
ဗီယင်ကျန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်-လာအို “ငြိမ်းချမ်းရေးရထား - ၂၀၂၆” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုတွင် ပါဝင်သည့် တရုတ်ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းသို့ ရောက်ရှိခဲ့ပြီး လာအိုပြည်သူ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့်အတူ ၁၇ ရက်ကြာ ပူးတွဲလေ့ကျင့်မှုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
လာအိုပြည်သူ့တပ်မတော် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Bouasing Inthavong နှင့် တပ်ဖွဲ့ဝင်ကိုယ်စားလှယ်များ၊ တရုတ်-လာအို ချစ်ကြည်ရေး နုန်ပင်း ကျေးရွာ မူလတန်းကျောင်းမှ ဆရာနှင့် ကျောင်းသားကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ စေလွှတ်ထားသော ကျွမ်းကျင်ပညာရှင်များ၊ လာအို-တရုတ် ရထားလမ်းကုမ္ပဏီလီမိတက် စသည့် လာအိုနိုင်ငံရှိ တရုတ်ကုမ္ပဏီ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် အပါအဝင် လူပေါင်း ၁၀၀ ကျော်က ဗီယင်ကျန်း မီးရထားဘူတာ၌ ကြိုဆိုခဲ့ကြပြီး တရုတ်နိုင်ငံမှ ပါဝင်လေ့ကျင့်သော တပ်ဖွဲ့ဝင်များအတွက် နွေးထွေးသော ကြိုဆိုပွဲတစ်ခု ကျင်းပပေးခဲ့သည်။ (Xinhua)
………………..
(Chinese Version)
中国人民解放军“和平列车”医疗队抵达老挝万象
新华社照片,万象,2026年9月6日
参加中老“和平列车-2026”人道主义医学救援联合演习的中方卫勤分队9月6日上午抵达老挝首都万象,将与老挝人民军卫勤分队组织开展为期17天的联合演习和医疗服务活动。老挝人民军总后勤部副部长波兴准将及官兵代表,中老友好农冰村小学师生代表、中方援老专家、老中铁路有限公司等驻老中资机构及企业代表百余人在万象火车站迎接,为中方参演官兵举行了热烈的欢迎仪式。
图说:9月6日,中国人民解放军“和平列车”医疗队抵达老挝万象火车站。 新华社发(凯乔摄)








