တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၊ ဟဲ့ပိမြို့၊ ကျွန့်ရှန့်ခရိုင်၊ ရှီးယန်ချီထွန်ကျေးရွာ နီကူးကူး ရွှံ့စေးရုပ်ထုတ်ကုန်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၊ ဟဲ့ပိမြို့၊ ကျွန့်ရှန့်ခရိုင်၊ ရှီးယန်ချီထွန်ကျေးရွာ နီကူးကူး ရွှံ့စေးရုပ်ထုတ်ကုန်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲ့ပိ (ဟဲနန်)၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၊ ဟဲ့ပိမြို့၊ ကျွန့်ရှန့်ခရိုင်၊ ရှီးယန်ချီထွန်ကျေးရွာသည် “နီကူးကူ (ရွှံ့စေးရုပ်) + လေ့လာသင်ယူမှုခရီးစဉ် + ယဉ်ကျေးမှုတီထွင်ဖန်တီးမှု + E-commerce ပျိုးထောင်ရေး” ဟူသော တောင်သူလယ်သမားများနှင့် ချိတ်ဆက်ကာ အကျိုးဖြစ်ထွန်းစေသည့် နမူနာပုံစံကို စတင်တည်ထောင်ခဲ့သည်။ ယင်းသည် နီကူးကူး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို အဓိကမောင်းနှင်အားအဖြစ် အသုံးပြုကာ ယဉ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်းခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ လေ့လာသင်ယူမှုအတွေ့အကြုံ၊ e-commerce မှတစ်ဆင့် ဖြန့်ချိခြင်းနှင့် ကျေးလက်ခရီးသွားလုပ်ငန်း ကွင်းဆက်တစ်ခုလုံးကို ချိတ်ဆက်ပေးကာ ရိုးရာလက်မှုအနုပညာကို ထုတ်ကုန်တစ်ခုတည်းထုတ်လုပ်ခြင်းမှ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်သည့် အသွင်ပြောင်းလဲမှုဆီသို့ မြှင့်တင်ဆောင်ရွက်ပေးကာ ရွှံ့စေးရုပ်အနုပညာဖြင့် ကျေးလက်နေပြည်သူများ ချမ်းသာကြွယ်ဝရေး လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရန် ဦးဆောင်လျက်ရှိသည်။

ကျွန့်ရှန့်ခရိုင် နီကူးကူး သည် ကျွန့်ရှန့်ခရိုင်၏ ရွှံ့စေးအရောင်တင်ရုပ်တုများကို ခေါ်ဝေါ်သော အမည်ဖြစ်ပြီး ၎င်း၏အမြီးတွင် အပေါက်ငယ်တစ်ခုပါရှိကာ မှုတ်လိုက်သည့်အခါ “ကူးကူး” ဟူသော အသံထွက်ပေါ်လာခြင်းကြောင့် ထိုကဲ့သို့အမည်တွင်လာခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် “ရွှံ့စေးရုပ် - ကျွန့်ရှန့်ခရိုင် နီကူးကူး” ကို ပထမအသုတ်မြောက် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နာမည်စာရင်းတွင် ပါဝင်ရန် ရွေးချယ်ခဲ့သည်။ (Xinhua)

……………….

(Chinese Version)

活力中国调研行|非遗焕发新活力 泥塑带动致富路

新华社照片,鹤壁(河南),2026年9月10日

近年来,河南省鹤壁市浚县西杨玘屯村创立“泥咕咕+研学+文创+电商孵化”联农带农模式,探索以泥咕咕非遗为核心引擎,打通文化传承、产品生产、研学体验、电商传播、乡村旅游全链条,推动传统民俗手艺从单一工艺品生产向农文旅综合转型,用泥塑带动村民走向致富路。 浚县泥咕咕是浚县泥彩塑的俗称,因其尾部有一小孔,一吹能发出“咕咕”的声响而得名。2006年,“泥塑——浚县泥咕咕”入选第一批国家级非物质文化遗产名录。

图说:这是9月10日在河南省鹤壁市西杨玘屯村拍摄的泥咕咕产品。 新华社记者 张帆 摄