မော်စကို၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရုရှား သမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၈ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး ယူကရိန်းအရေးအား ဖြေရှင်းရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။

ပူတင်က ဖုန်းဖြင့်ဆက်သွယ်ရာ၌ အမေရိကန်အနေဖြင့် အထူးစစ်ရေးလှုပ်ရှားမှုအား ဆောလျင်စွာ အဆုံးသတ်ရန် လုပ်ဆောင်နိုင်သည့် အစီအမံများအား ထောက်ပြခဲ့သည်။ ထရမ့်ကမူ ၎င်းတာဝန်ထမ်းဆောင်သည့် ကာလအတွင်း ယူကရိန်းအရေးအား ဖြေရှင်းရာတွင် ထိုးဖောက်မှုရရှိရေးကို တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတရုံး ဝက်ဘ်ဆိုက်က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်သောသတင်းအရ ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်မှုသည် တစ်နာရီကြာခဲ့ကြောင်း၊  ရုရှား-အမေရိကန် သမ္မတများသည် အပြန်အလှန်လေးစားသောနှင့် လက်တွေ့ကျသော သဘောထားဖြင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ မကြာသေးမီက ရုရှားနှင့် ယူကရိန်းသို့ ခရီးစဉ်သွားရောက်မှုရလဒ်နှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ယခုအကြိမ် ရုရှားခရီးစဉ်ရလဒ်အား အပြုသဘောဆောင်စွာ သုံးသပ်ပြောကြားခဲ့ပြီး ထိုလမ်းကြောင်းမျိုးမှတစ်ဆင့် ချိတ်ဆက်မှုအား ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Yuri Ushakov က ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်မှု၏ အဓိကအချက်မှာ ယူကရိန်းအရေးအား ဖြေရှင်းရန်ဖြစ်ကြောင်း၊ ထရမ့်အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခအား ဆောလျင်စွာအဆုံးသတ်ရန် ဆန္ဒကို အတိအလင်းဖော်ပြခဲ့ပြီး ပဋိပက္ခ အဆုံးသတ်ခြင်းသည် “အမေရိကန်-ရုရှား ဆက်ဆံရေး ဘက်စုံပြန်လည်ဖော်ဆောင်ရန်အတွက် ကျယ်ပြန့်သောအနာဂတ်အလားအလာ ဖန်တီးပေးရန်၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွား ဆက်ဆံရေးအတွက် အပြုသဘောဆောင်သော သက်ရောက်မှုရှိပြီး အမေရိကန်-ရုရှားအတွက် ကြီးမားသော အကျိုးစီးပွား သယ်ဆောင်လာပေးမည်ဟု မျှော်လင့်ကြောင်း” ဆိုခဲ့သည်။

“ထရမ့်က ၎င်းတာဝန်ထမ်းဆောင်တဲ့ကာလအတွင်းမှာ ယူကရိန်းအရေး ဖြေရှင်းမှုတွင် ထိုးဖောက်မှုရရှိရေးကို တွန်းအားပေးရန် ဆန္ဒရှိပါတယ်” ဟုလည်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

ပူတင်က ဖုန်းဖြင့်ဆက်သွယ်ရာ၌ အထူးစစ်ရေးလှုပ်ရှားမှု၏ တိုးတက်မှုနှင့် ရည်မှန်းချက်အား အကောင်အထည်ဖော်သည့် အနာဂတ်အလားအလာကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ခဲ့ပြီး အမေရိကန်အနေဖြင့် အထူးစစ်ရေးလှုပ်ရှားမှုအား ဆောလျင်စွာ အဆုံးသတ်ရန် လုပ်ဆောင်နိုင်သည့် အစီအမံများအား ထောက်ပြခဲ့သည်ဟု Yuri Ushakov က ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ဥရောပအား ရည်ရွယ်သော မည်သည့်ကျူးကျော်မှု အစီအစဉ်မျှမရှိကြောင်း၊ ဥရောပဘက်က “ရုရှားခြိမ်းခြောက်မှု” ဟူသည်မှာ ၎င်းတို့က ယူကရိန်းအပေါ် ကူညီမှု မြှင့်တင်ခြင်းနှင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းအတွက် အကြောင်းပြချက်သာဖြစ်ကြောင်း ပူတင်က အလေးထား ပြောကြားခဲ့သည်။

ရုရှား-အမေရိကန် သမ္မတတို့က ဖမ်းဆီးခံထားရသူများနှင့် စီရင်ချက်ချမှတ်ခံထားရသူများအား လဲလှယ်ခြင်း အပါအဝင် လူသားချင်းစာနာထောက်ထားမှုအရေးအား ဆက်လက်ကြိုးပမ်းဖြေရှင်းရန် သဘောတူညီခဲ့ကြပြီး “ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်မှုက အပြုသဘောဆောင်တဲ့ အနေအထားမှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း”၊  ရုရှား-အမေရိကန် သမ္မတတို့အနေဖြင့် ဆက်သွယ်မှုအား ထိန်းသိမ်းရန်၊ လိုအပ်ချိန်တွင် အချိန်မီ ဖုန်းဖြင့်ဆက်သွယ်ရန် သဘောတူညီခဲ့ကြောင်း Yuri Ushakov က နောက်ဆုံးတွင် ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

俄美元首通话重点讨论解决乌克兰问题

新华社莫斯科9月8日电(记者栾海)俄罗斯总统普京与美国总统特朗普8日通电话,重点讨论解决乌克兰问题。普京在通话中指出美方可采取哪些措施推动尽早结束特别军事行动。特朗普则表示有意在任期内推动乌克兰问题的解决取得突破。  

据俄总统网站8日发布的消息,俄总统助理乌沙科夫说,此次通话持续一小时,俄美总统以相互尊重和务实态度,就美代表团日前对俄罗斯和乌克兰的访问成果交换意见,积极评价美代表团此次访俄成果,并表示将继续通过这类渠道保持沟通。  

乌沙科夫说,此次通话的焦点是解决乌克兰问题,特朗普明确表达尽早结束俄乌冲突的愿望,认为冲突结束“有望为全面恢复美俄关系创造广阔前景,对两国经贸关系产生积极影响,并给美俄带来巨大益处”。他强调:“特朗普有意在其任期内推动乌克兰问题的解决取得突破。”  

乌沙科夫还表示,普京在通话中客观分析特别军事行动的进展和实现目标的前景,指出美方可采取哪些切实可行措施推动尽早结束特别军事行动。普京强调,俄罗斯没有针对欧洲的任何侵略计划,欧洲方面所谓的“俄罗斯威胁”只是其加大对乌克兰援助以及增加军费开支的借口。  

乌沙科夫最后表示,俄美总统同意继续致力于解决人道主义问题,包括交换被扣押和被判决的人员。“此次通话在积极氛围中进行”,俄美总统同意保持联系,并在需要时及时通话。(完)