တရုတ်နှင့် စင်ကာပူ "ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှု-၂၀၂၆" ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်၊ ကျန့်ကျန်းမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)
တရုတ်နှင့် စင်ကာပူ "ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှု-၂၀၂၆" ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်၊ ကျန့်ကျန်းမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နှင့် စင်ကာပူ "ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှု-၂၀၂၆" ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်၊ ကျန့်ကျန်းမြို့ရှိ စစ်သင်္ဘောဆိပ်တစ်ခု၌ စတင်ခဲ့ပြီး နှစ်နိုင်ငံ ရေတပ်မှ လေ့ကျင့်ရေးတွင် ပါဝင်ကြသည့် အရာရှိနှင့် စစ်သည် ကိုယ်စားလှယ်များက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ် ပူးတွဲလေ့ကျင့်မှုကို ကျန့်ကျန်း အနီးဝန်းကျင် ရေပြင်နှင့် လေကြောင်းပိုင်နက်တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဖက်စလုံးမှ စစ်သင်္ဘော ၂ စီး စေလွှတ်ခဲ့ကာ တရုတ်ဘက်မှ လေ့ကျင့်ရေးတွင် ပါဝင်သည့် စစ်သင်္ဘောမှာ လမ်းညွှန်ဒုံးကျည်တင် ဖရီးဂိတ်စစ်သင်္ဘော 'တာ့လီ' ဖြစ်ပြီး စင်ကာပူဖက်မှ ပါဝင်သော စစ်အင်အားမှာ "Steadfast" ဖရီးဂိတ်စစ်သင်္ဘော ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုကို ဆိပ်ကမ်းအခြေစိုက်အဆင့်နှင့် ပင်လယ်ပြင်အဆင့်ဟူ၍ ၂ ဆင့် ခွဲခြားကျင်းပမည်ဖြစ်သည်။ ဆိပ်ကမ်းအခြေစိုက်အဆင့်တွင် တရုတ်-စင်ကာပူ နှစ်ဖက်စလုံးသည် စက်တင်ဘာ ၄ ရက်က အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲနှင့် အစီအစဉ်ရေးဆွဲ ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီးဖြစ်ကာ သင်္ဘောကုန်းပတ်ဧည့်ခံပွဲ အခမ်းအနား စသည့် လှုပ်ရှားမှုများကိုလည်း စုစည်းကျင်းပခဲ့သည်။ ဆက်လက်၍ ရေငုပ်စစ်ဆင်ရေးများ၊ ရေငုပ်သင်္ဘော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ ရေအောက်ဆေးပညာ စသည့် အကြောင်းအရာများကို ဗဟိုပြု၍ ကျွမ်းကျင်မှုဆိုင်ရာ ဆွေးနွေးဖလှယ်မှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ပင်လယ်ပြင်အဆင့်ကိုမူ စက်တင်ဘာ ၈ ရက်တွင် တရားဝင် စတင်မည်ဖြစ်ပြီး ဆက်သွယ်ရေး လေ့ကျင့်မှု၊ ပင်လယ်ပြင် ထောက်ပို့ဖြည့်တင်းမှု၊ ရေပြင်ပူးတွဲ တိုက်ခိုက်မှု၊ ပူးတွဲ ရှာဖွေကယ်ဆယ်ရေး စသည့် စစ်ရေးလေ့ကျင့်မှု သင်ခန်းစာများကို လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုအကြိမ်သည် တရုတ်နှင့် စင်ကာပူတို့ ပူးတွဲကျင်းပသည့် ၅ ကြိမ်မြောက် ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံ ရေတပ်သည် ပူးတွဲလေ့ကျင့်မှု စသည့် နယ်ပယ်များ၌ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ လေးနက်ကျယ်ပြန့်စွာ တိုးတက်ဖြစ်ပေါ်လျက်ရှိပြီး နှစ်ဖက် အပြန်အလှန်ယုံကြည်မှု ဆက်လက်တိုးမြှင့်၍ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

------------------------------------------

(Chinese Version)

中新“海上合作-2026”联合演习开幕

  新华社广州9月5日电(杨晓敏、李念)中国和新加坡“海上合作-2026”联合演习5日在广东湛江某军港开幕,两国海军参演官兵代表参加开幕式。

  此次联演在湛江附近海空域举行,双方共派出2艘舰艇,中方参演舰艇为导弹护卫舰大理舰,新方参演兵力为“坚定”号护卫舰。演习分港岸、海上2个阶段进行。港岸阶段,中新双方已于4日举行了高层会见与筹划研讨,并组织了甲板招待会等活动,接下来还将围绕潜水作业、潜艇搜索和救援、水下医学等内容开展专业交流。海上阶段将于8日正式开始,进行通信操演、海上补给、联合对海打击、联合搜救等课目演练。

  这是中国和新加坡共同举行的第5次海上联合演习。近年来,两国海军在联演联训等领域的交流合作呈现纵深式发展,持续增进双方互信,促进务实合作。

图说 1 : 9月5日,中新“海上合作-2026”联合演习开幕式在广东湛江举行。新华社发(谷兴南摄)