နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံမှ နီပေါနိုင်ငံအား ပေးပို့သော စတုတ္ထအသုတ် အရေးပေါ်ကူညီရေးပစ္စည်းများ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံမှ နီပေါနိုင်ငံအား ပေးပို့သော စတုတ္ထအသုတ် အရေးပေါ်ကူညီရေးပစ္စည်းများ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ နီပေါနိုင်ငံအား ပေးပို့သော စတုတ္ထအသုတ် အရေးပေါ်ကူညီရေးပစ္စည်းများကို စက်တင်ဘာ ၈ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံလေတပ် Y-20 အကြီးစားပို့ဆောင်ရေးလေယာဉ်ဖြင့် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။

ကူညီရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းမောက်မင်နှင့် နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီး Mahabir Pun တို့ တက်ရောက်ခဲ့သည်။

ယခုအသုတ် ကူညီရေးပစ္စည်းများတွင် အဓိကအားဖြင့် ကယ်ဆယ်ရေးလေထိုးလှေ၊ စတီး သံလိုက် ရေဘေးကယ်ဆယ်ရေးပန့်၊ အရန်သုံး ဘတ်ထရီ၊ ရင်ခွဲရုံသုံး အအေးခန်းသေတ္တာ၊ ဆိုလာစွမ်းအင်သုံးမီး စသည်တို့ ပါဝင်ကာ နီပေါနိုင်ငံ၏ လက်ရှိအလိုအပ်ဆုံး လိုအပ်ချက်အရ တွဲဖက်စီစဉ်ပေးထားခြင်းဖြစ်ပြီး နီပေါနိုင်ငံ ဘေးဒဏ်သင့်ဒေသ ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် နောက်ဆက်တွဲလုပ်ငန်းများအတွက် အားကောင်းသော ပံ့ပိုးမှု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

中国对尼泊尔第四批紧急援助物资运抵交付

新华社加德满都9月8日电(记者张平 张东强)8日下午,中国对尼泊尔第四批紧急援助物资由中国空军运-20大型运输机运抵尼泊尔首都加德满都的特里布万国际机场。  

中国驻尼泊尔大使张茂明同尼泊尔科学、技术和创新部部长马哈比尔·普恩出席援助物资交接仪式。  

本批援助物资主要包括救援气垫船、不锈钢永磁抗洪泵、备用电池、太平柜、太阳能灯等,系根据尼方当前最迫切需求进行配备,将为尼泊尔灾区抢险救援和后续工作提供有力支撑。(完)

图说1、2:9月8日,中国对尼泊尔第四批紧急援助物资抵达尼泊尔首都加德满都的特里布万国际机场。新华社记者 张东强 摄

图说3:9月8日,在尼泊尔首都加德满都的特里布万国际机场,工作人员搬运中国对尼泊尔第四批紧急援助物资。新华社记者 张东强 摄