
နန်နင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဆောက်လုပ်ပြီးစီး၍ ရေကြောင်းဖြတ်သန်းသွားလာတော့မည်ဖြစ်သော ဖိန်လုတူးမြောင်းသည် အနောက်ပိုင်းဒေသ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း စင်္ကြံသစ်၏ အဓိကစီမံကိန်းဖြစ်သည်။ ကွမ်ရှီးဒေသသည် “အဓိကဝင်ရိုးတစ်ခုဖြင့် ဦးဆောင်၍ ဘေးနှစ်ဖက် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကုန်းကြောင်း-ပင်လယ်ရေကြောင်း ပေါင်းစပ်ညှိနှိုင်း၍ နယ်ပယ်ပေါင်းစုံ ပင်လယ်ဆီသို့ ရှေးရှုခြင်း” ဟူသော အထွေထွေ အခင်းအကျင်းအတိုင်း တောင်နှင့်မြောက် ဆက်သွယ်ထားသော လမ်းကွန်ရက်များကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်၍ အရှေ့-အနောက် လမ်းကြောင်းများကို အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ကာ ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သော ဘက်ပေါင်းစုံ ပါဝင်သည့် ပင်လယ်ထွက် သယ်ယူပို့ဆောင်ရေး ကွန်ရက်ကို အရှိန်အဟုန်မြှင့် အဆင့်မြှင့်တင်လျက်ရှိသည်။
ဖိန်လုတူးမြောင်း ရေကြောင်းစတင်ဖွင့်လှစ်ပြီးနောက် ကွမ်ရှီးဒေသနှင့် အနောက်တောင်ပိုင်းဒေသများအတွက် အာဆီယံသို့ ဦးတည်သည့် အကွာအဝေးအတိုဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံး ပင်လယ်ထွက်ပေါက်လမ်းကြောင်းကို တိုက်ရိုက်ဖြစ်ပေါ်လာသည်။ ယင်းမှာ မြစ်-ပင်လယ် တိုက်ရိုက်သွားလာနိုင်သော သင်္ဘောများသည် သင်္ဘောပြောင်းလဲရန်နှင့် တစ်ဆင့်မပြောင်းရန် မလိုတော့ဘဲ ပြည်တွင်းမြစ်ဝှမ်းဆိပ်ကမ်းများမှတစ်ဆင့် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်းဆိပ်ကမ်းများနှင့် အာဆီယံနိုင်ငံများရှိ အဓိကဆိပ်ကမ်းများသို့ တိုက်ရိုက် ခုတ်မောင်းသွားလာနိုင်မည်ဖြစ်ပြီး အနောက်တောင်ပိုင်း ကုန်းတွင်းပိုင်းဒေသအား “ကုန်းတွင်းပိုင်း အစွန်အဖျား” မှ “တံခါးဖွင့် စီးပွားရေး၏ ရှေ့တန်း” သို့ အသွင်ကူးပြောင်းစေကာ အနောက်ပိုင်းဒေသနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးတို့ကို အပြန်အလှန် စနစ်တကျ ချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။
ဖိန်လုတူးမြောင်း၏ စုစုပေါင်းအရှည်မှာ ၁၃၄.၂ ကီလိုမီတာရှိပြီး ပြည်တွင်းရေကြောင်း အဆင့် (၁) ရေလမ်းကြောင်းအတိုင်း တည်ဆောက်ထားရာ တန်ချိန် ၅,၀၀၀ အဆင့်ရှိ သင်္ဘောများ သွားလာခုတ်မောင်းနိုင်သည်။ ယင်းတူးမြောင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း နိုင်ငံတော်အဆင့် စနစ်တကျ စီမံကိန်းချ တည်ဆောက်သည့် ပထမဆုံးသော မြစ်နှင့်ပင်လယ်ကို ချိတ်ဆက်ပေးသည့် တူးမြောင်းဖြစ်ကာ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ဆောက်လုပ်ပြီးစီး၍ ရေကြောင်းသွားလာနိုင်ရန် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
----------------
(Chinese Version)
向海而行 平陆运河补强向海交通版图
即将建成通航的平陆运河是西部陆海新通道骨干工程。广西正按照“一轴牵引、两翼联动,陆海统筹、全域向海”总体布局,加快完善贯通南北、联动东西、覆盖全域的立体式向海交通网络。
平陆运河通航后,直接形成广西及西南地区通往东盟方向运距最短、成本更优、效率更高的出海通道,江海直达船可全程不换船、不中转,从内河港口直通我国沿海港口和东盟国家主要港口,促进西南腹地从“内陆末梢”走向“开放前沿”,推动西部地区与高质量共建“一带一路”有机衔接。
平陆运河全长134.2公里,按内河Ⅰ级航道建设,可通航5000吨级船舶,是新中国成立以来首条国家层面统筹建设的通江达海运河,于2022年8月28日开工建设,将于今年9月16日建成通航。
图说 1 :9月4日在广西钦州市拍摄的沙井钦江大桥,此处是平陆运河的出海口(无人机照片)。新华社发(敖帅昌摄)
图说 2 :8月18日在广西南宁横州市平塘江口拍摄的平陆运河起点(无人机照片)。新华社发(敖帅昌摄)








