တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့၌ ကျင်းပသော ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲ တက်ရောက်ရန် ရောက်ရှိနေသည့် ဘူလ်ဂေးရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး ပူလက်ဗ်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့၌ ကျင်းပသော ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲ တက်ရောက်ရန် ရောက်ရှိနေသည့် ဘူလ်ဂေးရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး ပူလက်ဗ်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ရှမန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် တရုတ်နိုင်ငံ ရှမန်မြို့၌ ကျင်းပသည့် ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲ တက်ရောက်ရန် ရောက်ရှိနေသော ဘူလ်ဂေးရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး ပူလက်ဗ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွန်ချန်သိုလ်၊  ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အက်ဒရီယာနာ မက်ဆာရိုဗစ်တို့နှင့် စက်တင်ဘာ ၇ ရက်က သီးခြားစီ တွေ့ဆုံခဲ့သည်။

ပူလက်ဗ်အား လက်ခံတွေ့ဆုံစဉ် ဟန်က နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုဖြင့် တရုတ်-ဘူလ်ဂေးရီးယား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း တည်ငြိမ်ကောင်းမွန်စွာ တိုးတက်လျက်ရှိကာ လယ်ယာစိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာနှင့် အခြားကဏ္ဍများတွင် အကျိုးကျေးဇူးများပြားသော ပူးပေါင်းဆောင်ရွက်မှုများကလည်း နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာရှိသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသော အရေးကြီး ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ချဲ့ထွင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ အခိုင်အမာလုပ်ဆောင်ရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိရေး၊ တရုတ်-ဘူလ်ဂေးရီးယား ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်ရေးအတွက် ဘူလ်ဂေးရီးယားနိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ဟန်က ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်-အီးယူ ကုန်သွယ်စီးပွား ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘူလ်ဂေးရီးယားနိုင်ငံက တက်ကြွစွာ ပံ့ပိုးကူညီမည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

ဘူလ်ဂေးရီးယားနိုင်ငံ၏ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဝန်ကြီးလည်းဖြစ်သည့် ပူလက်ဗ်က ဘူလ်ဂေးရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။ ဘူလ်ဂေးရီးယားနိုင်ငံက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံကို လေ့လာသင်ယူရန်နှင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆန္ဒရှိသကဲ့သို့ တရုတ်စီးပွားရေးလုပ်ငန်းများ ဘူလ်ဂေးရီးယားတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ကိုင်ခြင်းကိုလည်း ကြိုဆိုကြောင်း ၎င်းက ပြောသည်။

ဆွန်ချန်သိုလ်နှင့် တွေ့ဆုံရာတွင် ဟန်က တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသည့် အရေးကြီး ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ တရုတ်-ကမ္ဘောဒီးယား အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၏ အခန်းကဏ္ဍကို အပြည့်အဝ အသုံးချရန်၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပေါင်းစည်းချိတ်ဆက်ခြင်းကို မြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး၍ ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260907/efc7740a74794c028a6a7879f3569951/c.html

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့၌ ကျင်းပသော ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲ တက်ရောက်ရန် ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွန်ချန်သိုလ်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့၌ ကျင်းပသော ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲ တက်ရောက်ရန် ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွန်ချန်သိုလ်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

..................................

(English Version)

Chinese vice president meets Bulgarian, Cambodian, Serbian deputy prime ministers

XIAMEN, Sept. 7 (Xinhua) -- Chinese Vice President Han Zheng separately met here Monday with Bulgarian Deputy Prime Minister Alexander Poulev, Cambodian Deputy Prime Minister Sun Chanthol, and Serbian Deputy Prime Minister Adrijana Mesarovic, who are in Xiamen for the 26th China International Fair for Investment and Trade.

While meeting with Poulev, Han said that under the strategic guidance of the leaders of the two countries, the China-Bulgaria strategic partnership has maintained sound and steady growth in recent years, with fruitful cooperation in agriculture, science and technology and other fields delivering tangible benefits to both peoples.

Han expressed China's readiness to work with Bulgaria to implement the important consensus reached by the leaders of the two countries, expand the scale of bilateral trade, strengthen investment alignment, deepen mutually beneficial cooperation, and promote the sustained growth of China-Bulgaria relations. He also voiced the hope that Bulgaria will actively contribute to the sound and stable development of China-EU economic and trade relations.

Poulev, also Minister of Economy, Investment and Industry of Bulgaria, said Bulgaria attaches great importance to its relations with China. He noted that Bulgaria is willing to learn from China's development experience, step up practical cooperation in various fields, and welcome Chinese enterprises to invest and do business in Bulgaria.

While meeting with Sun Chanthol, Han said China is ready to work with Cambodia to implement the important consensus reached by the leaders of the two countries, give full play to the role of the China-Cambodia Intergovernmental Coordination Committee, further deepen practical cooperation in various fields, promote the integration of trade and investment, and continue to advance the friendly and cooperative relations between the two countries.

https://english.news.cn/20260907/efc7740a74794c028a6a7879f3569951/c.html

Photo caption 1: Chinese Vice President Han Zheng meets with Bulgarian Deputy Prime Minister Alexander Poulev, who is in Xiamen for the 26th China International Fair for Investment and Trade, in Xiamen, southeast China's Fujian Province, Sept. 7, 2026. (Xinhua/Rao Aimin)

Photo caption 2: Chinese Vice President Han Zheng meets with Cambodian Deputy Prime Minister Sun Chanthol, who is in Xiamen for the 26th China International Fair for Investment and Trade, in Xiamen, southeast China's Fujian Province, Sept. 7, 2026. (Xinhua/Rao Aimin)