တရုတ်နိုင်ငံ ပေကျင်းမြို့ စိုကန်းဥယျာဉ်တွင် ကျင်းပသော ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၌ လာရောက်လေ့လာကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ စိုကန်းဥယျာဉ်တွင် ကျင်းပသော ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၌ လာရောက်လေ့လာကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး အရည်အသွေးမြင့် ဝန်ဆောင်မှုဖြင့် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ကာ “တရုတ်နိုင်ငံ ဝန်ဆောင်မှု” များ နိုင်ငံခြားသို့ ပိုမိုသွားရောက်နိုင်ပြီး တစ်ကမ္ဘာလုံးတွင် ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကို မကြာသေးမီက ပေကျင်းမြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် CIFTIS ပြပွဲ၌ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀၀ နီးပါး လာရောက်ပြသရန် ဆွဲဆောင်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ် မိတ်ဆက်ပြသမှု ရလဒ်များစွာကို တစ်စုတစ်စည်းတည်း ပြသခဲ့ရာ ဘက်အသီးသီး၏ အာရုံစိုက်မှုများ များစွာရရှိခဲ့ကြောင်း၊ CIFTIS ပြပွဲသည် တရုတ်နိုင်ငံက တံခါးဖွင့်လှစ်မှုအား တိုးချဲ့မှုကို စောင့်ကြည့်လေ့လာသည့် ပြတင်းပေါက်ဖြစ်လာပြီဟု သုံးသပ်ကြကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

“‘တရုတ်နိုင်ငံ ဝန်ဆောင်မှု’ က တရုတ်နိုင်ငံ အဆင့်မြင့်ပြည်ပကို တံခါးဖွင့်လှစ်မှုရဲ့ နာမည်ကတ်အသစ် ဖြစ်ပါတယ်” ဟု ကောကျားခွန်း က ဆိုသည်။

ယခုအကြိမ် CIFTIS ပြပွဲတွင် လုပ်ငန်းကုမ္ပဏီပေါင်း ၁၈၃၀ ကျော်ကို အော့ဖ်လိုင်း (offline) မှလည်းကောင်း၊ လုပ်ငန်းကုမ္ပဏီပေါင်း ၅,၃၀၀ ကျော်ကို အွန်လိုင်းမှလည်းကောင်း ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့ရာ ရလဒ်ပေါင်း ၁,၂၀၀ ကျော် ရရှိခဲ့ကြောင်း၊ သတင်းအချက်အလက် ဆက်သွယ်ရေး၊ ဘဏ္ဍာရေး နည်းပညာ၊ ဒစ်ဂျစ်တယ်စမတ် ဆေးကုသမှု၊ စမတ်ပညာရေး၊ စွမ်းအင်ချွေတာမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကဏ္ဍများတွင် နည်းပညာအသစ်၊ နည်းလမ်းအသစ်၊ ရလဒ်အသစ်များစွာ ပြသခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များ ဖန်တီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ဆက်လက်ပြီး အရည်အသွေးမြင့် ဝန်ဆောင်မှုနဲ့ နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုနဲ့ ရလဒ်များ အတူမျှဝေမှုကို တွန်းအားပေးပြီး ‘တရုတ်နိုင်ငံ ဝန်ဆောင်မှု’ ကို နိုင်ငံခြားသို့ ပိုမိုသွားရောက်နိုင်ခြင်း၊ တစ်ကမ္ဘာလုံးမှာ ပိုမိုကောင်းမွန်စွာ အကျိုးပြုခြင်းကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部:将继续让“中国服务”更好惠及全球

新华社北京9月15日电(记者曹嘉玥、赵瀚泽)外交部发言人郭嘉昆15日表示,中国将继续以优质服务链接国际市场,让“中国服务”更多走出国门、更好惠及全球。  

当日例行记者会上,有记者问:2026年中国国际服务贸易交易会日前在北京闭幕。本届服贸会吸引近百个国家和国际组织设展办会,众多首发首秀成果集中亮相,备受各方关注。有评论称,服贸会已成为观察中国扩大开放的窗口,发言人对此有何评论?  

“‘中国服务’是中国高水平对外开放的一张崭新名片。”郭嘉昆说,本届服贸会吸引1830余家企业线下参展,5300余家企业线上参展,达成1200余项成果,在信息通讯、金融科技、数智医疗、智慧教育、节能环保等领域展示了一系列新技术、新方案、新成果,创造了合作新机遇。  

“中国将继续以优质服务链接国际市场,以互利合作推动成果共享,让‘中国服务’更多走出国门、更好惠及全球。”郭嘉昆说。(完)

图说:9月12日,人们在北京首钢园参观2026年中国国际服务贸易交易会。新华社记者 郑焕松 摄