နီပေါနိုင်ငံ ခတ္တမန္ဒူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ ပေးပို့သော ဒုတိယအသုတ် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ ခတ္တမန္ဒူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ ပေးပို့သော ဒုတိယအသုတ် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၁၀ ရက် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများကို ဖြေကြားရာတွင် ယခုအကြိမ် ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် အရေးပေါ် ကယ်ဆယ်ရေးနှင့် မိမိကိုယ်ကို ကယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပထမဆုံးအချိန်တွင်ပင် နီပေါနိုင်ငံအား လက်ကမ်းကူညီခဲ့ပြီး နီပေါနိုင်ငံ၏ အရေးပေါ် ဘေးအန္တရာယ်ကယ်ဆယ်စီမံရေးလုပ်ငန်းများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အစဉ်အလာ ခင်မင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် နီပေါနိုင်ငံ၏ လိုအပ်ချက်အရ ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးအတွက် တတ်နိုင်သမျှ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

“နီပေါအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ နီပေါပြည်သူတွေဟာ ဘေးအန္တရာယ်ကို သေချာပေါက် ဆောလျင်စွာ ကျော်လွှားနိုင်ပြီး ၎င်းတို့ မိသားစုဥယျာဉ်ကို ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်လို ယုံကြည်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

……………………

(Chinese Version)

外交部:愿根据尼方需要为灾后重建提供力所能及帮助

新华社北京9月10日电(记者万倩仪、孙楠)外交部发言人郭嘉昆10日在例行记者会上答问时表示,此次泥石流灾害发生后,中方在紧急开展抢险自救的同时,第一时间向尼方伸出援手,支持尼方应急救灾。作为传统友好邻邦,中方愿根据尼方需要,为尼方灾后重建提供力所能及的帮助。“相信在尼泊尔政府领导下,尼泊尔人民一定能够早日战胜灾害,重建家园。”(完)

图说:这是9月1日在尼泊尔加德满都国际机场拍摄的中国对尼泊尔第二批紧急援助物资。新华社记者 刘天 摄