ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဘုရားဖူးဧည့်သည် ၄.၈၄ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ အဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာကို စက်တင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ ပမာဏမှာ ယမန်နှစ် ကာလတူ၌ ၄.၆၅ သန်းကျော် ရှိရာမှ တိုးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ယင်းကာလအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၅၂,၀၀၀ ကျော် လာရောက်ခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

……………………

(English Version)

Myanmar's Shwedagon Pagoda attracts over 4.84 mln visitors in first 8 months

YANGON, Sept. 11 (Xinhua) -- Myanmar's Shwedagon Pagoda, also known as the Golden Pagoda, attracted over 4.84 million visitors from January to August this year, U Boe Thin, a member of the Shwedagon Pagoda Board of Trustees, told Xinhua on Friday.

That was up from more than 4.65 million a year earlier, he added.

During the period, over 52,000 foreign tourists visited the pagoda, mostly from China and Thailand, he said.