တတိယအကြိမ် တရုတ်-အရှေ့အာဖရိက တရားဥပဒေစိုးမိုးမှု လုံခြုံရေး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျင်ယွင်ကန်မြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် ရဝမ်ဒါနိုင်ငံ ပြည်ထဲရေးဝန်ကြီး Vincent Biruta တို့က တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

နန်ကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တတိယအကြိမ် တရုတ်-အရှေ့အာဖရိက တရားဥပဒေစိုးမိုးမှု လုံခြုံရေး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျင်ယွင်ကန်မြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် ရဝမ်ဒါနိုင်ငံ ပြည်ထဲရေးဝန်ကြီး Vincent Biruta တို့က တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဝမ်ရှောင်ဟုန်က အဓိကအမှာစကားပြောကြားရာ၌ တရုတ်-အရှေ့အာဖရိက တရားဥပဒေစိုးမိုးမှု လုံခြုံရေး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှု ယန္တရားကို တည်ထောင်လာပြီးနောက် တရုတ်နိုင်ငံနှင့် အရှေ့အာဖရိကနိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေးဌာနများ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုများ တည်ငြိမ်စွာ မြင့်တက်လာလျက်ရှိကြောင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ်နက်ရှိုင်းလာပြီး တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်မှုရလဒ်များ သိသာထင်ရှားလာကာ ဝမ်းမြောက်ဖွယ်ရလဒ်များစွာ ရရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အရှေ့အာဖရိကနိုင်ငံအသီးသီးနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား တက်ကြွစွာ လက်တွေ့ဖော်ဆောင်သွားလိုကြောင်း၊ “စိတ်တူကိုယ်တူ ဘုံစိန်ခေါ်မှုများအား ရင်ဆိုင်ခြင်း၊ ဘုံလုံခြုံမှုအား လက်တွဲအကောင်အထည်ဖော်ခြင်း” အကြောင်းအရာနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဖြင့် အတူဆွေးနွေးမှု၊ တာဝန်များ အတူခံယူခြင်း၊ ရလဒ်များ အတူမျှဝေခြင်းကို ခိုင်မာစွာ လက်ကိုင်ထားကာ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုယန္တရားအား အတူတကွခိုင်မြဲပြည့်စုံအောင် ဆောင်ရွက်သွားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးစွမ်းရည်အဆင့်အား စဉ်ဆက်မပြတ်မြှင့်တင်ကာ အကြမ်းဖက်ဝါဒီ၊ ပြန်ပေးဆွဲမှုနှင့် တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု စသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအား ပူးပေါင်းအင်အားဖြင့် တိုက်ဖျက်သွားလိုကြောင်း၊ တရုတ်-အရှေ့အာဖရိက တရားဥပဒေစိုးမိုးရေး လုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များအား အတူဖန်တီးကာ ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရန်အတွက် ဖွံ့ဖြိုးတိုးတက်မှု အားအင်အသစ်များ ဖြည့်တင်းပေးလိုကြောင်း ဝမ်ရှောင်ဟုန်က ပြောကြားခဲ့သည်။

အရှေ့အာဖရိက ရဲတပ်ဖွဲ့အကြီးအကဲများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (EAPCCO) အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်နှင့် အာဖရိကသမဂ္ဂ ရဲတပ်ဖွဲ့ရေးရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရား (AFRIPOL) အမှုဆောင်ဥက္ကဋ္ဌ Jalel Chelba က အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် ကာလကြာရှည်စွာ အာဖရိကအပေါ် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အတူလက်တွဲ၍ ရှေ့ဆက်ကာ တရားဥပဒေစိုးမိုးရေး လုံခြုံမှု လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး ဒေသတွင်း ဘေးကင်းတည်ငြိမ်မှုကို ပိုမိုကောင်းမွန်စွာ မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

လျင်ယွင်ကန်မြို့တွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (လျန်ယွင်ကန်) ကွန်ဖရင့် တက်ရောက်သော ဂီနီနိုင်ငံ လုံခြုံရေးနှင့် အရပ်ဘက်ရေးရာ ကာကွယ်ရေးဝန်ကြီး Ahmed Mohamed Diallo ၊ မွန်ဂိုလီးယားနိုင်ငံ ဥပဒေနှင့် ပြည်ထဲရေးဝန်ကြီး Amarsaikhan Sainbuyan တို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့သည်။

Ahmed Mohamed Diallo နှင့်တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် ဂီနီနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး ရလဒ်များအား ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး တရားဥပဒေစိုးမိုးရေး ဘေးကင်းလုံခြုံမှုကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-ဂီနီ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အနှစ်သာရအား အဆက်မပြတ် ပြည့်ဝရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

Ahmed Mohamed Diallo က တရုတ်နိုင်ငံ၏ အောင်မြင်မှုအတွေ့အကြုံများအား လေ့လာသင်ယူလိုပြီး ဂီနီနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး စွမ်းရည်အဆင့်အား အဆက်မပြတ်မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

Amarsaikhan Sainbuyan နှင့် တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် တရုတ်-မွန်ဂိုလီးယား ဆက်ဆံရေး တိုးတက်မှုကို အစဉ်အမြဲ အလေးထားကြောင်း၊ မွန်ဂိုလီးယားနိုင်ငံနှင့်အတူ လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုကို နီးကပ်စေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး စသည့် ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တရုတ်-မွန်ဂိုလီးယား တရားဥပဒေစိုးမိုးရေး လုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ထပ်မံတက်ရောက်နိုင်ရန် အတူတကွ တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။

Amarsaikhan Sainbuyan က တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ချိတ်ဆက်ညှိနှိုင်းမှုကို ထိန်းသိမ်းထားပြီး အားကောင်းသောအစီအမံဖြင့် မွန်ဂိုလီးယားနိုင်ငံရှိ တရုတ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံမှုကို အာမခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တတိယအကြိမ် တရုတ်-အရှေ့အာဖရိက တရားဥပဒေစိုးမိုးမှု လုံခြုံရေး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျင်ယွင်ကန်မြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် ရဝမ်ဒါနိုင်ငံ ပြည်ထဲရေးဝန်ကြီး Vincent Biruta တို့က တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)
တတိယအကြိမ် တရုတ်-အရှေ့အာဖရိက တရားဥပဒေစိုးမိုးမှု လုံခြုံရေး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျင်ယွင်ကန်မြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် ရဝမ်ဒါနိုင်ငံ ပြည်ထဲရေးဝန်ကြီး Vincent Biruta တို့က တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

第三次中国-东非执法安全部长级对话举行

新华社南京9月11日电(记者董雪、朱国亮)第三次中国-东非执法安全部长级对话10日在江苏连云港举行,国务委员、公安部部长王小洪与卢旺达内政部部长比鲁塔担任共同主席。  

王小洪在主旨讲话中指出,中国-东非执法安全部长级对话机制建立以来,中国与东非各国执法部门战略互信稳步提升,务实合作持续深化,执法能力建设成效显著,取得了一系列可喜成果。  

王小洪表示,中国愿同东非各国一道,积极践行四大全球倡议,围绕“同心应对共同挑战 携手实现共同安全”主题,坚持合作共商、责任共担、成果共享,共同巩固完善对话合作机制,持续提升执法能力水平,合力打击恐怖主义、绑架和非法拘禁、电信网络诈骗等跨国犯罪,共创中国-东非执法安全合作新篇章,为共建新时代全天候中非命运共同体注入新的发展动力。  

东非警察首长合作组织成员国代表和非盟警察组织执行主任切尔巴在发言中表示,感谢中方长期以来对非洲的支持和帮助,愿同中方携手同行,深化执法安全务实合作,更好促进地区安全稳定。  

在连云港,王小洪还分别会见了来华出席全球公共安全合作论坛(连云港)2026年大会的几内亚安全和民事保护部部长迪亚洛、蒙古国法律内务部部长阿玛尔赛汗。  

在会见迪亚洛时,王小洪表示,中方愿同几方落实好两国元首重要共识和中非合作论坛北京峰会成果,深化执法安全领域务实合作,不断丰富中几全面战略合作伙伴关系内涵。迪亚洛表示,愿学习借鉴中方成功经验,不断提高几方执法能力水平。  

在会见阿玛尔赛汗时,王小洪表示,中方始终重视发展中蒙关系,愿同蒙方密切人员交流交往,加强打击跨国犯罪等领域务实合作,共同推动中蒙执法安全合作再上新台阶。阿玛尔赛汗表示,愿同中方保持密切沟通协调,以有力举措保障在蒙中方人员、机构和项目安全。(完)

图说1、2:9月10日,第三次中国-东非执法安全部长级对话在江苏连云港举行,国务委员、公安部部长王小洪与卢旺达内政部部长比鲁塔担任共同主席。 新华社记者 李博 摄