
ဆန်းကျန့်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
အာရှ-ပစိဖိတ်မီဒီယာ အဆင့်မြင့်ဖိုရမ်ကို စက်တင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ပြန်ကြားရေးဌာန အကြီးအကဲ လီဆူးလေ တက်ရောက်ပြီး အဓိကမိန့်ခွန်းစကား ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ကွမ်တုန်းပြည်နယ် ကော်မတီ အတွင်းရေးမှူး ဟွမ်ခွန်းမင် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များက သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရန် အရေးကြီးအဆိုပြုချက်သည် တံခါးဖွင့်လှစ်မှုပုံစံ အာရှ-ပစိဖိတ် စီးပွားရေး အတူတည်ဆောက်ရန်၊ အာရှ-ပစိဖိတ် ဘုံစည်ပင်တိုးတက်မှုကို တွန်းအားပေးရန်အတွက် အရေးကြီးလမ်းညွှန်ချက် ပံ့ပိုးပေးလိုက်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) “တရုတ်နှစ်” ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၃၃ ကြိမ်မြောက် APEC အကြီးအကဲများ အလွတ်သဘော အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ရာ ဘက်အသီးသီး၏ ထောက်ခံအားပေးမှုဖြင့် အစည်းအဝေးမှာ ကြွယ်ဝသောရလဒ်များ ရရှိပြီး အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း ယူဆကြသည်။
ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များက အာရှ-ပစိဖိတ် ဒေသ၏ ဖွံ့ဖြိုးတိုးတက် ပူးပေါင်းဆောင်ရွက်မှုသည် အာရှ-ပစိဖိတ် ဒေသမီဒီယာများ၏ တက်ကြွစွာ ပါဝင်မှုနှင့်ကင်းကွာ၍ မရကြောင်း၊ အာရှ-ပစိဖိတ်ဒေသ တံခါးဖွင့်လှစ် ပေါင်းစည်းမှု အကြောင်းအရာကို ကောင်းမွန်စွာ တင်ဆက်၍ အာရှ-ပစိဖိတ် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုရလဒ်များအား ဘက်စုံ ထောင့်စုံ တင်ဆက်ဖော်ပြပြီး အာရှပစိဖိတ်ဒေသ တံခါးဖွင့်လှစ် ဖွံ့ဖြိုးတိုးတက်မှု၏ ကောင်းမွန်သော လူထုသဘောထား ပတ်ဝန်းကျင်ကို ဖန်တီးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
APEC အကြောင်းအရာ ရလဒ်များကို တက်ကြွစွာ မိတ်ဆက်ပြောကြားပြီး ဘက်အသီးသီးက နည်းပညာ ဆန်းသစ်တီထွင်မှုကို အားပေးသော မူဝါဒအစီအမံများအား ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုကာ အာရှ-ပစိဖိတ် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှု၏ ဒေသတွင်းသဘောတူညီချက်အား စုစည်းရမည်ဖြစ်ကြောင်း၊ ပူးတွဲအင်တာဗျူးမေးမြန်းမှု၊ နည်းပညာ ဆန်းသစ်တီထွင်မှု၊ လူရည်ချွန်ပျိုးထောင်မှု စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင် ဖော်ဆောင်၍ မီဒီယာဖလှယ်မှုဖြင့် ယဉ်ကျေးမှုကို လက်ဆင့်ကမ်းခြင်း၊ ယဉ်ကျေးမှုကို ဖြန့်ချိခြင်း၊ ချစ်ကြည်ရင်းနှီးမှုကို ကမ်းလင့်ခြင်းတို့ လုပ်ဆောင်ကာ အာရှ-ပစိဖိတ်ဒေသ ပြည်သူများ ချစ်ကြည်ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ဖိုရမ်ကို “အာရှ-ပစိဖိတ် အသိုက်အဝန်း ဘုံသာယာဝပြောမှုလမ်းကြောင်းအား အတူလက်တွဲတည်ဆောက်ခြင်း - မီဒီယာ ဘုံသဘောတူညီမှုနှင့် လက်တွေ့လှုပ်ရှားမှု” ခေါင်းစဉ်ဖြင့် တရုတ်ကွန်မြူနစ် ဗဟိုကော်မတီ ပြန်ကြားရေးဌာန၊ ဆင်ဟွာသတင်းဌာန၊ ကွမ်တုန်းပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူးကျင်းပ၍ ဆန်းကျန့်မြို့ ပြည်သူ့အစိုးရ တာဝန်ယူကျင်းပခြင်းဖြစ်သည်။ ဖိုရမ်သို့ နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့သည်။ ဖိုရမ်တွင် မီဒီယာပေါင်း ၁၆ ခုက အာရှ-ပစိဖိတ် မီဒီယာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အစီအစဉ်ဖြစ်မြောက်ရေးကော်မတီအား အဆိုပြုတည်ထောင်ခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
亚太媒体高端论坛在深圳举办 李书磊出席开幕式并发表主旨演讲
新华社深圳9月5日电(记者冯歆然)亚太媒体高端论坛5日在广东深圳开幕。中共中央政治局委员、中宣部部长李书磊出席开幕式并发表主旨演讲。中共中央政治局委员、广东省委书记黄坤明出席并致辞。
与会嘉宾认为,习近平主席提出构建亚太共同体的重大主张,为共建开放型亚太经济、推动亚太共同繁荣提供了重要指引。今年是亚太经合组织(APEC)“中国年”,中国将举办亚太经合组织第三十三次领导人非正式会议,相信在各方支持下,会议将取得丰硕成果,推动亚太合作迈上新台阶。
与会嘉宾表示,亚太地区的发展合作,离不开亚太媒体的积极参与。要讲好亚太开放融通故事,全方位报道亚太各领域合作进展成效,营造亚太开放发展的良好舆论环境。要积极宣介APEC系列成果,阐释解读各方支持科技创新的政策举措,凝聚亚太创新发展的区域共识。要深入开展联合采访、技术创新、人才培养等务实合作,以媒体交流传承文明、传播文化、传递友好,促进亚太人民相知相亲。
论坛以“共筑亚太共同体繁荣之路:媒体的共识与行动”为主题,由中宣部、新华社、广东省人民政府主办,深圳市人民政府承办。来自40多个国家和地区以及联合国机构、国际组织的400余位代表出席。论坛上中外16家媒体发起成立亚太媒体合作伙伴计划筹委会。(完)
图说:这是9月5日拍摄的亚太媒体高端论坛开幕式现场。新华社记者 梁旭 摄








