
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၅ ရက်တွင် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံနှင့် အာဆီယံသည် မကြာခဏ ကူးလူးဆက်ဆံသည့် အိမ်နီးချင်းကောင်းများဖြစ်သလို တစ်ဦးကိုတစ်ဦး ယုံကြည်၍ အပြန်အလှန်ကူညီပံ့ပိုးပေးသည့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဆီယံကို အလွန်အလေးထားပြီး အိမ်နီးချင်း နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး ဦးတည်ချက်အဖြစ် သတ်မှတ်ထားကြောင်း၊ ၁၉၅၀ ပြည့်လွန်နှစ်များက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် မှသည် အိမ်နီးချင်းနိုင်ငံများအပေါ် စေတနာထား ဆက်ဆံရေး၊ အိမ်နီးချင်းများနှင့် မိတ်ဖက်အဖြစ် ပေါင်းသင်းရေး၊ အိမ်နီးချင်းများနှင့် သင့်မြတ်မှု၊ ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှု တည်ဆောက်ရေးအထိသာမက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” အယူအဆအထိပင် တရုတ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံခြားရေး မူဝါဒသည် အစဉ်အမြဲ စဉ်ဆက်မပြတ် တည်ငြိမ်မှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်သည့် ၅ နှစ်မြောက်နှင့် ဆွေးနွေးဘက် ဆက်ဆံရေး တည်ထောင်သည့် ၃၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ရာ နှစ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အရေးသစ်များကြုံကြိုက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက်ထောက်ခံသွားမည်ဖြစ်သလို ဒေသတွင်းမူဘောင်အတွင်း အာဆီယံ၏ ဗဟိုအချက်အချာကျသော အခန်းကဏ္ဍကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း၊ အာဆီယံနှင့်အတူ ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တွန်းအားပေး တည်ဆောက်ကာ မိမိတို့၏ ဘုံမိသားစုဥယျာဉ်ကို ကောင်းမွန်စွာ တည်ဆောက်ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးအတွက် စံနမူနာ ပြုသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းသည် ဒေသတွင်း နိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ပြီး “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ဆွေးနွေးပွဲဖြစ်စဉ်ကို တွန်းအားပေးကာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုရှိသော တောင်တရုတ်ပင်လယ် ပုံရိပ်ဖော်ညွှန်းမှုကို အတူတည်ဆောက်သွားရန်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Kao Kim Hourn က တရုတ်နိုင်ငံသည် အာဆီယံ၏ အိမ်နီးချင်းကောင်း ဖြစ်ရုံသာမက အာဆီယံက ယုံကြည်အားကိုးထိုက်သည့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ကောင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက် ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် အာဆီယံ-တရုတ် ဆက်ဆံရေးသည် ရေရှည်အရှိန်အဟုန်မပျက် တိုးတက်မှုများ ရရှိခဲ့ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ အကျယ်ပြန့်ဆုံး ဖြစ်ကာ ရလဒ်များမှာ လက်တွေ့ကျဆုံး ဖြစ်၍ ဒေသတွင်း ပြည်သူများအတွက် အကျိုးအရှိဆုံး ဖြစ်ခဲ့ကြောင်း၊ အာဆီယံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အခွင့်အလမ်းများကို အတူမျှဝေရန်၊ စိန်ခေါ်မှုများကို အတူရင်ဆိုင်ရန်နှင့် ကဏ္ဍအသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် နက်ရှိုင်းကျယ်ပြန့်စေရန် ဆောင်ရွက်ပြီး အာဆီယံ-တရုတ် ဆက်ဆံရေးကို အဆင့်သစ်သို့ စဉ်ဆက်မပြတ် တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် အရေးသည် အာဆီယံ-တရုတ် ဆက်ဆံရေးအကြား အဟန့်အတား မဖြစ်သင့်ကြောင်း၊ အာဆီယံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းသွားလိုကြောင်း Kao Kim Hourn က ပြောကြားခဲ့သည်။ (Xinhua)
--------------------
(Chinese Version)
王毅会见东盟秘书长高金洪
新华社北京9月15日电 9月15日,中共中央政治局委员、外交部长王毅在北京会见东盟秘书长高金洪。
王毅说,中国和东盟是常来常往的好邻居,也是相互信任、相互支持的好朋友、好伙伴。中方高度重视东盟并将东盟作为周边外交的优先方向。从上世纪50年代的和平共处五项原则,到与邻为善、以邻为伴和睦邻安邻富邻,再到习近平主席提出的亲诚惠容周边外交理念,中国的周边外交政策始终保持连续性和稳定性。今年是中国东盟建立全面战略伙伴关系5周年和建立对话关系35周年,双方关系发展面临新契机。中方将继续支持东盟团结和共同体建设,支持东盟在区域架构中的中心地位,愿同东盟一道推动构建更为紧密的中国-东盟命运共同体,建设好我们的共同家园,为构建人类命运共同体提供范式。
王毅说,维护南海和平稳定符合地区国家共同利益。中方愿同东盟国家一道,落实好《南海各方行为宣言》,推进“南海行为准则”磋商进程,共同构建和平、稳定、合作、友好的南海新叙事。
高金洪说,中国不仅是东盟的好邻居,更是东盟值得信赖和倚重的合作伙伴。在双方领导人战略引领下,东盟中国关系取得长足发展,双方合作领域最广泛、成果最务实、最能惠及地区人民。东盟愿同中方共享机遇,共迎挑战,继续深化拓展各领域务实合作,推进东盟中国关系不断迈上新水平。南海问题不应成为东盟中国关系间的障碍,东盟愿同中方共同维护南海和平稳定。(完)
图说: 9月15日,中共中央政治局委员、外交部长王毅在北京会见东盟秘书长高金洪。新华社记者 庞兴雷 摄








