
ဆန့်ဝေမြို့ (ကွမ်တုန်း)၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန့်ဝေမြို့သည် တောင်တရုတ်ပင်လယ်ကို မျက်နှာမူကာ ကမ်းရိုးတန်းအရှည် ၄၆၇ ကီလိုမီတာအထိရှိပြီး “ကွမ်တုန်းပြည်နယ်အရှေ့ပိုင်း (ယွဲ့တုန်း) ခရီးသွားလုပ်ငန်း၏ ရွှေရောင်ကမ်းရိုးတန်း” ဟု တင်စားခေါ်ဝေါ်လေ့ရှိသည်။ မကြာသေးမီနှစ်များအတွင်း ဆန့်ဝေမြို့ရှိ ဟုန်ဟိုင်ပင်လယ်အော်၊ ကျင်းတင်းပင်လယ်အော်စသည့် အရည်အသွေးကောင်းမွန်သော ကမ်းရိုးတန်းဒေသများသည် ထူးခြားသော အပူပိုင်းဒေသကမ်းခြေရှုခင်းများကြောင့် ပင်လယ်ကမ်းခြေအပန်းဖြေခရီးသွားလာရာ လူကြိုက်များသောနေရာများ ဖြစ်လာခဲ့သည်။ “ပင်လယ်ရဲတိုက်ဟောင်း” နှင့် “ကော်ဖီဆိုင်လမ်းတန်း” တို့သည် လူသိများသော ဓာတ်ပုံရိုက်ရာနေရာများအဖြစ် ရေပန်းစားလာခဲ့သည်။
အနာဂတ်တွင် ဆန့်ဝေမြို့သည် “ကောင်းမွန်သောပင်လယ်ရေ ဆန့်ဝေမှာရှိ” ဟူသော မြို့တော်အမှတ်တံဆိပ်ကို စဉ်ဆက်မပြတ်ဖော်ဆောင်ကာ ခရီးသွားလုပ်ငန်းအရည်အသွေးမြှင့်တင်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ်းခြေခရီးသွားလုပ်ငန်း အရည်အသွေးမြင့်အမှတ်တံဆိပ်ကို ပုံဖော်တည်ဆောက်သွားမည်ဖြစ်သည်။ (Xinhua)
................................
(Chinese Version)
万里边疆行丨广东汕尾打造旅游黄金海岸
新华社照片,汕尾(广东),2026年9月12日
广东汕尾南濒南海,海岸线长达467公里,素有“粤东旅游黄金海岸”之称。近年来,汕尾红海湾、金町湾等优质岸线凭借独特的亚热带海滨风光,成为海边休闲游的热门之地,“海上古堡”“咖啡一条街”更是成为爆火的打卡地。
未来,汕尾将持续打造“好海水 在汕尾”城市品牌,深耕旅游品质升级,精塑滨海文旅优质品牌。
图说1:9月9日,游客在汕尾红海湾“海上古堡”打卡拍照。新华社记者 邓华 摄
图说2:9月9日,游客在汕尾红海湾“海上古堡”咖啡休闲观光。新华社记者 邓华 摄








