တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ရန် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ရန် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒေသစံတော်ချိန် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေး ဒုတိယအဆင့် ဆွေးနွေးပွဲ တက်ရောက်၍ အရေးကြီးအမှာစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံ ဖြစ်သလို ကမ္ဘာကြီးအား မျက်နှာမူသည့် ပူးပေါင်းဆောင်ရွက်မှုစာရင်းလည်းဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် တွန်းအားပေးကာ အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်မှုကို တိုးချဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI)  အား အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ခြင်းကို တွန်းအားပေးကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ အခွင့်အလမ်းများ အတူမျှဝေပြီး စည်ပင်ဝပြောမှုကို အတူဖန်တီးခြင်းဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းအနေဖြင့် စည်းလုံးညီညွတ်စွာ မိမိကိုယ်ကိုယ် အင်အားတောင့်တင်းအောင် ဆောင်ရွက်သော စာမျက်နှာသစ်ကို အတူရေးခြယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

习近平:“十五五”规划既是中国自身的发展蓝图,也是面向世界的合作清单

新华社新德里9月13日电 当地时间9月13日上午,国家主席习近平在新德里出席金砖国家领导人第十八次会晤第二阶段会议并发表重要讲话。  

习近平指出,“十五五”规划既是中国自身的发展蓝图,也是面向世界的合作清单。中国将持续推动高质量发展,扩大高水平对外开放,落实全球发展倡议,推进高质量共建“一带一路”,同世界各国共享机遇、共创繁荣,共同书写全球南方团结自强新篇章。(完)

图说:当地时间9月12日中午,国家主席习近平乘专机抵达新德里,应印度总理莫迪邀请,出席金砖国家领导人第十八次会晤。习近平抵达新德里帕拉姆空军基地时,印度政府高级官员热情迎接。 新华社记者 谢环驰 摄