
ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် ယီမင်နိုင်ငံနှင့် ပင်လယ်နီအခြေအနေ အရှိန်မြင့်တက်လာရာ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် စွမ်းအင် စသည့် အရပ်ဘက်သုံး အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် များစွာစိုးရိမ်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့သည် မကြာသေးမီရက်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်း မြို့ ၄ မြို့ကို တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇၀ ကျော် ထိခိုက်ဒဏ်ရာရမှုနှင့် အဆောက်အဦများစွာ ပျက်စီးမှု ဖြစ်ခဲ့သည်ဟု မီဒီယာများ သတင်းဖော်ပြချက်အရ သိရကြောင်း၊ ဟူသီအဖွဲ့ဘက်က ၎င်းတို့သည်လည်း တိုက်ခိုက်မှုခံရပြီး လူထိခိုက်သေဆုံးမှု ရှိသည်ဟု ဆိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
“ပြည်သူတွေရဲ့ လူနေမှုဘဝနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေကို တိုက်ခိုက်တာဟာ လက်ခံနိုင်ဖွယ် မရှိပါဘူး။ ဒေသတွင်းအခြေအနေ မတည်မငြိမ်ဖြစ်မှု ဆိုးရွားလာတာဟာ ဘက်အသီးသီးရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာ ဘေးကင်းလုံခြုံမှုကို လေးစားသင့်ပြီး နိုင်ငံရေး၊ သံတမန်နည်းလမ်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပါတယ်” ဟု ကောကျားခွန်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဘက်အသီးသီးအား ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ ချိတ်ဆက်ဆွေးနွေးမှုဖြင့် ကွဲလွဲမှုများကို လျော့ပါးစေရန်နှင့် အခြေအနေ အမြန်ဆုံး ပြေလျော့စေရေးကို တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:中方对也门和红海局势升温深表关切
新华社北京9月14日电(记者曹嘉玥、赵瀚泽)外交部发言人郭嘉昆14日在例行记者会上答问时表示,近日来,也门和红海局势升温,造成无辜平民伤亡和能源等民用设施受损,中方对此深表关切。
当日例行记者会上,有记者问:据媒体报道,也门胡塞组织近日袭击沙特南部4座城市,造成70多名平民受伤,多处设施受损。胡塞组织方面表示其亦受到袭击,造成人员伤亡。中方对此有何评论?
“袭击关乎民生的民用设施不可接受。地区局势动荡加剧不符合各方利益,各国主权安全都应该得到尊重,通过政治外交途径化解争端是唯一出路。”郭嘉昆表示,中方呼吁相关各方保持克制,通过沟通对话缓和矛盾,推动局势尽快降温。(完)
图说:这张9月7日的视频截图显示,在也门哈德拉毛省瓦迪阿军事基地附近,一些军用卡车遭到导弹袭击。新华社发(胡塞媒体中心供图)








