
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန် တရားဥပဒေစိုးမိုးရေး အေဂျင်စီအဖွဲ့အစည်းများသည် လူလုပ် cannabinoids ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာ (precursor) ဓာတုပစ္စည်းများ ပါဝင်သော နိုင်ငံဖြတ်ကျော်အမှုတစ်မှုကို ပူးတွဲဖော်ထုတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်နှင့် အခြားနေရာများတွင် ပူးတွဲလှုပ်ရှားမှုဖြင့် ဩဂုတ်လ လလယ်ပိုင်းတွင် သံသယရှိသူ ၂၁ ဦး ဖမ်းဆီးရမိခဲ့သလို တားမြစ်စာရင်းအတွင်း ထည့်သွင်းထားခြင်းမရှိသည့် ပရီကာဆာဓာတုပစ္စည်းများ တစ်သုတ်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(English Version)
China, U.S. crack transnational synthetic cannabinoid precursor case
BEIJING, Sept. 10 (Xinhua) -- Chinese and U.S. law enforcement agencies have jointly cracked a transnational case involving precursors used to manufacture synthetic cannabinoids, China's Ministry of Public Security said Thursday.
The ministry said Chinese police arrested 21 suspects in mid-August and seized a batch of non-scheduled precursor chemicals in coordinated operations in north China's Hebei Province and elsewhere. Enditem








