
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လက်ရှိတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဥပဒေပြုပုဂ္ဂိုလ်များအား တိုက်ရိုက် ရွေးကောက်ပွဲအသစ်ကို စနစ်တကျ ကျင်းပလျက်ရှိကြောင်း စက်တင်ဘာလ ၉ ရက်တွင် အကြီးတန်း ဥပဒေပြုပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
မဲဆန္ဒရှင် တစ်ဘီလီယံကျော်သည် ခရိုင်နှင့် မြို့နယ်အဆင့် ပြည်သူ့ကွန်ဂရက်များ ကိုယ်စားလှယ် ၂.၆ သန်းကျော်ကို တိုက်ရိုက်ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ်လုံး၏ ရှင်းလင်းသောဖော်ဆောင်မှု ကိုယ်စားပြုကြောင်း တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် စုန့်ရွေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အဆင့်များအားလုံးရှိ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များသည် ပါတီ၊ နိုင်ငံတော်နှင့် ပြည်သူအကြား ပေါင်းကူး တံတားအဖြစ် တာဝန်ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း စုန့် က ထောက်ပြခဲ့သည်။ ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူများနှင့် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်ရေး၊ ပြည်သူများ၏ အမြင်များနှင့် စိုးရိမ်ပူပန်မှုများကို တစ်ဆင့်ဖော်ပြရေး၊ လက်တွေ့ကြုံတွေ့လာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရာတွင် အထောက်အကူပြုရေးအတွက် တစ်ဆင့်တိုး ပံ့ပိုးကြရန် စုန့် က တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံ၏ ပြည်သူ့ကွန်ဂရက်စနစ်တွင် အလွှာများစွာပါဝင်သော ဖွဲ့စည်းပုံရှိပြီး NPC က အမြင့်ဆုံးအဆင့်တွင်ရှိကာ ပြည်နယ်၊ မြူနီစီပယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင်လည်း ပြည်သူ့ကွန်ဂရက်များရှိသည်။ ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားပြုရန်အတွက် အလွှာအသီးသီးတွင် ကိုယ်စားလှယ်များကို ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ ခရိုင်နှင့် မြို့နယ်အဆင့် ပြည်သူ့ကွန်ဂရက်များအတွက် ကိုယ်စားလှယ်များကို မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပြီး ခရိုင်အဆင့်အထက်ရှိ ပြည်သူ့ကွန်ဂရက်များအတွက် ကိုယ်စားလှယ်များကိုမူ အောက်တစ်ဆင့်နိမ့်သော ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်ကြခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် တစ်ဘီလီယံကျော်က ခရိုင်နှင့် မြို့နယ်အဆင့် ကိုယ်စားလှယ် ၂.၆၂ သန်းကျော်ကို "လူတစ်ဦးလျှင်ဆန္ဒ မဲတစ်မဲ" စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြရာ ယင်းမှာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီဖော်ဆောင်မှုများအနက် တစ်ခုဖြစ်သည်။ (Xinhua)
…………………………………………………………………
(English version)
Direct elections of county-, township-level lawmakers underway orderly in China: official
BEIJING, Sept. 9 (Xinhua) -- China is currently carrying out a new round of direct elections of county- and township-level lawmakers in an orderly manner, according to a senior legislator on Wednesday.
More than one billion voters will directly elect over 2.6 million deputies to the people's congresses at the county and township levels, representing a vivid practice of whole-process people's democracy, said Song Rui, deputy secretary general of the National People's Congress (NPC) Standing Committee, at a press conference.
Song noted that deputies to people's congresses at all levels serve as a bridge between the Party and the state and the people. He urged further support for the deputies in performing their duties, maintaining close contact with the people, conveying their views and concerns, and helping resolve practical problems in accordance with the law.
China's people's congress system has a multi-tiered structure, with the NPC at the top and congresses at the provincial, municipal, county and township levels. Deputies are elected at each level every five years to represent the people's interests.
Under the country's electoral law, deputies to county- and township-level people's congresses are directly elected by voters, while deputies to people's congresses above the county level are elected by deputies at the next lower level.
In the previous round of elections, which wrapped up in 2022, 2.62 million county- and township-level deputies were elected by more than one billion voters through "one person, one vote," making it one of the world's largest democratic practices.
Photo caption - Deputies to the 14th National People's Congress (NPC) pose for photos in front of the Great Hall of the People after attending the second plenary meeting of the second session of the 14th NPC in Beijing, capital of China, March 8, 2024. (Xinhua/Wang Yuguo)








