
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဉာဏ်ရည်တု (AI) သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်နေပြီး ဘက်အသီးသီးအနေဖြင့် တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်မှု၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုမှု၊ စေတနာကောင်းမှု ဟူသည့် အခြေခံမူကို အခိုင်အမာ လက်ကိုင်ထားသင့်ကြောင်း၊ တံခါးပိတ်၍ အခြားသူအား ဖယ်ကြဉ်သည့် “အဖွဲ့ငယ်” များ ပြုလုပ်ခြင်း၊ ပထဝီနိုင်ငံရေး တွက်ချက်မှု လုပ်ဆောင်ခြင်းတို့သည် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက နည်းပညာ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှု ဖော်ဆောင်ရန် အကျိုးမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မီဒီယာများ၏ သတင်းဖော်ပြချက်အရ ပနားမားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် ရှေ့ရက်အနည်းငယ်က ရုံးတွင်း မီဒီယာရှင်းလင်းပွဲ ကျင်းပပြီး ပနားမားနိုင်ငံ၌ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တု (AI) ထောက်ပံ့ရေးကွင်းဆက် အသိအမှတ်ပြုမှုနှင့် ဇာစ်မြစ်ရှာဖွေမှု ပလက်ဖောင်း ရှေ့ပြေးစီမံကိန်း တည်ဆောက်မည့် အကြောင်းအရာကို မိတ်ဆက်ခဲ့ရာ စီမံကိန်းက သုံးသပ်သည့်အဆင့်သို့ ရောက်ရှိနေပြီဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဆိုခဲ့သည်။
ထိုစီမံကိန်းသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အဓိကသတ္တုတွင်းထွက်၊ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အဦ ထုတ်ကုန် စသည့် ကုန်ပစ္စည်းများ၏ မူရင်းထွက်ပေါ်ရာဒေသ၊ ပို့ဆောင်ရေးလမ်းကြောင်းနှင့် စည်းမျဉ်းစည်းကမ်း ကိုက်ညီမှု အခြေအနေအား အသိအမှတ်ပြုမှု လုပ်ဆောင်ပေးမည်ဟု ဆိုထားသော်လည်း လက်တွေ့တွင် အမေရိကန်က နည်းပညာ ထုတ်လုပ်ပံ့ပိုးမှုကွင်းဆက်အတွက် ဝန်ဆောင်မှုပေးပြီး တရုတ်နိုင်ငံ နည်းပညာအပေါ်ပိတ်ဆို့မှုဖြစ်သည်ဟု မီဒီယာများက သုံးသပ်ပြောကြားကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ သတင်းဖော်ပြချက်ကို သတိပြုမိကြောင်း၊ ဉာဏ်ရည်တု (AI) သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်နေရာ ဘက်အသီးသီးအနေဖြင့် တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်မှု၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုမှု၊ စေတနာကောင်းမှု ဟူသည့် အခြေခံမူကို အခိုင်အမာ လက်ကိုင်ထားသင့်ကြောင်း၊ တံခါးပိတ်၍ အခြားသူအား ဖယ်ကြဉ်သည့် “အဖွဲ့ငယ်” များ ပြုလုပ်ခြင်း၊ ပထဝီနိုင်ငံရေး တွက်ချက်မှု လုပ်ဆောင်ခြင်းတို့သည် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက နည်းပညာ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှု ဖော်ဆောင်ရန် အကျိုးမရှိကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ လက်တင်အမေရိကနဲ့ ကာရေဘီယံနိုင်ငံ စတဲ့ ဘက်အသီးသီးနဲ့အတူ တရားမျှတပြီး လျော်ကန်တဲ့ ဉာဏ်ရည်တု (AI) ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား လက်တွဲတည်ဆောက်ကာ AI နဲ့ နိုင်ငံအသီးသီးပြည်သူတွေကို အကျိုးပြုအောင် တွန်းအားပေး လုပ်ဆောင်သွားလိုတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:地缘政治算计不利于全球南方实现技术发展
新华社北京9月10日电(记者万倩仪)外交部发言人郭嘉昆10日表示,人工智能关乎全人类共同福祉,各方应坚持开放、包容、普惠、向善原则。设置封闭排他的“小圈子”,搞地缘政治算计,不利于包括拉美和加勒比国家在内的全球南方实现技术发展和进步。
当日例行记者会上,有记者问:据媒体报道,近日,美国驻巴拿马使馆举行内部媒体吹风,介绍在巴拿马建设全球首个人工智能供应链认证与溯源平台试点项目,透露项目已进入评估阶段。媒体评论,该项目将对半导体、关键矿产、人工智能基础设施产品等货物的原产地、运输路径和合规状态进行认证,实质上是服务美国控制科技产供链,对华科技围堵。中方对此有何评论?
郭嘉昆表示,中方注意到有关报道。人工智能关乎全人类共同福祉,各方应坚持开放、包容、普惠、向善原则。设置封闭排他的“小圈子”,搞地缘政治算计,不利于包括拉美和加勒比国家在内的全球南方实现技术发展和进步。“中方愿同拉美和加勒比国家等各方携手构建公正合理的人工智能全球治理体系,推动人工智能惠及各国人民。”(完)








