို ရည်ညွှန်းခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ အလုပ်သမားနှင့် လူမှုလုံခြုံရေးဆိုင်ရာအကယ်ဒမီမှ သုတေသနပညာရှင် ဟွမ်ခွန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အဆိုပါလုပ်သားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးကို များစွာအလေးထားကာ ယင်းကိစ္စရပ်နှင့် ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုများ ဖြစ်ထွန်းခဲ့သည်ဟု ဟွမ်က ဆိုသည်။

အလုပ်အကိုင် အုပ်စုသစ်များသည် ၎င်းတို့၏ အလုပ်အတွက် အင်တာနက် ပလက်ဖောင်းများအား အမှီပြုနေရခြင်းကြောင့် လုပ်သားများ၏ တရားဝင်အခွင့်အရေးများကို ချိုးဖောက်နိုင်သည့် ပလက်ဖောင်း လည်ပတ်လုပ်ကိုင်သူများ၏ အယ်လ်ဂိုရစ်သမ် စည်းမျဉ်းများကို ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသူများက အရှိန်မြှင့် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်ဟုလည်း ဟွမ်က ပြောသည်။

ထိုကိစ္စရပ်များကို ဖြေရှင်းရန် အထူးလှုပ်ရှားမှု အစီအစဉ်များ စတင်ခဲ့ကာ ပြဿနာများအား သေချာစွာ စစ်ဆေးပြုပြင်ရန်၊ အလုပ်သမားစည်းမျဉ်းများ ပိုမိုကောင်းမွန်ပြည့်စုံစေရန်၊ အယ်လ်ဂိုရစ်သမ်များကို ပိုမိုသင့်တင့်မျှတမှုရှိစေရန် အဓိက အွန်လိုင်းပလက်ဖောင်း ကုမ္ပဏီများအား တွန်းအားပေးလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ အထွေထွေရေးရာရုံးများက အလုပ်အကိုင် အုပ်စုသစ်များအတွက် ဝန်ဆောင်မှုများ မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်တစ်ရပ်ကို ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။ အင်တာနက် ပလက်ဖောင်းများက အယ်လ်ဂိုရစ်သမ်များကို ထိန်းသိမ်းကြပ်မတ်ရန်၊ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်၊ အယ်လ်ဂိုရစ်သမ် စည်းမျဉ်းများနှင့် ပတ်သက်၍ လုပ်သားများ၏ သိရှိပိုင်ခွင့်၊ ပါဝင်ပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်တို့ကို ကာကွယ်ရန် ယင်းထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

ထို့ပြင် ပလက်ဖောင်းများအနေဖြင့် အော်ဒါခွဲဝေမှု၊ စျေးနှုန်းသတ်မှတ်မှုနှင့် ပို့ဆောင်ချိန် ခန့်မှန်းခြင်းဆိုင်ရာ စည်းမျဉ်းများကို ချိန်ညှိရာတွင် အလုပ်သမားသမဂ္ဂများနှင့် လုပ်သားကိုယ်စားလှယ်များ၏ အမြင်များကို နားထောင်ရန် လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။

အာမခံဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေးနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် ဇူလိုင် ၁ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ အလုပ်အကိုင် အုပ်စုသစ်များအတွက် လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ရှေ့ပြေးစမ်းသပ်အစီအစဉ်ကို တိုးချဲ့ဖော်ဆောင်ခဲ့သည်။ ယင်းအစီအစဉ်အရ ပိုမိုများပြားသော လုပ်သားများအနေဖြင့် လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုကို ရရှိမည်ဖြစ်ကြောင်း ဟွမ်က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည့် ယင်းအစီအစဉ်မှာ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်မှု၊ အငှားယာဉ်ခေါ်ယူမှု၊ မြို့တွင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်များမှ အဓိက ပလက်ဖောင်းကုမ္ပဏီများနှင့် အကျုံးဝင်ကာ အော်ဒါတစ်ခုချင်းစီအလိုက် အာမခံပရီမီယံကြေး ကာမိစေရေးအတွက်လည်း သေချာစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260916/402dca4d444a43e899d61d5bc1bcbc98/c.html

.................................

(English Version)

(China Economic Roundtable) China steps up efforts to protect rights, interests of new employment groups

BEIJING, Sept. 16 (Xinhua) -- China has adopted a slew of measures to strengthen the protection of rights and interests of new employment groups as they have become an increasingly vital force in the country's job market, an expert said at the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.

New forms of employment refer to jobs emerging with the rise of internet platforms, such as food delivery couriers, ride-hailing drivers, online marketers, livestreamers and online domestic workers, said Huang Kun, a researcher at the Chinese Academy of Labor and Social Security.

Chinese authorities attach great significance to protecting the rights and interests of these workers and have made marked headway in this regard, according to Huang.

As the new job groups rely on internet platforms for their work, authorities have stepped up efforts to regulate algorithm rules of platform operators that may infringe on workers' lawful rights, according to Huang.

Special campaigns have been launched to tackle these issues. Major platform companies are being pushed to thoroughly check and fix problems, improve their labor rules, and make their algorithms fairer.

In April, the general offices of the Communist Party of China Central Committee and the State Council made public a guideline on enhancing services for new employment groups. The document calls on internet platforms to regulate algorithms, improve transparency, and protect workers' rights to be informed about, participate in and choose algorithm-related rules.

It also requires platforms to hear views from trade unions and worker representatives when adjusting rules on order allocation, pricing and delivery-time estimates.

In terms of optimizing insurance services, China has expanded a pilot occupational injury insurance program for nationwide new employment groups starting July 1 this year. Under this program, more workers will receive occupational injury protection, Huang said.

Launched in July 2022, the program covered major platform companies in delivery, ride-hailing and intra-city freight, ensuring that insurance premiums cover per order.

https://english.news.cn/20260916/402dca4d444a43e899d61d5bc1bcbc98/c.html

Photo caption: A livestreamer works at Dongcun community in Songming County, southwest China's Yunnan Province, March 26, 2026. (Xinhua/Peng Yikai)