တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေး ဒုတိယအဆင့် ဆွေးနွေးပွဲ တက်ရောက်၍ “BRICS ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်အား အခိုင်အမာတည်ဆောက်၍ ကမ္ဘာ့တောင်ဘက်ခြမ်းအင်အားတောင့်တင်းစေခြင်း” ခေါင်းစဉ်ဖြင့် အရေးကြီးအမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာလ ၁၆ ရက်တွင် ပါပူအာနယူးဂီနီနိုင်ငံ ဘုရင်ခံချုပ် Bob Dadae ထံသို့ ပါပူအာနယူးဂီနီနိုင်ငံ လွတ်လပ်ရေးရရှိခြင်း ၅၁ နှစ်မြောက်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ပါပူအာနယူးဂီနီနိုင်ငံတို့သည် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှဆက်ဆံမှုနှင့် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ချစ်ကြည်ရင်းနှီးသော မိတ်ဆွေများနှင့် မိတ်ဖက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်း၊ ရာစုနှစ်ဝက်တစ်လျှောက်တွင် နှစ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အကျိုးဖြစ်ထွန်းပြီး နှစ်နိုင်ငံပြည်သူများကို အကျိုးပြုခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်-ပါပူအာနယူးဂီနီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားကြောင်း၊ ဘုရင်ခံချုပ် Bob Dadae နှင့် အတူ ကြိုးပမ်းဆောင်ရွက်ကာ တရုတ်-ပါပူအာနယူးဂီနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ မြှင့်တင်ပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

.................

(Chinese Version)

习近平就巴布亚新几内亚独立日向巴布亚新几内亚总督达达埃致贺电

新华社北京9月16日电 9月16日,国家主席习近平致电巴布亚新几内亚总督达达埃,祝贺巴布亚新几内亚独立51周年。  

习近平指出,中国和巴新是相互尊重、平等相待、互利合作的好朋友、好伙伴。今年是两国建交50周年。半个世纪以来,双方各领域交流合作成果丰硕,惠及两国人民。我高度重视中国同巴新关系发展,愿同达达埃总督一道努力,引领中巴新全面战略伙伴关系迈上新台阶,更好造福两国人民。(完)

图说:当地时间9月13日上午,国家主席习近平在新德里出席金砖国家领导人第十八次会晤第二阶段会议,并发表题为《筑牢金砖合作根基 壮大全球南方力量》的重要讲话。 新华社记者 燕雁 摄