“တံခါးဖွင့်လှစ်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း ___ ပိုမိုသာယာဝပြောသော အာရှ-ပစိဖိတ် အသိုက်အဝန်းအား တည်ဆောက်ခြင်း” Think Tank အစီရင်ခံစာကို တွေ့ရစဉ် (ဆင်ဟွာ)
“တံခါးဖွင့်လှစ်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း ___ ပိုမိုသာယာဝပြောသော အာရှ-ပစိဖိတ် အသိုက်အဝန်းအား တည်ဆောက်ခြင်း” Think Tank အစီရင်ခံစာကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ စက်တင်ဘာလ ၅ ရက်တွင် ကျင်းပသည့် အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ်၌ ဆင်ဟွာသတင်းဌာန၏ နိုင်ငံအဆင့် အဆင့်မြင့် ThinkTank ပညာရှင်အဖွဲ့က “တံခါးဖွင့်လှစ်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း - ပိုမိုသာယာဝပြောသော အာရှ-ပစိဖိတ် အသိုက်အဝန်းအား တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့်  Think Tank အစီရင်ခံစာကို ကမ္ဘာတစ်ဝန်းသို့ ထုတ်ပြန်ခဲ့သည်။  

အဆိုပါ အစီရင်ခံစာသည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) တည်ထောင်သည့် နှစ်ပေါင်း ၃၇ နှစ် အတွင်း ရရှိခဲ့သော ဖန်တီးမှုဆိုင်ရာ ရလဒ်များနှင့် သမိုင်းဝင် အောင်မြင်မှုများကို စနစ်တကျ ခြုံငုံသုံးသပ်ထားပြီး လက်ရှိ နိုင်ငံတကာ အခြေအနေအောက်တွင် APEC စီးပွားရေးအုပ်စု ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို နက်ရှိုင်းစွာ ရှင်းလင်းထားကာ ပိုမိုသာယာဝပြောသော အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်း၏ ကျယ်ပြောလှသော အလားအလာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိပ္ပာယ်သက်ရောက်မှုကို အပြည့်အဝ ဖော်ပြထားသည်။

အစီရင်ခံစာက APEC သည် တံခါးဖွင့်မှုရှိသော ဒေသတွင်းဝါဒ အယူအဆကို လက်ကိုင်ထားကာ အဖွဲ့ဝင် စီးပွားရေးအုပ်စုများကြားရှိ နိုင်ငံရေးစနစ်များ၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်များနှင့် လူမှုရေးနှင့် ယဉ်ကျေးမှုစသည့် ကဏ္ဍကွဲပြားမှုများကို အပြည့်အဝ လေးစားလက်ခံကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုဖြင့် အာရှ-ပစိဖိတ်ဒေသအား ကမ္ဘာ့စီးပွားရေး တိုးတက်မှုဗဟိုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်သော ကျောက်ဆူးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အဆင့်မြင့်နေရာ ဖြစ်လာစေရန် တွန်းအားပေးခဲ့ပြီး ကမ္ဘာတစ်ဝန်း အာရုံစူးစိုက်မှုကို ရရှိခဲ့သည့် “အာရှ-ပစိဖိတ် အံ့ဖွယ်မှု” ကို ဖန်တီးခဲ့သည်ဟု ထောက်ပြသည်။

အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အတက်ကြွဆုံး ကဏ္ဍဖြစ်ပြီး APEC ၏ အလုံးစုံစီးပွားရေး တိုးတက်နှုန်းသည် ကမ္ဘာ့ပျမ်းမျှအဆင့်ထက် ကာလကြာရှည်စွာ မြင့်မားနေကာ စားသုံးမှုဈေးကွက်သည် ကြီးမားသောကြောင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြောလှသော ဈေးကွက်အလားအလာကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို အောက်ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://www.xinhuanet.com/20260905/ec230cc16a264017ae984c7f23b26e5f/c.html

...............................

(Chinese Version)

新华社国家高端智库发布《开放、创新、合作——构建更加繁荣的亚太共同体》智库报告

新华社深圳9月5日电 5日在深圳召开的亚太媒体高端论坛上,新华社国家高端智库面向全球发布《开放、创新、合作——构建更加繁荣的亚太共同体》智库报告。报告系统梳理亚太经合组织(APEC)成立37年来取得的开创性成果、历史性成就,深入解析当前国际局势下APEC经济体合作的机遇挑战,全面展现构建更加繁荣亚太共同体的广阔前景和全球意义。  

报告指出,亚太经合组织秉持开放的区域主义理念,充分尊重并包容成员经济体在政治体制、发展水平、社会文化等方面的差异,以务实合作推动亚太地区成为世界经济增长中心、全球发展稳定之锚和合作高地,创造了举世瞩目的“亚太奇迹”。亚太是全球经济最活跃板块,亚太经合组织整体经济增速长期高于全球平均水平、消费市场庞大,为区域贸易、投资合作提供广阔市场空间。

https://www.xinhuanet.com/20260905/ec230cc16a264017ae984c7f23b26e5f/c.html

图说1:这是《开放、创新、合作——构建更加繁荣的亚太共同体》智库报告。新华社记者 陈晔华 摄

图说2:9月5日,嘉宾在亚太媒体高端论坛开幕式主会场外接受媒体关于智库报告的采访。新华社记者 李安 摄