တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ရှမန် နိုင်ငံတကာ ကွန်ဖရင့်နှင့် ပြပွဲစင်တာ၌ ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး အမှတ်တံဆိပ် ရုပ်တုအား ၂၀၁၇ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ရှမန် နိုင်ငံတကာ ကွန်ဖရင့်နှင့် ပြပွဲစင်တာ၌ ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး အမှတ်တံဆိပ် ရုပ်တုအား ၂၀၁၇ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၁၈ ကြိမ်မြောက် BRICS နိုင်ငံအကြီးအကဲများ အစည်းအဝေး ပထမအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အရေးကြီးအမှာစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ပြည့်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ နှစ် ၂၀ ကြာကာလအတွင်း BRICS ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အင်အားတောင့်တင်းလာရာ အရှိန်အဟုန်မြင့် ရှင်သန်စွမ်းအားများအား ဖော်ပြခဲ့ပြီး ယနေ့ခေတ် ကမ္ဘာတွင် သက်ရောက်လွှမ်းမိုးမှုအရှိဆုံး ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်း ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းသည် မိမိကိုယ်ကိုယ်အားကိုး၍ အင်အားတောင့်တင်းလာသော နှစ် ၂၀ ဖြစ်ကြောင်း၊ BRICS နိုင်ငံများသည် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ပထမအစုအဖွဲ့အနေဖြင့် လွတ်လပ်၍ မိမိကိုယ်တိုင်ရပ်တည်မှုကို အခိုင်အမာ လက်ကိုင်ထားကာ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား တက်ကြွစွာ စူးစမ်းရှာဖွေခဲ့ပြီး ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးတွဲ၍ မိမိကိုယ်ကိုယ် အင်အားတောင့်တင်းလာမှု၏ စံနမူနာဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းသည် အေးအတူ ပူအမျှ အတူကျော်ဖြတ်ခဲ့သော နှစ် ၂၀ ဖြစ်ကြောင်း၊ BRICS နိုင်ငံများသည် အခက်အခဲကို မကြောက်မရွံ့ မဆုတ်မနစ် ရှေ့သို့ချီတက်ခဲ့ပြီး နိုင်ငံတကာဘဏ္ဍာရေး အကျပ်အတည်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ခဲ့ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းခဲ့ပြီး ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောအင်အားများ ဖြည့်တင်းပေးခဲ့ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ယင်းသည် ရလဒ်ကြွယ်ဝသော နှစ် ၂၀ ဖြစ်ကြောင်း၊ BRICS နိုင်ငံများသည် သမိုင်းဝင် အဖွဲ့ဝင်နိုင်ငံများ တိုးချဲ့မှုကို ဖော်ဆောင်ခဲ့ကာ ဘက်စုံထောင့်စုံ၊ အလွှာစုံ ပူးပေါင်းဆောင်ရွက်မှု ဖွဲ့စည်းပုံကို တည်ထောင်ခဲ့ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ နည်းပညာ စသည့် ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းစေပြီး “Greater BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်ဆီသို့ တက်လှမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

习近平总结金砖20年发展成就

新华社新德里9月12日电 当地时间9月12日下午,国家主席习近平在新德里出席金砖国家领导人第十八次会晤第一阶段会议并发表重要讲话。  

习近平指出,今年是金砖国家合作20周年。20年来,金砖合作机制不断发展壮大,展现出蓬勃生机活力,成为当今世界最具影响力的新兴市场和发展中国家合作平台。  

这是自立自强的20年。金砖国家作为全球南方第一方阵,坚持独立自主,积极探索符合自身国情的发展道路,成为新兴市场和发展中国家联合自强的典范。  

这是风雨同舟的20年。金砖国家不畏艰难、砥砺前行,携手应对国际金融危机、新冠疫情、气候变化等挑战,坚定维护全球南方共同利益,为世界提供稳定性和正能量。  

这是成果丰硕的20年。金砖国家实现历史性扩员,建立起全方位、多层次合作架构,不断深化贸易、投资、金融、科技等合作,迈入“大金砖合作”高质量发展新阶段。(完)

English Caption:

Photo taken on Aug. 31, 2017 show a logo sculpture of the 9th BRICS Summit at Xiamen International Conference and Exhibition Center in Xiamen, southeast China's Fujian Province. (Xinhua/Wei Peiquan)