တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စိုကန်းဥယျာဉ်၌ ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) သို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စိုကန်းဥယျာဉ်၌ ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) သို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) အား စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးအတွက် ဘုံသဘောတူညီမှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

ကုန်စည်ပြပွဲ ကျင်းပပြီးစီးခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကျူးကွမ်းရောက် က ပြပွဲအတွင်း ညီလာခံနှင့် ဖိုရမ် ၁၀၀ နီးပါးအပြင် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်ရေးနှင့် အရောင်းမြှင့်တင်‌ရေး အခမ်းအနား ၁၀၀ ကျော် ကျင်းပနိုင်ခဲ့သည့်အတွက် အောင်မြင်သော ရလဒ်များ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

အောင်မြင်သည့် အဆိုပါအခမ်းအနားက တရုတ်နိုင်ငံအနေဖြင့် စံနှုန်းမြင့် တံခါးဖွင့်လှစ်မှုကို မမှိတ်မသုန် တိုးချဲ့ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဟူသော  ရှင်းလင်းပြတ်သားသည့် သဘောထားကို ကမ္ဘာကြီးအား ပြသခဲ့ခြင်းဖြစ်သည်ဟု ကျူး က ပြောသည်။

၂၀၂၆ ခုနှစ် CIFTIS သည် ကဏ္ဍခုနစ်ရပ်တွင် အကျိုးဖြစ်ထွန်းသည့်ရလဒ် ၁,၂၀၀ ကျော် ရရှိခဲ့ကာ အထူးသဖြင့် အရင်းအမြစ်များ စုစည်းချိတ်ဆက်ရေး၊ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ထိရောက်စွာ မြှင့်တင်ပေးခဲ့သည်ဟု ပေကျင်းမြူနီစီပယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗျူရို ဒုတိယအကြီးအကဲနှင့် ပြောရေးဆိုခွင့်ရှိသူ လူဟွေ့လိန်က ပြောကြားခဲ့သည်။ ဂုဏ်ထူးဆောင် ဧည့်နိုင်ငံအဖြစ် ပါဝင်ခဲ့သည့် နော်ဝေနိုင်ငံက တရုတ်စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ခြောက်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ် ကုန်စည်ပြပွဲသည် လူကြိုက်များရေပန်းစားမှု မြင့်တက်ခဲ့ပြီး ပြပွဲကျင်းပရာနေရာဖြစ်သော စိုကန်းဥယျာဉ်သို့ လာရောက်ကြည့်ရှုသူဦးရေ ပိုမိုတိုးပွားလာခဲ့သည်။ စက်တင်ဘာ ၁၃ ရက် မွန်းတည့်ချိန်အထိ CIFTIS ပြပွဲ၏ အဓိကနေရာများသို့ လာရောက်ကြည့်ရှုသူ ၄၂၀,၀၀၀ နီးပါး ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃၆.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု လူ က ဆိုသည်။

“ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုများ၊ ဘုံသာယာဝပြောရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဤပြပွဲတွင် Fortune Global 500 စာရင်းဝင်ကုမ္ပဏီ ၄၇၀ ကျော်နှင့် လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁,၈၀၀ ကျော် ပါဝင်ပြသခဲ့သည်။ အဆိုပါပြပွဲများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ငွေကြေးဆိုင်ရာ နည်းပညာ၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာ အထောက်အကူပြု ကျန်းမာရေးစောင့်ရှောက်မှု၊ စမတ်ပညာရေး၊ စွမ်းအင်ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးဆိုင်ရာ နည်းပညာသစ်များ၊ ဖြေရှင်းနည်းများနှင့် အောင်မြင်မှုများကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်မှုတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေခြင်း၊ ပူးပေါင်းဆောင်ရွက်မှုပုံစံများ ဆန်းသစ်တီထွင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ တိုးချဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အလားအလာများ ဖော်ထုတ်အသုံးချခြင်း၊ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအမံများနှင့် ချိန်ညှိဆောင်ရွက်ခြင်းတို့အပြင် CIFTIS ကဲ့သို့သော အထင်ကရ ပြပွဲများကို ပေါင်းကူးတံတားသဖွယ် အသုံးချ၍ နိုင်ငံအချင်းချင်း အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းတို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ကျူး က ဆိုသည်။

"ကမ္ဘာတစ်ဝန်းက ဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ တရုတ်စျေးကွက်ကို လာရောက်စူးစမ်းလေ့လာဖို့နဲ့ တရုတ်နိုင်ငံရဲ့ အလွန်ကြီးမားလှတဲ့ စျေးကွက်ကြီးရဲ့ အခွင့်အလမ်းတွေကို မျှဝေခံစားဖို့ ဖိတ်ခေါ်ကြိုဆိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260913/67391d31fa014ed99c7d9c8bfda2e579/c.html

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စိုကန်းဥယျာဉ်၌ ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) သို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စိုကန်းဥယျာဉ်၌ ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) သို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

Major trade fair deepens consensus on global services cooperation

BEIJING, Sept. 13 (Xinhua) -- The 2026 China International Fair for Trade in Services (CIFTIS), held in the Chinese capital of Beijing from Sept. 9 to 13, has deepened consensus on strengthening cooperation in the services sector.

Fruitful outcomes were achieved during the fair, which saw the holding of nearly 100 conferences and forums as well as over 100 matchmaking and promotion events, said Zhu Guangyao, an official with China's commerce ministry, at a press conference on the conclusion of the fair.

Zhu said the successful event sent a clear signal to the world that China will unswervingly expand high-standard opening up and promote high-quality development.

According to Lu Huiling, deputy head and spokesperson of the Beijing municipal commerce bureau, the 2026 CIFTIS has achieved more than 1,200 outcomes in seven categories, effectively promoting resource matching, exchanges and cooperation. As the guest country of honor, Norway signed six cooperation agreements with Chinese enterprises and institutions, she said.

This year's fair gained rising popularity, drawing an increasing number of visitors to Shougang Park, the event's venue. As of Sunday noon, the core areas of CIFTIS had received nearly 420,000 visits, up 36.6 percent year on year, Lu said.

Themed "Global Services, Shared Prosperity," the event saw more than 1,800 enterprises exhibit on site, including over 470 Fortune Global 500 companies and industry-leading enterprises. Exhibitions showcased new technologies, solutions, and achievements in services trade, including information and communication, fintech, digital and intelligent healthcare, smart education, energy conservation and environmental protection.

According to Zhu, China will continue to deepen international cooperation in services trade, innovate cooperation models, expand cooperation areas, tap cooperation potential, align with the development strategies and cooperation initiatives of various countries, and use major exhibition platforms such as CIFTIS as a bridge to promote mutually beneficial cooperation among countries.

"We welcome service enterprises from around the world to explore the Chinese market and share the opportunities of China's super-large market," Zhu said.

https://english.news.cn/20260913/67391d31fa014ed99c7d9c8bfda2e579/c.html

Photo caption 1: Visitors tour the 2026 China International Fair for Trade in Services (CIFTIS) at Shougang Park in Beijing, capital of China, Sept. 12, 2026. (Xinhua/Zhang Chenlin)

Photo caption 2: Visitors tour the 2026 China International Fair for Trade in Services (CIFTIS) at Shougang Park in Beijing, capital of China, Sept. 13, 2026. (Photo by Liang Jiayuan/Xinhua)