
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှုမှာ သြဂုတ်လတွင် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယခင်လထက် ၀.၇ ရာခိုင်နှုန်း အရှိန်အဟုန်တိုးတက်ခဲ့ပြီး ထင်ရှားသော ထုတ်ကုန်များအနက် စက်မှုလုပ်ငန်းသုံး စက်ရုပ်များ ပါဝင်ခဲ့သည်ဟု စက်တင်ဘာ ၁၅ ရက်၌ ထုတ်ပြန်သော တရားဝင် အချက်အလက်များအရ သိရသည်။
နည်းပညာမြင့် ကုန်ထုတ်လုပ်မှုပမာဏသည် သြဂုတ်လတွင် ယမန်နှစ် အလားတူကာလထက် ၁၆.၇ ရာခိုင်နှုန်း တစ်ဟုန်ထိုးမြင့်တက်ခဲ့သလို စက်ကိရိယာ ထုတ်လုပ်မှုသည်လည်း ၁၂.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ စုစုပေါင်း စက်မှုကုန်ထုတ်လုပ်မှုပမာဏ တိုးတက်နှုန်းထက် ၁၁.၅ ရာခိုင်နှုန်းနှင့် ၆.၉ ရာခိုင်နှုန်း အသီးသီးကျော်လွန်ခဲ့သည်ဟု အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ကုန်အဆင့်၌လည်း စက်မှုလုပ်ငန်းသုံးစက်ရုပ် ထုတ်လုပ်မှုသည် သြဂုတ်လတွင် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၄.၆ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများနှင့် 3D ပရင်တာများမှာ ၅၇.၂ ရာခိုင်နှုန်းနှင့် ၂၉.၉ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့သည်။
တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းသုံး စက်ရုပ်များကို စက်မှုလုပ်ငန်းအမျိုးမျိုး၌ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာချိန်တွင် ယခုကဲ့သို့ လျင်လျင်မြန်မြန် တိုးတက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တရုတ်စက်ယန္တရားလုပ်ငန်းအဖွဲ့ချုပ်က ဇူလိုင်လတွင် ထုတ်ပြန်သည့် အချက်အလက်များအရ ပြည်တွင်းထုတ် စက်မှုလုပ်ငန်းသုံး စက်ရုပ်များကို လုပ်ငန်းအုပ်စု ၂၅၃ ခုတွင် အသုံးပြုလျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ ယင်းကဲ့သို့ လုပ်ငန်းအုပ်စုအားလုံး၏ ထက်ဝက်ကျော်ကို လွှမ်းခြုံထားသည်။
ပိုမိုကျယ်ပြန့်သော ကဏ္ဍများအနေဖြင့် သတ္တုတွင်းလုပ်ငန်းကဏ္ဍ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၏ တန်ဖိုးမြှင့် ထုတ်လုပ်မှုမှာမူ ၆.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ လျှပ်စစ်ဓာတ်အား၊ အပူ၊ ဓာတ်ငွေ့နှင့် ရေထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍများ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုမှာလည်း ၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ပိုင်ဆိုင်မှုအားဖြင့်ဆိုလျှင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရ အစုရှယ်ယာအများစုပါဝင်သော စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သလို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုသည်လည်း ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း စက်မှုကုန်ထုတ်လုပ်မှုသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စာရင်းအင်းအချက်အလက်များအရ သိရသည်။
NBS ၏ စာရင်းအင်းအချက်အလက်များအရလည်း သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဝယ်ယူရေးမန်နေဂျာများ၏ ညွှန်းကိန်းသည် ၄၉.၈ ၌ ရှိခဲ့သည့်အပြင် လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် စီးပွားရေးလည်ပတ်လှုပ်ရှားမှုဆိုင်ရာ မျှော်မှန်းချက်များကို တိုင်းတာသည့် ညွှန်းကိန်းသည်လည်း ၅၃.၈ ရှိခဲ့ရာ စီးပွားရေးအလားအလာအပေါ် ယုံကြည်မှု ဆက်လက်အားကောင်းနေသည်ကို ညွှန်ပြလျက်ရှိသည်။
ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းကြီးများ၏ စုစုပေါင်း အမြတ်ငွေသည် ယွမ် ၄.၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၇၇.၁၂ ဘီလီယံခန့်) ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တစ်နှစ်တာ ပင်မလုပ်ငန်းဝင်ငွေ အနည်းဆုံး ယွမ်သန်း ၂၀ ရှိသော စီးပွားရေးလုပ်ငန်းကြီးများ၏ လည်ပတ်လှုပ်ရှားမှုကို စက်မှုထုတ်ကုန်ပမာဏဖြင့် တိုင်းတာအကဲဖြတ်ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260915/e38381a7d50b4414b6d9ec6fc9fb75ad/c.html

..................................
(English Version)
China's industrial output growth picks up in August as high-tech, robot output gains
BEIJING, Sept. 15 (Xinhua) -- China's value-added industrial output expanded 5.2 percent year on year in August, accelerating by 0.7 percentage point from the previous month, official data showed Tuesday, with industrial robots among the standout products.
High-tech manufacturing output jumped 16.7 percent year on year in August, while equipment manufacturing rose 12.1 percent, outpacing overall industrial output growth by 11.5 and 6.9 percentage points, respectively, according to the National Bureau of Statistics (NBS).
At the product level, output of industrial robots jumped 34.6 percent year on year in August, while lithium-ion batteries and 3D printing equipment saw increases of 57.2 percent and 29.9 percent, respectively.
The rapid growth comes as industrial robots are finding applications across a widening array of industries in China. Data released in July by the China Machinery Industry Federation showed that homegrown industrial robots are now used in 253 industry groups, covering more than half of all such groups nationwide.
In terms of broader sectors, the value-added output of the mining sector fell 1.4 percent year on year, while that of the manufacturing sector grew 6.1 percent. The value-added output of the electricity, heat, gas and water production and supply sectors rose 4.9 percent.
Looking at ownership, the value-added output of state-owned and state-holding enterprises grew 3 percent year on year, while that of private enterprises rose 3.7 percent.
In the first eight months of 2026, industrial output grew 5.3 percent year on year, data revealed.
NBS data also showed that the purchasing managers' index for China's manufacturing sector in August stood at 49.8, while the index measuring firms' expectations for production and business activity came in at 53.8, signaling continued confidence in the outlook.
From January to July, total profits of China's major industrial firms reached 4.58 trillion yuan (about 677.12 billion U.S. dollars), up 17.6 percent year on year.
Industrial output is used to measure the activity of large enterprises each with an annual main business revenue of at least 20 million yuan.
https://english.news.cn/20260915/e38381a7d50b4414b6d9ec6fc9fb75ad/c.html
Photo caption 1: The State Council Information Office (SCIO) holds a press conference on China's economic performance in August 2026 in Beijing, capital of China, Sept. 15, 2026. (Xinhua/Zhang Yuwei)
Photo caption 2: A technician trains a bionic robot at DS Technologies Co., Ltd in Dalian City, northeast China's Liaoning Province, Aug. 20, 2026. (Xinhua/Han He)








