ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ဆန်းတို့စ်အသင်းအတွက် ကစားပေးခဲ့စဥ် ဒဏ်ရာအသစ်တစ်ခု ရရှိခဲ့ပြီးနောက် နေမာမှာ နှစ်လကြာနီးပါးအထိ ကစားနိုင်ဖွယ် မရှိကြောင်း သိရသည်။
Globo Esporte ၏ ဖော်ပြမှုအရ အသက် ၃၄ နှစ်အရွယ်ရှိသည့် နေမာမှာ ၎င်း၏ညာဘက်ပေါင်အရှေ့ဘက် ကြွက်သားများတွင် အဆင့် ၂ ရှိသည့် ပြတ်တောက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာထိုးနှက်ချက်ကြောင့် ဆန်းတို့စ်အသင်း၏ ပွဲစဥ်ပေါင်း ၁၃ ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်သုံးနှစ်အတွင်း ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရသည့် တိုက်စစ်မှူး နေမာအတွက် ဆန်းတို့စ်အသင်းကလည်း အချိန်ပေးထားပြီး နေမာပြန်ကစားနိုင်ရေးအတွက် အလျင်မလိုကြောင်း အဆိုပါသတင်းက ထပ်လောင်းဖော်ပြခဲ့သည်။
နေမာမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ထာဝရဂိုးအများဆုံးသွင်းထားသူဖြစ်သော်လည်း ခြေထောက်ကြွက်သားနှင့် ဒူးဒဏ်ရာများကို စဥ်ဆက်မပြတ်ခံစားခဲ့ရမှုကြောင့် ယခုနှစ်အတွင်း၌ ဆန်းတို့စ်အသင်းအတွက် ၂၄ ပွဲသာ ကစားပေးနိုင်ခဲ့သည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့၏ ကြယ်ပွင့်ဟောင်းလည်းဖြစ်သည့် နေမာမှာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်းအဆင့်မှ ဘရာဇီးအသင်းထွက်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နိုင်ငံတကာလက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သူလည်း ဖြစ်သည်။ (Xinhua)
------------------------------------
(English version)
Neymar faces two months on sidelines
RIO DE JANEIRO, Sept. 5 (Xinhua)
Neymar is expected to miss up to two months after suffering a new injury blow while playing for Santos.
The 34-year-old was diagnosed with a grade two tear in his right quadriceps, a setback that will sideline him for up to 13 matches, news outlet Globo Esporte reported.
It added that Santos had told Neymar not to rush his return, given the forward's struggle with injuries over the past three years.
Neymar, who is Brazil's all-time leading scorer, has made just 24 appearances for Santos this year amid recurring leg muscle and knee injuries.
The former Barcelona and Paris Saint-Germain star announced his international retirement in July after Brazil's round of 16 exit at the FIFA World Cup. ■








