တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျိန့်ဟူခရိုင် ရှီးကျင်း ရှဲတိုင်းရင်းသား မူလတန်းကျောင်းဝင်းအတွင်း နိုင်ငံတော်အလံတင်ပွဲ အခမ်းအနားအပြီး၌ ကျွမ်းကွေ့ကန့်မှ အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျိန့်ဟူခရိုင် ရှီးကျင်း ရှဲတိုင်းရင်းသား မူလတန်းကျောင်းဝင်းအတွင်း နိုင်ငံတော်အလံတင်ပွဲ အခမ်းအနားအပြီး၌ ကျွမ်းကွေ့ကန့်မှ အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျန့်ဟူ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျိန့်ဟူခရိုင် ရှီးကျင်း ရှဲတိုင်းရင်းသား မူလတန်းကျောင်းသည် ဖူကျန့်ပြည်နယ် နန်းဖိန်မြို့ကျိန့်ဟူခရိုင် ရှီထွန်းမြို့နယ် ရှီးကျင်းကျေးရွာတွင် တည်ရှိပြီး ထိုဒေသ၏ တစ်ခုတည်းသော ကျေးရွာအဆင့် အဆောင်နေ မူလတန်းကျောင်းဖြစ်ကာ ကျောင်းအုပ်ကြီးမှာ ကျွမ်းကွေ့ကန့် ဖြစ်သည်။

ထိုဒေသရှိ လူငယ်နှင့် လူလတ်ပိုင်းအများအပြားမှာ အခြားဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသဖြင့် ကျန်ရစ်သူကလေးငယ် အများအပြားသည် ဆွေမျိုးများ၏ ပြုစုစောင့်ရှောက်မှု ကင်းမဲ့လျက်ရှိသည်။ ၂၀၀၄ ခုနှစ်တွင် အဆိုပါကျောင်းကို အပြည့်အဝ အဆောင်နေကျောင်းအဖြစ် ပြောင်းလဲခဲ့သည်။

အဆိုပါ မူလတန်းကျောင်းသည် ဆရာ၊ ဆရာမ အင်အား မလုံလောက်သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရဖူးရာ ကျွမ်းကွေ့ကန့်၏ ဇနီးဖြစ်သူ လျန်ချွမ်အိုက်သည် အငြိမ်းစားယူပြီးနောက် ရှီးကျင်း ရှဲတိုင်းရင်းသား မူလတန်းကျောင်းသို့ လာရောက်ကာ လစာမဲ့ ပြင်ပအထွေထွေ ဝန်ထမ်းအဖြစ် တာဝန်ယူခဲ့သည်။

ကျွမ်းကွေ့ကန့်တို့ ဇနီးမောင်နှံနှစ်ဦးသည် တောင်တန်းဒေသ ကျောင်းဝင်းတွင် အခြေချ နေထိုင်၍ ကလေးများ စိတ်အေးချမ်းသာစွာ မှီခိုနိုင်မည့် လုံခြုံသော ရင်းနှီးနွေးထွေးသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခဲ့ကြသည်။ နံနက်စောစောတွင် ကလေးများ၏ နံနက်ခင်း စာဖတ်ခြင်းကို ကြီးကြပ်ပေးခြင်း၊ ညဉ့်နက်ပိုင်းတွင် အဆောင်များကို လှည့်လည်ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကလေးများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို ဂရုစိုက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကျွမ်းကွေ့ကန့် ဇနီးမောင်နှံနှစ်ဦးသည် ပြင်ပလောကတွင် ပြေးလွှားရုန်းကန်ရင်း ပညာရေးရန်ပုံငွေ ရရှိရေးအတွက်လည်း ကြိုးပမ်းခဲ့ကြသည်။ ဟောင်းနွမ်းနေသော ကျောင်းဆောင်များကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပြီးစီးခဲ့ပြီးနောက် ကျောင်းတွင် မိဘနှင့်ကင်းကွာ ကျန်ရစ်သူ ကလေးငယ်များ စောင့်ရှောက်ရေး စံပြစခန်းနှင့် တက္ကသိုလ်ကျောင်းသားများ၏ လူမှုအဖွဲ့အစည်း လက်တွေ့လေ့ကျင့်ရေး အခြေစိုက်စခန်းတို့ကို ဆက်တိုက် တည်ဆောက်နိုင်ခဲ့ပါသည်။

ကျေးလက်ပညာရေး၏ အလင်းရောင်ကို မမှေးမှိန်စေဘဲ မဆုတ်မနစ် စောင့်ရှောက်ခဲ့သော ထိုဇနီးမောင်နှံ၏ အနစ်နာခံမှုတို့ကြောင့် ၎င်းတို့သည် ဂုဏ်ပြုဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် ဇနီးမောင်နှံနှစ်ဦးကမူ လောကဓံကို အေးဆေးတည်ငြိမ်စွာဖြင့်ပင် 'ကျွန်တော်တို့မှာ ကြွယ်ဝတဲ့ ပစ္စည်းဥစ္စာရယ်လို့ မရှိပေမဲ့ ဒီကလေးလေးတွေဟာ ငါတို့ဘဝရဲ့ အကြီးမားဆုံး ရတနာပါပဲ' ဟု ပေါ့ပေါ့ပါးပါး ဆိုတတ်ကြသည်။ ကျောင်းအုပ်ကြီး ကျွမ်း၏ ရိုးသားဖြူစင်သော စကားတစ်ခွန်းသည် ကျေးလက်ပညာဒါနပြုသူ တစ်ဦး၏ မွန်မြတ်သော စိတ်ဓာတ်အရင်းခံကို ပီပြင်စွာ ဖော်ပြလျက်ရှိပေသည်။ (Xinhua)

---------------------

(Chinese Version)

闽北山区深处的“保姆校长”

 政和县西津畲族小学位于福建省南平市政和县石屯镇西津村,是当地唯一的村级寄宿制完全小学,庄桂淦是这里的校长。

  当地不少青壮年外出务工,大批留守儿童缺少亲人照料。2004年,学校转变成完全的寄宿制学校。

  该小学曾面临教职工人手不足的情况,庄桂淦的妻子梁纯爱退休后,也来到西津畲族小学,当起没有薪酬的编外后勤。

  庄桂淦夫妇二人扎根山区校园,为孩子筑起一处可以依靠的港湾。清晨督促孩子晨读;深夜巡查宿舍,关注孩子健康安全……

  庄桂淦夫妇也在社会上四处奔走,争取教育资金。老旧校舍完成改造,学校先后建成留守儿童服务示范站、大学生社会实践基地。

  夫妇俩坚守乡村教育的事迹,让他们获得了一些荣誉,老两口却始终淡然:“我们没有丰厚的物质财富,孩子们就是我们最大的财富。”庄校长朴实的话语,道出一名乡村教育者的精神底色。

图说 1 :9月7日,庄桂淦在西津畲族小学校园的升旗仪式后讲话。新华社发(黄杰敏摄)

图说 2 :9月7日,在西津畲族小学,梁纯爱向孩子讲解酸枣制作工序。新华社发(黄杰敏摄)