
ဖူထျန် (ဖူကျန့်)၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူထျန်မြို့ ဟွာလျင်စီးပွားရေးဖွံ့ဖြိုးရေးဇုန်တွင် စက်တင်ဘာ ၄ ရက်က ရေကြီးရေလျှံမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ ၅၀ နီးပါး၏ ထုတ်လုပ်ရေးနှင့် နေထိုင်ရေးနေရာများ ရေကြီးရေလျှံဖြစ်ခဲ့ရသည်။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ဒေသအာဏာပိုင်များက မီးသတ်၊ ဒေသခံမြို့နယ်နှင့် ရပ်ကွက်အာဏာပိုင်များ စသည့် ကယ်ဆယ်ရေးအင်အားစုများစွာကို ချက်ချင်းစုစည်းကာ ရေကြီးရေလျှံမှုဖြစ်ပွားသောနေရာများသို့ သွားရောက်စေခဲ့ပြီး အခက်အခဲကြုံတွေ့နေရသော အလုပ်သမား ၃,၀၀၀ ကျော်ကို ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ (Xinhua)
........................
(Chinese Version)
福建莆田:洪水来袭 紧急转移受困工人
新华社照片,莆田(福建),2026年9月4日
9月4日,受持续强降雨影响,福建莆田华林经济开发区发生严重内涝,园区内近50家企业生产生活区域被淹。险情发生后,当地第一时间统筹消防、属地镇街等多支救援力量赶赴现场,及时将3000余名受困工人转移至安全区域。
图说:9月4日,在福建莆田华林经济开发区,武警官兵转移受困人员。 新华社记者 姜克红 摄








