တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့ရှိ လျိုကုန်း မြေတူးစက် စမတ်စက်ရုံ၏ ပြင်ပမြင်ကွင်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့ရှိ လျိုကုန်း မြေတူးစက် စမတ်စက်ရုံ၏ ပြင်ပမြင်ကွင်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရာစုနှစ်၏ မဟာစီမံကိန်းဖြစ်သော ဖိန်လုတူးမြောင်းသည် မကြာမီ ဆောက်လုပ်ပြီးစီးပြီး ရေကြောင်း သွားလာနိုင်တော့မည်ဖြစ်ရာ ကွမ်ရှီးဒေသအသီးသီးသည် မိမိတို့၏ အရင်းအမြစ်များအပေါ် အခြေခံ၍ ‘သစ်ရွက်ကြော ပုံသဏ္ဌာန်’ ပင်လယ်ထွက်ပေါက် စက်မှုကွန်ရက်ထဲတွင် မိမိတို့နှင့် ကိုက်ညီသည့် အခန်းကဏ္ဍကို တိကျစွာ ဖော်ထုတ်ကာ ပင်လယ်သို့မျက်နှာမူသည့် စီးပွားရေး အရည်အသွေးမြင့်မားစွာ တိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

ကွမ်ရှီးသည် ဖိန်လုတူးမြောင်း စီးပွားရေးရပ်ဝန်းကို ပင်မမဏ္ဍိုင်အဖြစ် ထားရှိ၍ သယ်ယူပို့ဆောင်ရေး ပမာဏကြီးမားပြီး ဆိပ်ကမ်းနှင့် ရေကြောင်း ပို့ဆောင်ရေးအတွက် သင့်တော်သည့် စက်မှုလုပ်ငန်းများကို အဓိက စုစည်း ခင်းကျင်းထားသည်။

တူးမြောင်းတစ်လျှောက်တွင် ဒေသအလိုက် ကိုက်ညီသည့် ဆိပ်ကမ်းအခြေပြု စက်မှုဇုန်များကို တည်ဆောက်လျက်ရှိပြီးအထက်အောက် စက်မှုလုပ်ငန်းကွင်းဆက်များ ချိတ်ဆက်ကာ အကြီးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်သည့် စက်မှုဇုန် အစုအဝေးများကို တည်ဆောက်လျက်ရှိသည်။ အခြားဒေသများကို အကိုင်းအခက်များအဖြစ် ထားရှိပြီး ဒေသထွက် အရင်းအမြစ်လုပ်ငန်းများနှင့် အလားအလာရှိ စက်မှုလုပ်ငန်းများကို အဓိကထားကာ ပင်မ မဏ္ဍိုင်စက်မှုလုပ်ငန်းများကွင်းဆက်များအတွက် အလိုက်သင့်ပံ့ပိုးပေးလျက်ရှိသည်။ ယင်းမှာ “ပင်မ မဏ္ဍိုင်က ဦးဆောင်ကာ အကိုင်းအခက်က ထောက်ပံ့ခြင်း၊ ပင်မ မဏ္ဍိုင်က အစုအဝေးကို အားကောင်းစေကာ အကိုင်းအခက်က ထူးခြားချက်ဖော်ဆောင်ခြင်း” ဟူသော စက်မှုလုပ်ငန်း ခွဲဝေဆောင်ရွက်မှု စနစ် ဖြစ်သည်။

ဖိန်လုတူးမြောင်းသည် အနောက်ပိုင်းဒေသ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း စင်္ကြံသစ်၏ အဓိက စီမံကိန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက် နိုင်ငံတော်အဆင့် စီစဉ်ဆောင်ရွက်သည့် ပထမဦးဆုံး မြစ်-ပင်လယ် ဆက်သွယ်ရေး တူးမြောင်းကြီး ဖြစ်သည်။ ၎င်းသည် ရှီးကျန်းမြစ်မှ ပေပုပင်လယ်ကွေ့သို့ တိုက်ရိုက်သွားလာနိုင်သော ရေကြောင်းထွက်ပေါက်ကို ဖွင့်လှစ်ပေးခဲ့သည်။ စုစုပေါင်းအရှည် ၁၃၄.၂ ကီလိုမီတာရှိပြီး တန်ချိန် ၅,၀၀၀ အဆင့် သင်္ဘောများ သွားလာနိုင်ကာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် တည်ဆောက်ပြီးစီးကာ ရေကြောင်းသွားလာနိုင်ရန် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------

(Chinese Version)

向海而聚,平陆运河织密“叶脉式”向海产业布局

  世纪工程平陆运河即将建成通航,广西各地立足自身资源在“叶脉式”向海产业布局中找准定位,推进向海经济高质量发展。

  广西以平陆运河经济带为主脉,集中布局大运量、适港适水型产业,因地制宜建设运河沿线临港园区,构建上下游产业配套、大中小企业协同的产业集群;以其余区域为支脉,聚焦特色资源产业与新兴潜力产业,主动承接主脉产业链配套,形成“主脉抓龙头、支脉做配套,主脉强集群、支脉创特色”的产业分工体系。

  平陆运河是西部陆海新通道骨干工程、新中国成立以来第一条国家层面统筹的通江达海运河工程,开辟了西江至北部湾的江海直连通道。全长134.2公里,可通航5000吨级船舶,于2022年8月28日开工建设,将于今年9月16日建成通航。

图说 1 :这是9月2日在广西柳州市拍摄的柳工挖掘机智慧工厂外景(无人机照片 )。新华社记者 黄孝邦 摄

图说 2 :9月3日,工人在广西钦州市钦北区一家冷链企业加工海产品。新华社记者 黄孝邦 摄