ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာတွင် စက်တင်ဘာ ၂ရက် နံနက် ၁၁နာရီခန့်က  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရဉ္ဇရာမြစ်ရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေလျှံမှုကြောင့် ဖောင်ကူးကျေးရွာအတွင်းကို ရေဝင်ရောက်ခဲ့ရာ ကလေးမြို့နယ်မီးသတ်စခန်းက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီက ကလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဥပုသ်ချောင်းရေစီးဆင်းမှုကြောင့် မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ညောင်ပင်သာရပ်ကွက်သို့ ဆက်သွယ်ထားသော သစ်သားတံတားတွင် ရေစီးနှင့်မျောပါလာပြီး ပိတ်ဆို့နေသည့် အမှိုက်များကို ကလေးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)