တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ချီတုန်းမြို့ရှိ COSCO Shipping Heavy Industry သင်္ဘောဆိပ်၌ ရိုက်ကူးထားသော “ချန်ဖိန်ယွမ်” ဓာတ်ငွေ့ရည်တင်သင်္ဘောကြီးကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ချီတုန်းမြို့ရှိ COSCO Shipping Heavy Industry သင်္ဘောဆိပ်၌ ရိုက်ကူးထားသော “ချန်ဖိန်ယွမ်” ဓာတ်ငွေ့ရည်တင်သင်္ဘောကြီးကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသော ကုဗမီတာ ၈၈,၀၀၀ ဆံ့ ဓာတ်ငွေ့ရည်တင်သင်္ဘောကြီး“ချန်ဖိန်ယွမ်”  ကို ကျန်းဆူးပြည်နယ် ချီတုန်းမြို့ရှိ COSCO Shipping Heavy Industry ၌ အမည်ပေး ကင်ပွန်းတပ်၍ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား စက်တင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ သင်္ဘော၏ စုစုပေါင်းအလျားမှာ ၂၃၀ မီတာခန့်၊ အနက် ၂၃.၈၅ မီတာရှိပြီး A အမျိုးအစား သီးခြား အရည်တင်ကုန်အခန်း ၄ ခု ပါရှိကာ ကုန်ပစ္စည်းအမျိုးအစား အများအပြားကို သယ်ယူပို့ဆောင်နိုင်စွမ်းရှိသည်။ ယင်းသင်္ဘောသည် LPG နှင့် အရည်အမိုးနီးယား (Liquid Ammonia) အပါအဝင် ဓာတ်ငွေ့ရည်အမျိုးအစား ၉ မျိုးကို သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ရာ သန့်ရှင်းစွမ်းအင်များ သယ်ယူပို့ဆောင်ရေးတွင် ထိရောက်မှုနှင့် စိတ်ချရမှုရှိစေရန် အထောက်အကူပြုမည်ဖြစ်သည်။ (Xinhua)

-------------------

(Chinese Version)

国内首制88000立方米超大型液化气运输船在江苏启东命名交付

  9月8日,由我国自主设计建造的88000立方米超大型液化气运输船“长平源”轮在江苏启东中远海运海工命名交付。该船总长约230米,型深23.85米,配备4个A型独立液货舱,具备多品类运输能力,可运输LPG、液氨等9种液化气体货种,助力清洁能源高效可靠运输。

图说 1 :9月8日在江苏启东中远海运海工码头拍摄的“长平源”轮(无人机照片)。新华社发(许丛军摄)

图说 2 : 9月8日在江苏启东中远海运海工码头拍摄的“长平源”轮局部(无人机照片)。新华社发(许丛军摄)