
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အခြေခံပညာသင်ကြားရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ ဆိုင်းဘုတ်ဖွင့်လှစ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါစင်တာသည် SCO အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဖလှယ်မှုပလက်ဖောင်းအား တက်ကြွစွာ တည်ဆောက်သွားမည်ဖြစ်ပြီး လူငယ်များ ပြည်သူအချင်းချင်းဖလှယ်မှု၊ ဆရာများ မွမ်းမံလေ့ကျင့်ရေးနှင့် ဖလှယ်ရေး၊ ဉာဏ်ရည်တု (AI) ဖြင့် အခြေခံပညာသင်ကြားမှုကို အားဖြည့်ခြင်း စသည့် ကဏ္ဍများကို အဓိကထားကာ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ်ဆက်ချက်အရ သိရသည်။
တရုတ်-SCO အခြေခံပညာသင်ကြားရေးစင်တာကို ဆိုင်းဘုတ်ဖွင့်လှစ်ပြီးနောက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြေခံပညာသင်ကြားရေး ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို အတူမျှဝေကာ နိုင်ငံစုံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အနှစ်သာရကို တစ်ဆင့်တိုး ကြွယ်ဝအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်နှင့် စမတ်သင်ကြားရေးကို ချိတ်ဆက်မှုအဖြစ် ထားရှိကာ နိုင်ငံအသီးသီးက ပညာရေး၊ သိပ္ပံနည်းပညာ၊ လူရည်ချွန် စသည့်ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တံခါးဖွင့်လှစ်သော၊ အမျိုးစုံလင်သော၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော၊ ဘုံအကျိုးစီးပွား ဖြစ်ထွန်းသော ကမ္ဘာလုံးဆိုင်ရာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းအသစ်အား အတူတည်ဆောက်သွားလိုကြောင်း ပညာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က မိတ်ဆက်ပြောကြားခဲ့သည်။
အဆိုပါစင်တာ ရုံးခန်းနေရာသည် ပေကျင်းမြို့ ချောင်ယန်ခရိုင်၌ တည်ရှိကြောင်း သိရသည်။ ပေကျင်းမြို့ ပညာရေးဌာန သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က မြို့တော်၏ နိုင်ငံတကာဆက်ဆံရေး ဗဟို အားသာချက်အား အပြည့်အဝအသုံးချ၍ SCO အဖွဲ့ဝင်နိုင်ငံများအကြား အခြေခံပညာသင်ကြားရေး ပူးပေါင်းဖလှယ်မှုကို နက်ရှိုင်းစေကာ အဖွဲ့ဝင်နိုင်ငံအသီးသီးများအကြား အခြေခံပညာသင်ကြားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေးခြင်းဖြင့် အပြန်အလှန် နားလည်သိရှိသော၊ ချစ်ကြည်ရင်းနှီးသော ပြည်သူ့ဆန္ဒအခြေခံကို နက်ရှိုင်းစွာ အမြစ်တွယ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် အဆိုပါစင်တာသည် SCO အဖွဲ့ဝင်နိုင်ငံများ ပညာရေးဌာန၊ နိုင်ငံတစ်ဝန်း အဓိကပြည်နယ်၊ ခရိုင်၊ မြို့ အခြေခံပညာသင်ကြားရေး သက်ဆိုင်ရာဌာနများကို အတူတည်ဆောက်မှုတွင် ပါဝင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中国—上海合作组织基础教育合作中心在京揭牌
新华社北京9月10日电(记者王鹏、赵旭)中国—上海合作组织基础教育合作中心揭牌仪式10日在京举行。据介绍,中心将积极搭建与上合组织成员国的交流合作平台,重点围绕青少年人文交流、教师培养培训与交流、人工智能赋能基础教育等方面开展工作。
教育部有关负责人介绍,中国—上海合作组织基础教育合作中心揭牌后,各成员国将共享基础教育发展经验,进一步丰富多边教育合作的内涵。中国愿以数智教育为纽带,深化各国在教育、科技、人才等领域的务实合作,共同构建开放、多元、普惠、共赢的全球教育发展新格局。
据悉,中心办公地点设在北京市朝阳区。北京市教育部门有关负责人表示,将充分发挥首都国际交往中心优势,深化上合组织成员国间基础教育交流与合作,促进各成员国基础教育改革创新,厚植相知相亲的民意根基。
记者了解到,后续,中心将邀请上合组织成员国教育部门、全国重点省区市基础教育各相关单位参与共建。(完)
图说:这是2025年8月30日拍摄的2025年上海合作组织峰会主会场外景。新华社记者孙凡越摄








