တရုတ်နိုင်ငံ၌ ကျင်းပသော အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ် ကွမ်ကျိုးဖိုရမ်ခွဲမြင်ကွင်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၌ ကျင်းပသော အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ် ကွမ်ကျိုးဖိုရမ်ခွဲမြင်ကွင်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ်တွင် ဆင်ဟွာနိုင်ငံတကာဖြန့်ချိရေး အညွှန်းကိန်း ပလက်ဖောင်းက တရုတ်-အင်္ဂလိပ် ဘာသာစကားနှစ်မျိုးဖြင့် "အာရှ-ပစိဖိတ် အကြောင်းအရာများအား ကောင်းမွန်စွာ တင်ဆက်ခြင်း၊ တရုတ်အဆိုပြုချက်များ ပံ့ပိုးခြင်း - အာရှ-ပစိဖိတ် ဖြန့်ချိရေး အညွှန်းကိန်းကို အခြေခံသည့် APEC ပုံရိပ်ဖော်ညွှန်းရှုမြင်ခြင်း" အစီရင်ခံစာကို တရားဝင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာသည် ဆင်ဟွာနိုင်ငံတကာဖြန့်ချိရေး အညွှန်းကိန်း ပလက်ဖောင်း၏ ဘာသာစကားပေါင်းစုံ ဒေတာအရင်းအမြစ်များနှင့် စမတ်ဆန်းစစ်သုံးသပ်ရေး နည်းပညာများကို အခြေခံထားပြီး လေ့လာရေးကာလမှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အထိ ဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသရှိ ပင်မမီဒီယာ ၂၀၀ ကျော်မှ သတင်းအချက်အလက်နမူနာ နှစ်သိန်းကျော်ကို ရွေးချယ်ကာ ဖြန့်ချိရာ၌ လူကြိုက်များမှု၊ ကျယ်ပြန့်မှု၊ နက်နဲမှုနှင့် သဘောထား ဟူသော အတိုင်းအတာ လေးရပ်မှ အရေအတွက်ဆိုင်ရာ အကဲဖြတ်မှုစနစ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ထို့ပြင် APEC ၏ သဘောတရားများ ဒေသတွင်း ပျံ့နှံ့မှု ရလဒ်များကို စုစည်းထားကာ အာရှ-ပစိဖိတ် မီဒီယာများ၏ ပုံရိပ်ဖော်ညွှန်းမှု ဝိသေသလက္ခဏာနှင့် ဖြန့်ချိသည့် နိယာမများကို ခြုံငုံသုံးသပ်ကာ အခြေအနေသစ်အောက်ရှိ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု၏ လူထုအမြင်ဆိုင်ရာ အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဓမ္မဓိဋ္ဌာန်ကျစွာ ဖော်ပြထားသည်။ (Xinhua)

သတင်းအပြည့်အစုံအား အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

https://www.news.cn/world/20260905/3a74ced2fd864e1a82fb5a774448c595/c.html


--------------------------------------------------------------------------------------

(Chinese Version)

新华国际传播指数平台发布《讲好亚太故事 贡献中国方案》报告

新华社深圳9月5日电(记者王泽君)在5日于广东深圳举办的亚太媒体高端论坛上,新华国际传播指数平台正式发布中英文版《讲好亚太故事 贡献中国方案——基于亚太传播指数的APEC叙事洞察》报告。   

报告依托新华国际传播指数平台多语种数据资源、智能化研判技术,观测周期覆盖2023年至2026年上半年,选取亚太地区200余家主流媒体超20万条信息样本,从传播的热度、广度、深度、态度四个维度构建量化评价体系,梳理APEC理念区域传播成效,归纳亚太媒体叙事特征与传播规律,客观呈现新形势下亚太合作的舆论态势与发展脉络。   

https://www.news.cn/world/20260905/3a74ced2fd864e1a82fb5a774448c595/c.html

图说1:9月3日拍摄的亚太媒体高端论坛广州分论坛现场,分论坛主题为“开放创新合作的亚太发展新机遇”。 新华社记者 高静 摄