၂၀၂၃ ခုနှစ် ကမ္ဘာ့ ပါဝါဘက်ထရီညီလာခံတွင် ပြသထားသည့် ပါဝါ ဘက်ထရီ ထုတ်ကုန်များကို တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် ကမ္ဘာ့ ပါဝါဘက်ထရီညီလာခံတွင် ပြသထားသည့် ပါဝါ ဘက်ထရီ ထုတ်ကုန်များကို တွေ့ရစဉ် (ဆင်ဟွာ)

ပီကင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန သိပ္ပံနည်းပညာဌာနသည် "ပါဝါဘက်ထရီ ပြန်လည်အသုံးပြုရေးလုပ်ငန်း စံချိန်စံညွှန်းစနစ် တည်ဆောက်ရေး လမ်းညွှန်ချက် (၂၀၂၆ ခုနှစ်ဗားရှင်း)" နှင့်စပ်လျဉ်း၍ သဘောထားကောက်ခံခြင်းကို စက်တင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါမူကြမ်းတွင် ၂၀၃၀ ပြည့်နှစ်၌ အမျိုးသားအဆင့် စံချိန်စံညွှန်း ၅၀ ထက်မနည်း သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းပြုလုပ်ရန်၊ ထုတ်လုပ်မှု ကွင်းဆက်နှင့် ထုတ်ကုန် အသုံးပြုနိုင်သည့်သက်တမ်းတစ်ခုလုံးကို လွှမ်းခြုံသည့် ပါဝါဘက်ထရီများ ပြန်လည်အသုံးပြုရေးဆိုင်ရာ စံချိန်စံညွှန်းစနစ်ကို အခြေခံအားဖြင့် တည်ဆောက်ရန်၊ သယံဇာတ အကျိုးရှိထိရောက်မှုမြင့်မားစွာ အသုံးပြုမှု၊ ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး လွှမ်းခြုံမှုနှင့် ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်သည့် စံချိန်စံညွှန်း စနစ်တစ်ခုကို ဖြည်းဖြည်းချင်း ပုံဖော်တည်ဆောက်ရန် အဆိုပြုထားသည်။

ပါဝါဘက်ထရီများတွင် နီကယ်၊ ကိုဘော့၊ လီသီယမ် စသည့် မဟာဗျူဟာမြောက် အရင်းအမြစ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ၎င်းတို့ကို ပြန်လည်အသုံးပြုခြင်းသည် သွင်းကုန်အပေါ် မှီခိုအားထားရမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပြီး နိုင်ငံ၏ သတ္တုသယံဇာတ ထောက်ပံ့မှု အာမခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ပါဝါဘက်ထရီ ပြန်လည်အသုံးပြုရေး စံချိန်စံညွှန်းစနစ်ကို အခိုင်အမာ တည်ဆောက်ခြင်းသည် လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျ ဖြစ်စေရန်၊ မဟာဗျူဟာမြောက် သယံဇာတ ဖူလုံရေးကို အာမခံရန်နှင့် လုပ်ငန်း နည်းပညာ သစ်ဆန်းတီထွင်မှုကို ဦးဆောင်ရန်အတွက် အလွန်အရေးပါသည်။

အဆိုပါ သဘောထားကောက်ခံသည့်မူကြမ်းတွင် သုံးစွဲပြီး ပါဝါဘက်ထရီ "စုဆောင်းခြင်း - သိုလှောင်သယ်ယူခြင်း - ရူပဗေဒနည်းဖြင့် စီမံဆောင်ရွက်ခြင်း - ဓာတုဗေဒနည်းဖြင့် စီမံဆောင်ရွက်ခြင်း" စသည့် စက်မှုကွင်းဆက်တစ်ခုလုံးနှင့် ထုတ်ကုန်သက်တမ်းတစ်လျှောက်လုံးကို လွှမ်းမိုးသော ပါဝါဘက်ထရီ ပြန်လည်အသုံးပြုရေး စံချိန်စံညွှန်းစနစ် တည်ဆောက်မှုကို အရှိန်မြှင့်တင်ရန် အဆိုပြုထားသည်။

လုပ်ငန်း စံချိန်စံညွှန်းစနစ် စည်မျဉ်းတွင် အခြေခံ အထွေထွေ စံချိန်စံညွှန်းများ၊ စုဆောင်း၍ အမျိုးအစားခွဲခြားမှုဆိုင်ရာ စံချိန်စံညွှန်းများ၊ ရူပနည်းဖြင့် စီမံဆောင်ရွက်မှုဆိုင်ရာ စံချိန်စံညွှန်းများ၊ ဓာတုနည်းဖြင့် စီမံဆောင်ရွက်မှုဆိုင်ရာ စံချိန်စံညွှန်းများ၊ ဘက်စုံ အကျိုးရှိစွာ အသုံးပြုထားသော ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် အစိမ်းရောင် ကာဗွန်လျှော့ချရေး စံချိန်စံညွှန်းများ ဟူ၍ အပိုင်း ၆ ပိုင်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

ပါဝါဘက်ထရီ စက်မှုကွင်းဆက်နှင့် ထောက်ပံ့မှုကွင်းဆက် အောင်မြင်မှုများ ပြသပွဲ လှုပ်ရှားမှုတွင် စွမ်းအင်သစ်မော်တော်ယာဉ်၏ 800V မော်တာနှစ်လုံးသုံးမောင်းနှင်စနစ်အကြောင်း လေ့လာကြည့်ရှုနေသော လာရောက်လေ့လာသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပါဝါဘက်ထရီ စက်မှုကွင်းဆက်နှင့် ထောက်ပံ့မှုကွင်းဆက် အောင်မြင်မှုများ ပြသပွဲ လှုပ်ရှားမှုတွင် စွမ်းအင်သစ်မော်တော်ယာဉ်၏ 800V မော်တာနှစ်လုံးသုံးမောင်းနှင်စနစ်အကြောင်း လေ့လာကြည့်ရှုနေသော လာရောက်လေ့လာသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

----------------

(Chinese Version)

动力电池回收利用产业标准体系建设指南公开征求意见

  新华社北京9月15日电(记者唐诗凝、周圆)工业和信息化部科技司15日发布《动力电池回收利用产业标准体系建设指南(2026版)》(征求意见稿),提出到2030年,制修订国家标准50项以上,基本建成覆盖全产业链、产品全生命周期的动力电池回收利用标准体系,逐步形成资源高效利用、产业链全覆盖、国内国际协同的标准体系。

  动力电池富含镍、钴、锂等战略资源,其回收利用可有效缓解和减少进口依赖,提升国家矿产资源供给保障能力。建立健全动力电池回收利用标准体系,对于规范产业发展、保障战略资源安全、引领产业技术创新具有重要意义。

  征求意见稿提出,加快构建覆盖废旧动力电池“收集—储运—物理处理—化学处理”全产业链和产品全生命周期的动力电池回收利用标准体系。动力电池回收利用产业标准体系结构包括基础通用标准、收集分类标准、物理处理标准、化学处理标准、综合利用产品标准以及绿色低碳标准6个部分。

图说 1 :2023世界动力电池大会上展示的电池系统。新华社记者胡旭摄

图说 2 :2026年9月1日,在动力电池产业链供应链成果展示活动上,参观者在了解新能源汽车800V双电机驱动系统。新华社记者 唐文豪 摄