
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံ စွမ်းအင်သစ်သုံး မော်တော်ယာဉ် (NEV) ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ အစီးရေ ၁.၆၅၃ သန်းနှင့် ၁.၆၄၃ သန်း အသီးသီး ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်ခုစလုံးသည် ၂၀ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့ကြောင်း၊ NEV ဈေးကွက်၏ ဦးဆောင်နေရာမှာ ဆက်လက်ခိုင်မာနေပြီး လစဉ်ယာဉ်အသစ်ရောင်းချမှု အချိုးအစားမှာ ၆၀.၆ ရာခိုင်နှုန်းဖြင့် ထပ်မံစံချိန်သစ်တင်နိုင်ခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်း (CAAM) ၏ စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဩဂုတ်လတွင် မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ အစီးရေ ၂.၆၈၄ သန်းနှင့် ၂.၇၁၂ သန်း အသီးသီး ရှိခဲ့သည်။ CAAM ဒုတိယအတွင်းရေးမှူးချုပ် ချန်စစ်ဟွာက ဩဂုတ်လတွင် ဒေသအများအပြား၌ မော်တော်ယာဉ်ဝယ်ယူမှုထောက်ပံ့ကြေးများ စဉ်ဆက်မပြတ်မြှင့်တင်ပေးခြင်းကြောင့် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်ရောင်းချမှုမှာ ယခင်လထက် တိုးတက်ခဲ့သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ယေဘုယျအားဖြင့် ယခုနှစ် ပထမ ၈ လတွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ အစီးရေ ၂၀.၂၅၅ သန်းနှင့် ၂၀.၃၁၅ သန်း အသီးသီး ပြီးစီးခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းခဲ့သည်။ ၎င်းတို့အနက် NEV ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ အစီးရေ ၁၀.၆၆၈ သန်းနှင့် ၁၀.၆၅ သန်း အသီးသီး ပြီးစီးခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်ခုစလုံး ၁၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။ NEV အသစ်များ၏ ရောင်းချမှု အချိုးအစားမှာ ၅၂.၄ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။
မော်တော်ယာဉ်တင်ပို့မှုသည် မြင့်မားသောတိုးတက်နှုန်းကို ဆက်လက်ထိန်းသိမ်းထားပြီး လစဉ်တင်ပို့မှုပမာဏမှာ သုံးလဆက်တိုက် အစီးရေ ၁ သန်းကျော်ရှိသည်။ ဩဂုတ်လတွင် မော်တော်ယာဉ်တင်ပို့မှု အစီးရေ ၁.၀၁ သန်းရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၎င်းတို့အနက် NEV တင်ပို့မှုမှာ အစီးရေ ၅၂၆,၀၀၀ သန်းရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၃ ဆ တိုးတက်ခဲ့သည်။ ပထမ ၈ လတွင် မော်တော်ယာဉ်တင်ပို့မှု အစီးရေ ၇.၁၅၃ သန်းရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၆.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၎င်းတို့အနက် NEV တင်ပို့မှုမှာ အစီးရေ ၃.၄၃၅ သန်းရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၂ ဆ တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

...............................
(Chinese Version)
中国新能源汽车月度新车销量占比再创新高
新华社北京9月10日电(记者唐诗凝)中国汽车工业协会10日发布数据显示,2026年8月,中国新能源汽车产销分别完成165.3万辆和164.3万辆,同比增长均近两成,新能源汽车市场主导地位持续巩固,月度新车销量占比再创新高,达到60.6%。
8月,汽车产销分别完成268.4万辆和271.2万辆。中汽协会副秘书长陈士华分析称,8月多地汽车消费补贴持续升级,汽车产销环比增长。
整体来看,前8个月,中国汽车产销分别完成2025.5万辆和2031.5万辆,同比微降;其中新能源汽车产销分别完成1066.8万辆和1065万辆,同比增长均超10%,新能源汽车新车销量占比升至52.4%。
汽车出口保持高速增长,月度出口量连续三个月超过100万辆。8月,汽车出口101万辆,同比增长65.3%,其中新能源汽车出口52.6万辆,同比增长1.3倍。前8个月,汽车出口715.3万辆,同比增长66.7%,其中新能源汽车出口343.5万辆,同比增长1.2倍。(完)
图说1:2025年9月18日,在位于重庆市渝北区的长安汽车数智工厂总装车间拍摄的即将下线的新能源汽车。新华社记者 王全超 摄
图说2:2025年9月19日在位于重庆市两江新区的赛力斯汽车超级工厂拍摄的自动化生产作业现场(无人机照片)。新华社记者 王全超 摄








