ကျိုချွမ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက Zhuque-2E Y7 သယ်ဆောင်ရေးဒုံးပျံအား နိုင်ငံအနောက်မြောက်ပိုင်းရှိ တုန်းဖုန်း စီးပွားဖြစ်အာကာသ ဆန်းသစ်တီထွင်မှု ရှေ့ပြေးစမ်းသပ်ဇုန်မှ စက်တင်ဘာ ၁၅ ရက်၌ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်က လွှတ်တင်ခဲ့သည့် အဆိုပါဒုံးပျံသည် ဧရာမ ဂြိုဟ်တုအစုအဝေးအတွက် ကွန်ရက်ချိတ်ဆက်ထားသော ဂြိုဟ်တု ၁၀ စင်းအား သတ်မှတ်ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုစမ်းသပ်ပျံသန်းမှုမစ်ရှင်မှာ အလုံးစုံအောင်မြင်ခဲ့သည်ဟု ကြေညာခဲ့သည်။ (Xinhua)
..................................
(English Version)
China's Zhuque-2E rocket launches 10 satellites into space
STORYLINE:
China successfully launched a Zhuque-2E Y7 carrier rocket from the Dongfeng commercial space innovation pilot zone in northwest China on Tuesday.
Lifting off at 2:26 p.m. (Beijing Time), the rocket deployed 10 networking satellites for a mega-constellation into their preset orbits.
The flight test mission was declared a complete success.
Xinhua News Agency correspondents reporting from Jiuquan, China. (XHTV)








