
ဟန်ကျိုး၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ် စီးပွားရေးနှင့် လူမှုရေး ကောင်စီ (CESC) နှင့် ဥရောပသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မတီ (EESC) တို့၏ ၂၁ ကြိမ်မြောက် စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်က တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သည်။ တရုတ်နှင့် ဥရောပ ကိုယ်စားလှယ် ၃၇ ဦးတို့သည် "ဆင်းရဲနွမ်းပါးမှု ပြဿနာကို ဖြေရှင်းရေး၊ လူမှုအသိုင်းအဝိုင်း လွှမ်းခြုံပါဝင်မှုကို မြှင့်တင်ရေး"၊ "တရုတ်-ဥရောပ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အရည်အသွေးနှင့် ထိရောက်မှုကို မြှင့်တင်ရေး" နှင့် "လူသား ဗဟိုပြုသော ဉာဏ်ရည်တု" ဟူသော အကြောင်းအရာများကို ဗဟိုပြု၍ အပြန်အလှန် အလေးအနက် ဆွေးနွေးဖလှယ်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး၊ တရုတ် စီးပွားရေးနှင့် လူမှုရေး ကောင်စီ ဥက္ကဋ္ဌ ဝမ်တုန်းဖုန်း တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
တရုတ်-ဥရောပ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၀ ပြည့်နှစ် နှစ်ပတ်လည် အရေးပါသော သမိုင်းဝင် ကာလအချိန်အခါ၌ သမ္မတ ရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ ကော့စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့နှင့် တွေ့ဆုံ၍ တရုတ်-ဥရောပ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အမြင်သဘောထားများကို အသေးစိတ် ဖလှယ်ခဲ့ကြပြီး အရေးပါသော ဘုံသဘောတူညီချက်များ ရရှိခဲ့ရာ အခြေအနေသစ်အောက်ရှိ တရုတ်-ဥရောပ ဆက်ဆံရေး တိုးတက်မှုအတွက် လမ်းကြောင်းသစ် ညွှန်ပြပေးနိုင်ခဲ့ကြောင်း ဝမ်တုန်းဖုန်းက ပြောကြားခဲ့သည်။
တရုတ်နှင့် ဥရောပ နှစ်ဖက်စလုံးသည် မိတ်ဖက်အဖြစ် ရပ်တည်မှုကို ခိုင်မာစွာ စွဲကိုင်ရမည်ဖြစ်ပြီး တံခါးဖွင့်လှစ်၍ အားလုံးပါဝင်မှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာလက်ကိုင်ပြုကာ အပြန်အလှန် လေးစားယုံကြည်မှု၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှု၊ တရားမျှတ၍ သမာသမတ်ကျမှုတို့ ပိုမိုအားကောင်းသည့် အနာဂတ် စတင်နိုင်ရေးအတွက် အားဖြည့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တရုတ်ဖက်အနေဖြင့် ဥရောပဖက်နှင့် လက်တွဲ၍ တရုတ်-ဥရောပ စကားဝိုင်း ဆွေးနွေးပွဲ ယန္တရား၏ အခန်းကဏ္ဍကို အသုံးချကာ တရုတ်-ဥရောပက ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)
-----------------
(Chinese Version)
第二十一次中欧圆桌会议在杭州召开
中国经济社会理事会和欧盟经济社会委员会第二十一次圆桌会议14日在杭州召开。37位中欧代表围绕“解决贫困问题,促进社会包容”“推动中欧贸易投资提质增效”和“以人为本的人工智能”深入交流。全国政协副主席兼秘书长、中国经济社会理事会主席王东峰出席并讲话。
王东峰表示,在中欧建交50周年的重要节点时间,习近平主席会见欧洲理事会主席科斯塔和欧盟委员会主席冯德莱恩,就中欧关系发展深入交换意见,达成重要共识,为新形势下中欧关系发展指明了方向。中欧双方要坚持伙伴定位,坚持开放包容,坚持多边主义,助力开启更加互尊互信、互利共赢、公平正义的未来。中方愿同欧方一道,发挥中欧圆桌会议机制作用,推动中欧深化各领域合作和中欧关系健康发展。








