
နန်ကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
နိုင်ငံတကာ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှု တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ စတင်တည်ထောင်ခြင်း ညီလာခံကို စက်တင်ဘာ ၁၀ ရက်က တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွန်ကန်မြို့၌ ကျင်းပရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အယူအဆနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်တို့ကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်ရန်၊ တရားဥပဒေစိုးမိုးရေးစိတ်ဓာတ်ကို အခိုင်အမာစောင့်ထိန်းကာ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများကို ပြည့်စုံကောင်းမွန်စေရန်၊ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုကို လက်ကိုင်ထား၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်များကို ခိုင်မာအောင် တည်ဆောက်ရန်၊ စည်းမျဉ်းစည်းကမ်း လမ်းညွှန်မှုကို လက်ကိုင်ထား၍ လိမ်လည်မှုတိုက်ဖျက်ရေး စီမံခန့်ခွဲမှုစနစ်အား ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရန်၊ လက်တွေ့စစ်ဆင်ရေးလမ်းညွှန်မှုကို လက်ကိုင်ထား၍ ပူးတွဲတိုက်ဖျက်ရေးထိရောက်မှုအား မြှင့်တင်ရန်၊ စွမ်းရည်အတူတည်ဆောက်မှုကို လက်ကိုင်ထား၍ အရင်းအမြစ်နှင့် နည်းလမ်းများ မျှဝေမှု တွန်းအားပေးရန်၊ ယန္တရားချိတ်ဆက်မှုကို လက်ကိုင်ထား၍ အလုံးစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ဆောင်ရွက်သွားလိုကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
မဟာမိတ်အဖွဲ့ကို ကမ္ဘာ့လိမ်လည်မှုတိုက်ဖျက်ရေး စီမံခန့်ခွဲမှုအတွက် အရေးပါသော စင်မြင့်၊ ဘက်စုံတရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာအသစ်၊ ဘုံလုံခြုံရေးကို ကာကွယ်စောင့်ရှောက်သည့် ခိုင်မာသော အကာအကွယ်အဖြစ် အတူတကွ တည်ဆောက်ကာ ကမ္ဘာလုံးဆိုင်ရာအများပြည်သူလုံခြုံရေး စီမံခန့်ခွဲမှုစနစ် ပြည့်စုံကောင်းမွန်လာစေရေးအတွက် စွမ်းအင်အသစ်များ ပံ့ပိုးပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရှောင်ဟုန်က ဘက်ပေါင်းစုံအနေဖြင့် လက်တွဲညီညီ တစ်စိတ်တစ်ဝမ်းတည်း စုပေါင်းအင်အားဖြင့် လက်ရုံးရည်၊ နှလုံးရည်သုံး ဆောင်ရွက်ကြရန်၊ မဟာမိတ်အဖွဲ့၏ လက်တွေ့အသွင် တည်ဆောက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်၊ အဓိကဒေသများ၊ အဓိကအမှုများနှင့် အဓိကကွင်းဆက်များကို ဗဟိုပြု၍ ပုံမှန်အသွင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာ မြှင့်တင်ဖော်ဆောင်ရန်၊ ကျွမ်းကျင်မွမ်းမံသင်တန်းများနှင့် ပူးတွဲလေ့ကျင့်ခန်းများ စီစဉ်ပြုလုပ်ကာ အလုံးစုံစွမ်းရည်မြှင့်တင်မှုကို အရှိန်မြှင့်ရန်၊ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုများ ပြန့်ပွားနေမှုကို အခိုင်အမာ တားဆီးနှိမ်နင်းရန်၊ နိုင်ငံအသီးသီး ပြည်သူများ၏ ချမ်းသာသုခကို အခိုင်အမာ အာမခံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မဟာမိတ်အဖွဲ့ တည်ထောင်ရန် စတင်အဆိုပြုသည့် နိုင်ငံများနှင့် စတင်တည်ထောင်သည့် နိုင်ငံအချို့၏ ကိုယ်စားလှယ်များက အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ဝမ်ရှောင်ဟုန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (လျန်ယွင်ကန်) ကွန်ဖရင့်သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အဇာဘိုင်ဂျန်နိုင်ငံ အမျိုးသားလုံခြုံရေးဌာန အကြီးအကဲ Ali Naghiyev ၊ ကမ္ဘောဒီးယားနိုင်ငံ အဆင့်မြင့် ဝန်ကြီးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မရှင် အထွေထွေအတွင်းရေးမှူးချုပ် Chhay Sinarith ၊ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail ၊ အာမေးနီးယားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ Armenia Artur Poghosyan ၊ ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးနှင့် မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး ဝန်ကြီး Syed Mohsin Raza Naqvi တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။
Ali Naghiyev နှင့်တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသော သဘောတူညီမှုများကို လမ်းညွှန်မှုအဖြစ် ထားရှိကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော် စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ နိုင်ငံရပ်ခြားတွင် အကျိုးစီးပွားကာကွယ်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ စမှတ်သစ်တွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို အတူတကွ ရေးသားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Ali Naghiyev က အဇာဘိုင်ဂျန်ဘက်အနေဖြင့် တရုတ်နိုင်ငံနှင့် နီးကပ်စွာ ဆက်သွယ်မှုထားရှိကာ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နှစ်ဖက်အနေဖြင့် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
Chhay Sinarith နှင့်တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုများကို ရှင်းလင်းတိုက်ဖျက်မည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်မှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးစွမ်းရည် မြှင့်တင်မှုကို ဆက်လက်ပံ့ပိုးကာ ဆက်သွယ်ရေးလိမ်လည်မှု ဟူသော "အမြစ်တွယ်နေသည့် အဆိပ်အတောက်" ကို အမြစ်ဖြတ်ရှင်းလင်းပစ်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် လုံခြုံမှုကို လက်တွေ့ကျကျ ကာကွယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Chhay Sinarith က နိုင်ငံတကာ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှု တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ စတင်တည်ထောင်ခြင်းညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုကို ဂုဏ်ပြုကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှု ကမ္ဘာအနှံ့ပြန့်ပွားမှုကို တားဆီးနိုင်ရေးအတွက် ယုံကြည်မှုနှင့် မျှော်လင့်ချက်အပြည့်ရှိကြောင်း ပြောကြားခဲ့သည်။
Saifuddin Nasution Ismail နှင့် တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည်ဖော်ရန်၊ ယန္တရားတည်ဆောက်မှုကို အားကောင်းစေရန်၊ ဘက်စုံညှိနှိုင်းမှုကို အားဖြည့်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေး စသည့် နယ်ပယ်များတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ အဆင့်မြင့် မဟာဗျူဟာမြောက် တရုတ်-မလေးရှား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပံ့ပိုးမှုအသစ်များ ပြုလုပ်လိုကြောင်း ပြောကြားခဲ့သည်။
Saifuddin Nasution Ismail က မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ကိုတည်ထောင်ရန် တရုတ်နိုင်ငံက စတင်အဆိုပြုခဲ့မှု၏ တာဝန်ယူမှုကို အလွန်တန်ဖိုးထားကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး စသည့် အဓိကနယ်ပယ်များတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်း ပြောကြားခဲ့သည်။
Armenia Artur Poghosyan နှင့် တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် အာမေးနီးယားနိုင်ငံနှင့်အတူ တရားဥပဒေစိုးမိုးရေးဌာနများအကြား ဖလှယ်မှုနှင့် သွားလာမှုကို နီးကပ်စေရန်၊ နိုင်ငံဖြတ်ကျော် စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန်၊ "ရပ်ဝန်းနှင့်ပိုးလမ်းမ" အရည်အသွေးမြင့် အတူတည်ဆောက်ရေးဆိုင်ရာ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို ပိုမိုများပြားသော လက်တွေ့ရလဒ်များအဖြစ် ပြောင်းလဲလိုကြောင်း ပြောကြားခဲ့သည်။
Armenia Artur Poghosyan က အာမေးနီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပုံမှန်ညှိနှိုင်းဆက်သွယ်ဆောင်ရွက်ရေးယန္တရားကို ပြည့်စုံကောင်းမွန်စေကာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာနက်ရှိုင်းလာစေရန် စဉ်ဆက်မပြတ် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နှစ်ဖက်အနေဖြင့် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
Syed Mohsin Raza Naqvi နှင့် တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသော သဘောတူညီချက် လမ်းညွှန်မှုအောက်တွင် ဆက်သွယ်ညှိနှိုင်းဖလှယ်မှုများကို ပိုမိုအားဖြည့်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး တရုတ်-ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆက်လက်နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။
Syed Mohsin Raza Naqvi က တရုတ်နိုင်ငံ၏ ကာလရှည်ကြာ ပံ့ပိုးမှုနှင့် ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ပါကစ္စတန်ရှိ တရုတ်ပြည်သူများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံမှုကို ကာကွယ်ရန် ပိုမိုလက်တွေ့ကျသော အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
国际打击电信网络诈骗联盟成立大会举行 王小洪出席并致辞
新华社南京9月10日电(记者董雪、李明辉)国际打击电信网络诈骗联盟成立大会10日在江苏连云港举行,国务委员、公安部部长王小洪出席并致辞。
王小洪指出,中方愿同各方一道,积极践行人类命运共同体理念和四大全球倡议,坚守法治精神、完善合作机制,坚持平等包容、筑牢多边合作根基,坚持规则引领、健全反诈治理体系,坚持实战导向、提升联合打击效能,坚持能力共建、推动资源手段共享,坚持机制对接、加强整体协调联动,共同把联盟建设成为全球反诈治理重要平台、多边执法合作崭新标杆、守护共同安全坚实屏障,为完善全球公共安全治理贡献新动能。
王小洪表示,希望各方携手同心、群策群力,加速推进联盟实体化建设,围绕重点区域、重点案件、关键链条稳步推进常态化执法合作,组织开展专业培训、联合演练加快推进整体能力提升,坚决遏制跨国电诈犯罪蔓延态势,坚决保障各国人民福祉。
联盟发起国和部分创始国代表发言,国际组织代表致贺辞。
同日,王小洪分别会见了来华出席全球公共安全合作论坛(连云港)2026年大会的阿塞拜疆国家安全总局总局长纳吉耶夫、柬埔寨国务大臣兼打击网络诈骗委员会秘书长柴西纳列、马来西亚内政部部长赛义夫丁、亚美尼亚调查委员会主席波戈相、巴基斯坦内政与禁毒部部长纳克维。
在会见纳吉耶夫时,王小洪表示,希望双方以两国元首重要共识为指引,在反恐、打击跨国有组织犯罪、海外利益保护等领域深化合作,在新起点上共同书写执法安全合作新篇章。纳吉耶夫表示,阿方愿同中方保持密切沟通,推动两国执法安全合作不断向前发展。双方签署有关合作文件。
在会见柴西纳列时,王小洪表示,中方赞赏柬方清剿电诈犯罪的决心和行动,将继续支持柬方提升执法能力,彻底铲除电诈“毒瘤”,切实维护两国人民利益和安全。柴西纳列表示,祝贺国际打击电信网络诈骗联盟成立大会成功举行,对遏制电诈全球蔓延充满信心和期待。
在会见赛义夫丁时,王小洪表示,中方愿同马方认真落实两国领导人重要共识,强化机制建设,加强多边协调,在反恐、禁毒、打击网赌电诈、网络安全等领域全面深化合作,为构建高水平战略性中马命运共同体作出新贡献。赛义夫丁表示,马方高度赞赏中方发起成立国际打击电信网络诈骗联盟的责任担当,愿同中方在打击网赌电诈等重点领域深化务实合作。
在会见波戈相时,王小洪表示,中方愿同亚方密切执法部门交流交往,合力打击跨国有组织犯罪,加强高质量共建“一带一路”安保合作,将双方合作共识转化为更多实质成果。波戈相表示,愿同中方完善常态化沟通联络机制,不断推动执法安全合作走深走实。双方签署有关合作文件。
在会见纳克维时,王小洪表示,中方愿同巴方在两国领导人重要共识引领下,进一步加强沟通交流,在反恐、打击电诈等领域强化合作,推动中巴全天候战略合作伙伴关系持续深入发展。纳克维表示,感谢中方长期以来的支持和帮助,将采取更加务实举措保护中方在巴人员、机构和项目安全。(完)
图说1:9月10日,国际打击电信网络诈骗联盟成立大会在江苏连云港举行,国务委员、公安部部长王小洪出席并致辞。 新华社记者 李博 摄
图说2:9月10日,国际打击电信网络诈骗联盟成立大会在江苏连云港举行,国务委员、公安部部长王小洪出席。 新华社记者 李博 摄








