
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသို့ ဘရာဇီးနိုင်ငံသမ္မတ ၏ အထူးအကြံပေးပုဂ္ဂိုလ် ဆဲလ်ဆို အမိုရင်သည် စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရသူတစ်ဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားမှုအရ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲဖြစ်သူ ဝမ်ရိက အမိုရင်နှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
...........................
(English version)
Special advisor to Brazilian president to visit China
BEIJING, Sept. 15 (Xinhua) Special Advisor to the President of Brazil Celso Amorim will visit China from September 16 to 17, a Chinese foreign ministry spokesperson announced on Tuesday.
According to the spokesperson, Wang Yi, member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, will meet with Amorim. ■
Photo caption: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Celso Amorim, special advisor to the president of Brazil, on the sidelines of the Munich Security Conference in Munich, Germany, Feb. 15, 2025. (Xinhua/Gao Jing)








