
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ သွားရောက်၍ ၁၈ ကြိမ်မြောက် BRICS နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က စက်တင်ဘာ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားခဲ့သည်။
မော်နင်က BRICS သည် လက်ရှိကမ္ဘာကြီးတွင် အရေးကြီးဆုံး ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းဖြစ်ကြောင်း၊ စတင်တည်ထောင်ပြီးနောက် BRICS နိုင်ငံများသည် တံခါးဖွင့်လှစ်၍ အားလုံးပါဝင်သော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်သော BRICS စိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ကာကွယ်ရန်၊ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိရာ နာမည်နှင့် ကိုက်ညီသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပထမအစုအဖွဲ့ ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် BRICS ပူးပေါင်းဆောင်ရွက်မှုအား များစွာအလေးထား၍ တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း၊ ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေး တက်ရောက်၍ အရေးကြီးအမှာစကား ပြောကြားမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ အကြီးအကဲများနှင့် လက်ရှိနိုင်ငံတကာအခြေအနေ၊ BRICS ယန္တရား ဖွံ့ဖြိုးတိုးတက်မှု၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး စသည့် အရေးကြီးကိစ္စများနှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဖလှယ်ကာ တရုတ်နိုင်ငံ၏ အရေးကြီးအစီအမံများ အဆိုပြုသွားမည်ဖြစ်ရာ “Greater BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက် သတ်မှတ်ရန်အတွက် ဦးဆောင်ပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက BRICS ဘက်အသီးသီးနှင့်အတူကြိုးပမ်း၍ “Greater BRICS ပူးပေါင်းဆောင်ရွက်မှု” ရေရှည်တည်ငြိမ်စွာ ရှေ့ဆက်နိုင်ရန် အားဖြည့်ပေးပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန်အတွက် BRICS အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
သက်ဆိုင်ရာမေးမြန်းမှုကို ဖြေကြားရာ၌ မော်နင်က တရုတ်-အိန္ဒိယ နှစ်ဖက်သည် သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် စီစဉ်နေကြောင်း၊ ယင်းသည် နှစ်နိုင်ငံအကြီးအကဲများက ကာဇန်၊ ထျန်းကျင်း တွေ့ဆုံဆွေးနွေးမှုပြီးနောက် သုံးနှစ်ဆက်တိုက် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအရ မြင့်မားသော မဟာဗျူဟာမြောက်နှင့် ရေရှည်ရှုထောင့်မှ တရုတ်-အိန္ဒိယ ဆက်ဆံရေးကို ရှုမြင်၍ ချိတ်ဆက်မှုမြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ ကွဲလွဲမှုများအား လျော်ကန်စွာ ဖြေရှင်းခြင်းဖြင့် အိမ်နီးချင်းသင့်မြတ်ကာ ချစ်ကြည်ရင်းနှီးသော မိတ်ဆွေ၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေသော မိတ်ဖက်အဖြစ် လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部介绍习近平主席出席金砖国家领导人会晤安排
新华社北京9月11日电(记者邵艺博、王慧慧)应印度共和国总理莫迪邀请,国家主席习近平将于9月12日至13日赴印度新德里出席金砖国家领导人第十八次会晤。外交部发言人毛宁11日在例行记者会上介绍有关安排和中方期待。
毛宁说,金砖是当今世界最重要的新兴市场和发展中国家团结合作平台。自成立以来,金砖国家秉持开放包容、合作共赢的金砖精神,致力于捍卫多边主义、维护公平正义、谋求共同发展,已经成为名副其实的全球南方第一方阵。
她说,中方高度重视并积极参与金砖合作。本次会晤中,习近平主席将出席会议并发表重要讲话,同各国领导人就当前国际形势、金砖机制发展、深化务实合作等重大问题深入交流,提出中方重要倡议主张,为“大金砖合作”高质量发展定向领航。中方愿同金砖各方一道努力,助力“大金砖合作”行稳致远,为推动构建人类命运共同体作出金砖贡献。
在回答相关提问时,毛宁表示,中印双方正在安排习近平主席同印度总理莫迪举行双边会晤。这将是两国领导人继喀山、天津会晤后,连续第三年会晤。中方愿同印方一道,按照两国领导人的战略引领,从战略高度和长远角度把握中印关系,加强沟通,增进合作,妥处分歧,做睦邻友好的朋友、相互成就的伙伴。(完)
图说:2025年9月8日晚,国家主席习近平出席金砖国家领导人线上峰会,并发表题为《团结合作 砥砺前行》的重要讲话。新华社记者 黄敬文 摄








