
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း BRICS အဖွဲ့သည် ထွန်းသစ်စစျေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အဓိကစင်မြင့်တစ်ခုအဖြစ် အင်အားကြီးထွားလာခဲ့ကာ ကမ္ဘာ့ရေးရာများတွင် ယင်း၏အခန်းကဏ္ဍသည်လည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။
BRICS အဖွဲ့၌ အခိုင်အမာ ရပ်တည်ထောက်ခံသူနှင့် တက်တက်ကြွကြွ ပါဝင်သူဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမှု၊ အားလုံးလက်ခံပါဝင်နိုင်မှုနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုဟူသော BRICS စိတ်ဓာတ်ကို အစဉ်တစိုက် ထိန်းသိမ်းဆောင်ရွက်ခဲ့ကာ ဘုံတူညီသော ရည်မှန်းချက်များကို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖော်ဆောင်ရန် မိတ်ဖက်နိုင်ငံများနှင့်အတူ လက်တွဲကြိုးပမ်းလျက်ရှိသည်။
လာမည့် ထိပ်သီးအစည်းအဝေး၌ ရှီသည် ပိုမိုကျယ်ပြန့်သော BRICS ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းသစ်တစ်ရပ် ချမှတ်ရာတွင်လည်းကောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စုပေါင်းအင်အားကို စုစည်းရန်နှင့် သိသာထင်ရှားသော အပြောင်းအလဲများကို ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် အပြုသဘော အရှိန်အဟုန်များ ဖြည့်ဆည်းပံ့ပိုးပေးရာတွင်လည်းကောင်း အခြားခေါင်းဆောင်များနှင့်အတူ ပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။
ပိုမိုအားကောင်းသော BRICS အဖွဲ့ တည်ဆောက်ခြင်း
ရှီသည် တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့၌ ၂၀၁၃ ခုနှစ် မတ်လက ကျင်းပသည့် ပဉ္စမအကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကာ ယင်းသည် တရုတ်နိုင်ငံ သမ္မတအဖြစ် ၎င်း ပထမဆုံးတက်ရောက်ခဲ့သည့် နိုင်ငံတကာ ထိပ်သီးအစည်းအဝေးလည်းဖြစ်သည်။
“ကျွန်တော်တို့ BRICS အဖွဲ့ဝင်ငါးနိုင်ငံဟာ မတူညီတဲ့ တိုက်ကြီးလေးတိုက်က ဖြစ်ကြပါတယ်။ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်ဆက်ဆံရေးကို အားပေးမြှင့်တင်သွားမယ့် ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်နဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ဒီမိုကရေစီစနစ် မြှင့်တင်ရေး၊ လူသားမျိုးနွယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမယ့် မြင့်မြတ်တဲ့လုပ်ငန်းစဉ်က ကျွန်တော်တို့ကို အတူတကွ ပေါင်းစည်းပေးခဲ့တာပါ” ဟု ယင်းထိပ်သီးအစည်းအဝေး၌ အရေးကြီးမိန့်ခွန်း ပြောကြားရာတွင် ရှီက ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ ဈေးကွက်များပေါင်းစည်းရေး၊ အလွှာစုံဘဏ္ဍာရေးကွန်ရက်နှင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ချိတ်ဆက်မှု၊ ပိုမိုကျယ်ပြန့်သော ယဉ်ကျေးမှုချင်း ကူးလူးဖလှယ်မှုဟူသော ရည်မှန်းချက်ဆီသို့ ဦးတည်လျှောက်လှမ်းကြရန်လည်း BRICS အဖွဲ့ဝင်နိုင်ငံများအား ရှီက တိုက်တွန်းခဲ့သည်။
နှစ်နှစ်အကြာတွင် ရုရှားနိုင်ငံ အူဖာမြို့တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌လည်း ရှီက ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုချင်း အပြန်အလှန်ဆွေးနွေးမှုနှင့် ပိုမိုထိရောက်သော ကမ္ဘာ့စီးပွားရေး စီမံခန့်ခွဲမှုအတွက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်းခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံက BRICS အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကလည်း ရှီသည် ရှမန်မြို့တွင် ကျင်းပသည့် နဝမအကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ "BRICS Plus" ပူးပေါင်းဆောင်ရွက်မှုပုံစံကို အဆိုပြုလျက် အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် စုပေါင်းကြိုးပမ်းအားထုတ်မှုများတွင် ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုပါဝင်လာရန် တိုက်တွန်းခဲ့သည်။
ရုရှားနိုင်ငံ ကာဇန်မြို့၌ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ကျင်းပသည့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအရေအတွက် တိုးချဲ့ပြီးနောက် BRICS ခေါင်းဆောင်များ လူကိုယ်တိုင်တက်ရောက်သည့် ပထမဆုံး ထိပ်သီးအစည်းအဝေးလည်းဖြစ်သည်။ “ဘုံကြိုးပမ်းအားထုတ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်လွှမ်းခြုံနေတဲ့ လမ်းကြောင်းအတွက် ကျွန်တော်တို့ BRICS အဖွဲ့ဝင်နိုင်ငံတွေ အတူတကွ လာရောက်ဆုံစည်းခဲ့ကြတာပါ” ဟု ထိပ်သီးအစည်းအဝေး မိန့်ခွန်း၌ ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260910/b40fb46db57540d9a468a0183125d7ea/c.html


..................................
(English Version)
Xinhua Headlines: Xi to attend New Delhi summit to boost greater BRICS cooperation
BEIJING, Sept. 10 (Xinhua) -- Chinese President Xi Jinping will attend the 18th BRICS Summit in New Delhi from Sept. 12 to 13, a Chinese foreign ministry spokesperson announced on Thursday.
Over the past two decades, BRICS has grown into a major platform for cooperation among emerging markets and developing countries, with an ever-expanding role in global affairs.
China, as a staunch supporter and active participant in BRICS, has consistently upheld the BRICS Spirit of openness, inclusiveness and win-win cooperation, working with its partners to turn shared aspirations into practical cooperation and advance common development.
At the upcoming summit, Xi will join other leaders in charting a new course for the high-quality development of greater BRICS cooperation, pooling the collective strength of the Global South and contributing stability and positive momentum to a world undergoing profound changes.
BUILDING STRONGER BRICS
In March 2013, Xi attended the fifth BRICS Summit in Durban, South Africa. It was his first international summit as Chinese president.
"We, the five BRICS countries, come from four different continents. The grand goal of fostering partnership for common development and the noble cause of promoting democracy in international relations and advancing peace and development of mankind have brought us together," he said in a keynote speech at the summit.
Xi called on BRICS countries to move toward the goal of integrated markets, multi-tiered financial network, connectivity by land, air and sea, and greater cultural exchanges.
Two years later, at the seventh BRICS Summit held in Ufa, Russia, Xi called for building a partnership for world peace, common development, inter-civilization dialogue and more effective global economic governance.
When China was the BRICS chair back in 2017, Xi proposed the "BRICS Plus" cooperation model at the ninth BRICS Summit in Xiamen, calling for getting more emerging markets and developing countries involved in the group's concerted endeavors for cooperation and mutual benefits.
In October 2024, the 16th BRICS Summit in Kazan, Russia, marked the first BRICS leaders' offline summit since the group's expansion. "It is for our shared pursuit and for the overarching trend of peace and development that we BRICS countries have come together," Xi said in a speech at the summit.
https://english.news.cn/20260910/b40fb46db57540d9a468a0183125d7ea/c.html
Photo caption: This photo taken on Aug. 20, 2025 shows a view of the Rashtrapati Bhavan in New Delhi, India. (Xinhua/Wu Yue)








