တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့အား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့အား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မရေရာသော ကမ္ဘာ့အခြေအနေများအကြား ကမ္ဘာ့စီးပွားရေး တိုးတက်မှု မြှင့်တင်ရာတွင်လည်းကောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ရာတွင်လည်းကောင်း BRICS သည် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု တောင်အာဖရိက ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

အဖွဲ့၏ ကြီးထွားလာသော စီးပွားရေးအင်အား၊ ပိုမိုကျယ်ပြန့်လာသော စျေးကွက်များနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံနှင့် နည်းပညာတို့တွင် နက်ရှိုင်းလာသော ပူးပေါင်းဆောင်ရွက်မှုတို့နှင့်အတူ BRICS သည် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုကွဲပြားစုံလင်သော ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုးနိုင်သည့် အခြေအနေ၌ ရှိနေသည်ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ ဒါဘန် နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဇမိုကူလဲ အမ်ဘန်းဒယ်လ်ဝါက ပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် BRICS ရဲ့ ပံ့ပိုးမှုဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို ဖွဲ့စည်းပုံနဲ့ မဟာဗျူဟာပိုင်းအရလည်း ပိုပြီးအားကောင်းလာပါတယ်” ဟု ယင်းတက္ကသိုလ်၌ အခြေစိုက်သည့် တောင်အာဖရိက သုတေသနအဖွဲ့အစည်း BRICS သုတေသနအင်စတီကျု၏ အဖွဲ့ဝင်လည်းဖြစ်သူ အမ်ဘန်းဒယ်လ်ဝါက ဆိုသည်။

BRICS အဖွဲ့၏ အရွယ်အစားကြီးမားပြီး ပိုမိုကြီးထွားလာသော လူဦးရေသည် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အခြေခံအဆောက်အအုံနှင့် နည်းပညာအတွက် များပြားသော ဝယ်လိုအားကို ဖန်တီးပေးလျက်ရှိပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ပိုမိုကျယ်ပြန့်သော အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသည်ဟု အမ်ဘန်းဒယ်လ်ဝါက ပြောသည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေမှု၊ ပထဝီနိုင်ငံရေး တင်းမာမှု၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ခေါင်းထောင်လာမှုနှင့် ထောက်ပံ့ကွင်းဆက် ပြဿနာများကြားတွင် BRICS အဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ဖြန့်ကြက်စီမံရန်နှင့် ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုအားကောင်းစေရန် အရေးပါသော ပလက်ဖောင်းတစ်ခုကို ပေးစွမ်းလျက်ရှိသည်ဟု အမ်ဘန်းဒယ်လ်ဝါက ပြောသည်။

“BRICS အဖွဲ့ဟာ ပိုမိုကွဲပြားစုံလင်ပြီး ဗဟုအသွင် ကမ္ဘာ့စီးပွားရေး၏ အဓိက မောင်းနှင်အားတွေထဲကတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအလားအလာဟာ အဖွဲ့ရဲ့ အရွယ်အစားအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ စီးပွားရေးပေါင်းစည်းမှု အတိုင်းအတာအပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ အခြေခံအဆောက်အအုံ ချိတ်ဆက်မှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်တွင်းငွေကြေးဖြင့် ဘဏ္ဍာငွေထောက်ပံ့မှုနှင့် အပြန်အလှန် ချိတ်ဆက်နိုင်သော ငွေပေးချေမှုစနစ်များသည် အဖွဲ့၏ စီးပွားရေးအရ အားသာချက်ကို လက်တွေ့ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များအဖြစ် ပြောင်းလဲပေးရန် အထောက်အကူပြုနိုင်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

BRICS ၏ အဖွဲ့ဝင်တိုးချဲ့မှုသည် ၎င်း၏ စုပေါင်းစီးပွားရေးအင်အားကို ခိုင်မာစေခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအချင်းချင်း စီးပွားရေး မိတ်ဖက်ဆက်ဆံရေးအတွက် အခွင့်အလမ်းများ ပိုမိုဖွင့်လှစ်ပေးခဲ့သည်ဟု အမ်ဘန်းဒယ်လ်ဝါက ပြောသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260911/829d7b706d974ef6ba75ac72266b162d/c.html

..................................

(English Version)

BRICS features more prominently in Global South development, says academic

JOHANNESBURG, Sept. 11 (Xinhua) -- The BRICS is playing an increasingly important role in promoting global economic growth, advancing South-South cooperation and strengthening the voice of developing countries amid a world of uncertainty, a South African academic has said.

With its growing economic weight, expanding markets and deepening cooperation in trade, investment, infrastructure and technology, the BRICS is well positioned to contribute more to the development of the Global South and a more diversified global economy, Zamokuhle Mbandlwa, a professor at the Durban University of Technology, said in a recent interview with Xinhua ahead of the upcoming 18th BRICS Summit in New Delhi, India.

"The contribution of the BRICS to global growth is significant, structural and increasingly strategic," said Mbandlwa, also a member of the BRICS Research Institute, a South African research organization based at the university.

Mbandlwa said the group's large and growing populations are creating substantial demand for goods, services, infrastructure and technology, generating wider benefits through trade and investment.

Against a sluggish global growth, geopolitical tensions, rising protectionism and supply-chain disruptions, the BRICS is also providing an important platform for developing economies to diversify economic ties and strengthen resilience, Mbandlwa said.

"BRICS can become one of the principal engines of a more diversified and multipolar global economy, but this potential will depend on the depth of economic integration rather than simply the size of the grouping," he said.

Greater intra-BRICS trade and investment, infrastructure connectivity, technological cooperation, local-currency financing and interoperable payment systems could help translate the grouping's economic weight into practical development outcomes, the professor added.

According to Mbandlwa, the expansion of the BRICS has strengthened its collective economic weight and opened up more opportunities for trade, investment, financial cooperation and South-South economic partnerships.

https://english.news.cn/20260911/829d7b706d974ef6ba75ac72266b162d/c.html

Photo caption: This photo taken on Aug. 10, 2023 shows the view of Johannesburg, South Africa. (Xinhua)